အီရန်နိုင်ငံအနှံ့က အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ထောင်သောင်းချီ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ဒါမှမဟုတ် ပြစ်ဒဏ်လျှော့ပေါ့ခွင့်ပေးဖို့ နိုင်ငံဥသျှောင် Ayatollah Ali Khamenei က တနင်္ဂနွေနေ့မှာ အမိန့်ပေးလိုက်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။
မြန်မာနိုင်ငံကို ရောက်နေတဲ့ ဂျပန်နိုင်ငံနိပွန်ဖေါင်ဒေးရှင်း ဥက္ကဌ ယိုဟေး ဆာဆာကာဝါ (Yohei Sasakawa) ဟာ စနေနေ့က ရခိုင်တပ်ဖွဲ့ AA ရဲ့နိုင်ငံရေးမှုး ဦးဦးလှစောနဲ့ တွေ့ဆုံခဲ့ပြီးလက်ရှိအပစ်ရပ် အခြေနေတည်မြဲစေချင်ကြောင်း ပြောကြားခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ၂ ပြည့်၊ အမေရိကန် ဝါရှင်တန်ဒီစီအပါအဝင်ကမ္ဘာ့မြို့ကြီး အသီးသီးမှာ အဝေးရောက်မြန်မာ့အရေးလှုပ်ရှားသူတွေက စနေနေ့မှာဆန္ဒပြခဲ့ကြပြီး အာဏာသိမ်းစစ်ကောင်စီ ကိုပိုမိုဖိအားပေး ဒါဏ်ခတ်အရေးယူဖို့နဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ပိုမိုထောက်ခံကူညီကြဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်နဲ့ ဆက်လက် ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆက်လက် ထောက်ပံ့ကူညီမယ့် အကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိသူတွေက သောကြာနေ့မှာ ကတိပြုလိုက်သလိုဘဲ အမေရိကန်ကလည်း နောက်ထပ် ဒေါ်လာ ၂ ဘီလျံကျော် လုံခြုံရေးဆိုင်ရာ ကူညီထောက်ပံ့မှုကို ကြေညာခဲ့ပါတယ်။
အမေရိကန် ဝေဟင်ပိုင်နက်အတွင်းမှာ တရုတ် မိုးပျံပူပေါင်းကြီးတလုံး ပျံသန်းနေတာကို တွေ့ရှိပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ ဘေဂျင်းမြို့တော်ခရီးစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အမေရိကန်ရဲ့စိုးရိမ်ချက်တွေကို Blinken က တရုတ်တာဝန်ရှိသူကို ပြောကြားခဲ့ပါတယ်။
နာဇီဝါဒသစ်ကို ကိုင်စွဲဖို့လုပ်နေတယ်လို့ ရုရှားသမ္မတက စွပ်စွဲနေတဲ့ ယူကရိန်းကို တချိန်က နာဇီဂျာမနီကို အောင်နိုင်သလို အောင်ပွဲခံနိုင်မှာဖြစ်ကြောင်း ရုရှားသမ္မတက ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ပန်ဆယ်လ်ဗေးနီးယားပြည်နယ် အနောက်ပိုင်းမြို့လေးက Groundhog နေ့ အခမ်းအနားမှာတော့ Groundhog ပွေးကောင်လေးက ဆောင်းရာသီဟာ သီတင်းပတ် ၆ ခု ပိုပြီး ရှည်လျားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ Punxsutawney Phil လို့ နာမည်ပေးထားတဲ့ ပွေးကောင်လေးကို သစ်ခေါင်းထဲက ခေါ်ထုတ်ပြီး မေးမြန်းလေ့လာကြတာပါ။
အနောက်ဥရောပနိုင်ငံတွေဟာ စစ်မက်ဖြစ်ပွားနေတဲ့ဒေသတွေကို လက်နက်ပေးပို့တာ အပေါ် ဆန့်ကျင်တဲ့မူဝါဒကို မနှစ် ၂၀၂၂ ခုနှစ် ထိ ကာလရှည်ကြာကိုင်ဆွဲခဲ့ကြပေမဲ့ ယူကရိန်းကို ရုရှားကကျူးကျော်ခဲ့ပြီးနောက်မှာတော့ ဒါဟာ တမုဟုတ်ချင်း ပြောင်းလဲခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်း ၂ နှစ်ပြည့်အချိန်မှာပဲ မြန်မာနိုင်ငံက အခြေအနေတွေဟာပုံမှန်ပြန်လည် မရောက်ရှိသေးတဲ့အတွက်ဆိုကာ အရေးပေါ်အခြေအနေကို နောက်ထပ် ၆ လ တိုးချဲ့လိုက်ကြောင်း စစ်ကောင်စီက ကြေညာလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဒီကနေ့ထိ အရပ်သား ၃,၀၀၀ လောက် သေဆုံးစေခဲ့ပြီး နိုင်ငံတဝန်း ကျေးရွာတွေ၊ ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီးမှုတွေအတွက် စစ်တပ်ဘက်က တာဝန်ယူတာဝန်ခံမှုရှိလာစေရေး နိုင်ငံတကာကဆောင်ရွက်ကြဖို့ အမေရိကန် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် USCRIF က ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းထားပါတယ်။
“ ရုရှားနဲ့မြန်မာပူးပေါင်းဆောင်ရွက်နေမှုကိုထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ရုရှားဟာ မဟာမိတ်နိုင်ငံတွေ နည်းလာနေချိန်မှာ မြန်မာစစ်ကောင်စီဟာ ရုရှားအတွက်အားထားရတဲ့ မဟာမိတ်ဖြစ်လာပါတယ်။” အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet
မြန်မာစစ်ကောင်စီဟာ ဥပဒေနဲ့မညီသလို တရားလည်းမဝင်ဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ကပြောဆိုလိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံတကာကထောက်ခံကြဖို့ အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းက ဗလီတခုမှာ တနင်္လာနေ့က အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူအနည်းဆုံး ၁၀၀ ထိ ရှိသွားပြီး အသေခံဗုံးခွဲသမားက ဝတ်ပြုသူတွေရဲ့ရှေ့ဆုံးတန်းမှာရပ်ပြီး ဗုံးဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ၂ နှစ်တာကာလအတွင်း သတင်းလွတ်လပ်ခွင့်ဟာ ဆိုးဆိုးရွားရွားကျဆင်းသွားကြောင်းနဲ့ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ သတင်းထောက်အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က စစ်အာဏာသိမ်း ၂ နှစ်ပြည့်မှာ တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့ဖလားလက်ခံကျင်းပခဲ့တဲ့ ကာတာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံတွေအနေနဲ့ သေဆုံးရမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပေးဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက စစ်အာဏာသိမ်း ၂ နှစ်ပြည့်တဲ့အချိန် အင်္ဂါနေ့မှာ မြန်မာစစ်ကောင်စီရဲ့ စွမ်းအင်ကဏ္ဍက အရာရှိတွေ၊ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အခြားလူပုဂ္ဂိုလ်တွေကို ထပ်မံ ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။
အဲမရိတ်စ်လေကြောင်းလိုင်းဟာ အင်ဂျင်တလုံးကို ရေရှည်တည်တံ့တဲ့ လောင်စာ သက်သက်ပဲ အသုံးပြုပြီး အစမ်းပျံသန်းခရီးစဉ် အောင်အောင်မြင်မြင် လုပ်ပြနိုင်ခဲ့ပါတယ်။
ပါကစ္စတန် အနောက်မြောက်ဘက်က ဗလီကျောင်းတခုမှာ တနင်္လာနေ့က လူတွေပြည့်နေချိန် အင်အားပြင်းဗုံးတလုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၆၁ ယောက် သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးလွတ်လပ်ခွင့်တွေမရှိဘဲ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် မတည်မငြိမ်အခြေအနေတွေ ပိုဆိုးလာနိုင်ကြောင်း ကုလသမဂ္ဂအကြီးအကဲက သတိပေးလိုက်ပါတယ်။
ဂျပန်နိုင်ငံကခရီးသွားတွေကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးတဲ့အစီအစဉ်ကို တနင်္ဂနွေနေ့မှာ ပြန်စမယ့်အကြောင်း တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်