ဗြိတိန်နိုင်ငံမှာ တတိယမြောက်ချားလ်စ်ဘုရင် နန်းတက်ပွဲမကျင်းပခင် ကြိုတင်ပြင်ဆင်ဂုဏ်ပြုမှုအဖြစ် လယ်ဂိုလန်း ဝင်ဆာရီဆော့ Legoland Windsor Resort ကစားကွင်းမှာ နန်းတက်အခမ်းအနား ပြကွက် ၂ ကွက် ဖန်တီးထားပါတယ်။ ဘုရင်ကြီးနဲ့ ကြင်ယာတော် မိဖုရား ကမ်မီလာ လယ်ဂိုရုပ်တွေလည်း ထည့်သွင်းထားတာပါ။
နန်းတက်ဘုရင်ပဲ ထိုင်လို့ရတဲ့ ထိုင်ခုံမျိုးမှာ ထိုင်ကြည့်နိုင်ဖို့ အခွင့်အရေးရှိပါတယ်။ London Eye လန်ဒန်မျက်လုံး ချားရဟတ်ကြီးရဲ့ လူလိုက်ပါစီးနီးတဲ့ အခန်းတခန်းကို နန်းတက်ပွဲအထူးအစီအစဉ် လုပ်ပေးထားတာပါ။ အဲဒီမှာ ဘုရင်ကြီးထိုင်မယ့် နန်းတက်ထိုင်ခုံနဲ့ ဘုရင်ကြီးရဲ့ ပုံတူသရဖူတခု ထားပေးထားပါတယ်။
အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်နဖူးက ဗာရာဏသီမြို့မှာ အဆောင်အယောင်တွေမပါပဲ လာရောက်နေထိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေ ရှိပါတယ်။ သူတို့က ဇာတိကိုရထားတဲ့ ဒုက္ခဆင်းရဲတွေကနေ ကင်းဝေးချင်ကြလို့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြဖို့ရည်ရွယ်ပြီး ဗာရာဏီသီမြို့မှာရှိတဲ့ ဘိုးဘွားရိပ်သာမှာ တရားကျင့်နေထိုင်ပါတယ်။
ယူကရိန်းသမ္မတ ဗလိုဒီမာဇာလင်းစကီးဟာ သူ့အနေနဲ့ ဗုဒ္ဓဟူးနေ့တုန်းက တရုတ်သမ္မတရှီကျင်းပင်နဲ့ တယ်လီဖုန်းကနေတဆင့် အဓိပ္ပါယ်ပြည့်ဝတဲ့ဆွေးနွေးမှုတွေကို အချိန်အတော်ကြာ ပြောခဲ့တယ်လို့ တွစ်တာလူမှုကွန်ယက်မှာ ဖေါ်ပြခဲ့ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ နိုင်ငံတော်ခရီးစဥ်အဖြစ် အလည်အပတ်ရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုကို လက်ခံတွေ့ဆုံဆွေးနွေးပြီး ခေါင်းဆောင်နှစ်ဦးဟာ သမိုင်းဝင်သဘောတူညီမှုတခုကို ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ကက်သလစ်ဘုန်းတော်ကြီးတွေရဲ့ လာမယ့်အစည်းအဝေးတွေမှာ အမျိုးသမီးတွေကိုမဲပေးခွင့်ပြုဖို့ ပုပ်ရဟန်မင်းကြီး ဖရန်စ္စစ်က ဗုဒ္ဓဟူးနေ့မှာဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။
အိန္ဒိယမှာ လိင်တူလက်ထပ်တာကို တရားဝင်ခွင့်ပြု၊ မပြုအတွက် ဗဟို တရားရုံးချုပ်မှာ ကြားနာနေပြီး ဒါဟာ ကမ္ဘာပေါ်မှာ လက်ရှိအချိန်အထိ လိင်တူလက်ထပ်ခွင့်ပေးတာက ၃၄ နိုင်ငံပဲရှိသေးချိန်မှာ လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံကြီးမှာ လိင်တူလက်ထပ်ခွင့်ကိစ္စ သမိုင်းဝင်ကြားနာဆုံးဖြတ်ဖို့ ရှိနေတာဖြစ်ပါတယ်။
ဆေးခြောက် ၁ ကီလိုဂရမ် ရောင်းဝယ်ဖောက်ကားရာမှာ ပါဝင်ပတ်သက်ခဲ့မှုနဲ့ စင်္ကာပူမှာ ၄၆ နှစ် အရွယ် စင်္ကာပူနိုင်ငံသား တန်ဂါရာဂျူး ဆူပီးယား (Tangaraju Suppiah) ကို သေဒဏ်ပေးလိုက်ပါတယ်။
အိန္ဒိယအရှေ့မြောက် မဏိပူ ပြည်နယ်အုပ်ချုပ်ရေးမှူး Anusuiya Uikey ဟာ အိန္ဒိယမြန်မာနယ်စပ်က နယ်စပ်ခြံစည်းရိုးကာရံမှုအခြေအနေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာတခုဖြစ်တဲ့ IFP သတင်းမှာဖော်ပြပါတယ်။
လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအပါအဝင်၊ ထိုင်း၊ ကမ္ဘောဒီးယား စတဲ့ အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ တတ်သိပညာရှင်တွေ တက်ရောက်တဲ့အကြောင်း အမည်မဖော်လိုတဲ့ အစည်းအဝေးမှာ ပါဝင်တက်ရောက်သူ တဦးက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ အဆောက်အအုံတခုထဲမှာ တနင်္လာနေ့က ပေါက်ကွဲမှု ၂ ခု ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ၅၀ ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူအများစုက ရဲအရာရှိတွေ ဖြစ်ပါတယ်။
ဟားဗတ်တက္ကသိုလ်မှာ ပညာရှင်အဖြစ် လေ့လာဖူးတဲ့ တရုတ် ကွမ်မင်းနေ့စဉ်သတင်းစာ ဒု-အယ်ဒီတာချုပ် ဒေါင်ယု (Dong Yuyu) ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဘေဂျင်းမြို့တော်ကဟိုတယ်တခုမှာ ဂျပန်သံတမန်တဦးနဲ့ တွေ့ဆုံနေ့လယ်စာစားနေတုန်း အဖမ်းခံခဲ့ရပြီး သူလျှိုမှုနဲ့ စွဲချက်တင်ခံထားရကြောင်း မိသားစုက ပြောပါတယ်။
ICC က ဖမ်းဝရမ်းထုတ်ထားတဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် တယောက် ဒီနှစ်နှောင်းပိုင်းထဲမှာ တောင်အာဖရိကကို လာနိုင်ဖွယ် ရှိတဲ့အခြေအနေမှာပဲ တောင်အာဖရိကနိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကနေ နုတ်ထွက်မယ်လို့ ပြောလိုက်ပါတယ်။
တကမ္ဘာလုံးမှာ ရုရှားသမ္မတ Vladimir Putin ကို သဘောမကျသူကတိုးများလာနေတယ်ကြောင်း တိုင်းပြည်ပေါင်း ၁၃၇ ပြည်က လူတွေထောင်ချီပြီး မေးမြန်းခဲ့ရာမှာ တကမ္ဘာလုံးအနေနဲ့ ၅၇ ရာနှုန်းက သဘောမကျဘူးလို့ပြောခဲ့ကဲတယ်လို့ လူထုသဘောထား စစ်တမ်းလေ့လာတဲ့အဖွဲ့က လေ့လာချက် စာတမ်းကို အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မာဗယ်လူစွမ်းကောင်း ရုပ်ရှင်ကားသစ် “Guardians of the Galaxy” နဂါးငွေ့တန်းကို စောင့်ရှောက်သူများ ၃ ကားမြောက်ရုပ်ရှင် ဥရောပမိတ်ဆက်ပွဲကို ပြင်သစ်နိုင်ငံ ပါရီ ဒစ္စနီကစားကွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပသွားပါတယ်။
အိန္ဒိယနိုင်ငံဟာ အခုဧပြီလကုန်မှာ အိန္ဒိယရဲ့လူဦးရေဟာ ၁.၄၂၅ ဘီလီယံအထိရှိလာဖို့ ခန့်မှန်းထားလို့ တရုတ်ပြည်မကြီးရဲ့လူဦးရေကို ကျော်လွန်သွားမှာဖြစ်ကြောင်း ကုလသမဂ္ဂစီးပွားရေးနဲ့ လူမှုရေးရေးရာဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ ကိုဗစ်ကပ်ရောဂါကြောင့်ကျဆင်းခဲ့ရတဲ့ ကလေးကာကွယ်ဆေးပုံမှန်ထိုးခြင်းလုပ်ငန်းကို တဖန်ပြန် အရှိန်မြှင့်တင်နိုင်ရေး စီမံချက်တခုကို ဧပြီ ၂၄ ရက်က စတင်လိုက်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းဟာ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့နဲ့တွေ့ဆုံခဲ့ပြီး တနင်္လာနေ့ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွါသွားပါပြီ။
ဆူဒန်မှာ စစ်ဖြစ်နေကြတဲ့စစ်ခေါင်းဆောင်နှစ်ဦးက အင်္ဂါနေ့မှာစတင်ပြီး ၃ ရက်ကြာ အပစ်ရပ်စဲရေးသဘောတူညီလိုက်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်က ပြောပါတယ်။
ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ရေးအသုံးစရိတ်ဟာ ၈ နှစ်ဆက်တိုက် တိုးလာခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ စံချိန်တင်အမြင့်ဆုံးဒေါ်လာ ၂.၂၄ ထရီလီယံအထိ ရှိလာတယ်လို့ လေ့လာစောင့်ကြည့်နေတဲ့ ဆွီဒင်နိုင်ငံအခြေစိက် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအင်စတီကျုအဖွဲ့ရဲ့ တနင်္လာနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်