အမေရိကန်ကကြောထောက်နောက်ခံပေးထားတဲ့ Radio Free Europe နဲ့ Radio Liberty ကို ရုရှားက မမှန်မကန်သတင်းလွှင့်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့အမေရိကန်ဒေါ်လာ ၃ သိန်း ၂ သောင်း ၅ ထောင်နဲ့ညီမျှတဲ့ ရုရှားရူဘဲငွေသန်း ၂၀ ပေးဆောင်ဖို့ရုရှားက ပစ်ဒါဏ်ချမှတ်ထားကြောင်း Interfax သတင်းဌာနက တနင်္လာနေ့တုန်းကဖေါ်ပြပါ တယ်။
မြန်မာစစ်ကောင်စီကို တရားမဝင်အစိုးရအဖြစ် ရန်ကုန်ပြင်သစ်သံရုံးက ဖေါ်ပြချက်နဲ့ ပတ်သက်ပြီး စိတ်ဆိုးဒေါသထွက်ရကြောင်း နဲ့ ဒါဟာ ၂ နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း စစ်ကောင်စီက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်သတိပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ ဇွန်လ ၇ ရက် နေ့ကနေ ၁၄ ရက်နေ့အထိ ထိုင်း၊ စင်္ကာပူ၊ ဘရူနိုင်း နိုင်ငံတွေသွားရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိရေးအပါအဝင်၊ အာစီယံအမေရိကန် ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်တွေကိုဆက်လက်အကောင်အထည်ဖေါ်ဖို့ဆွေးနွေးသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို စစ်ကောင်စီကပါ အတည်ပြုခဲ့တာနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန် အပြစ်တင်တယ်လို့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတဲ့အခြေအနေအပေါ် စိုးရိမ်ကြောင်း Australia ဝန်ကြီးချုပ် Anthony Albanese က အင်ဒိုနီးရှားနိုင်ငံခရီးစဉ်မှာပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်တွေက တနင်္လာနေ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း မြေပြင်ကနေ မြေပြင်ပစ် ပဲ့ထိန်းတပ်ဒုံးကျည် ရှစ်စင်းကို ပစ်လွှတ်လေ့ကျင့်ခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံ၊ နော်မန်ဒီက အိုမာဟာကမ်းခြေမှာ အရုဏ်ကို ကြည့်ရှုရင်း ၇၈ နှစ်မြောက် ကမ်းခြေတက်အောင်ပွဲ (ဒီဒေး) ကို ဒီနေ့ တနင်္လာနေ့မှာ ဆင်နွှဲခဲ့ကြပါတယ်။
ဗြိတိန်မှာ ကိုဗစ် Lockdown တွေချမှတ်ထားချိန် အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ အစိုးရတာဝန်ရှိသူတွေ ပါတီတွေလုပ်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ဟာ ဒဏ်ငွေအရိုက်ခံရပြီးပေမယ့် အခု လွှတ်တော်မှာ အယုံအကြည်ရှိမရှိ မဲခွဲဆုံးဖြတ်ခံရမှာဖြစ်ပါတယ်။
ယူကရိန်းပြဿနာကို သံတမန်ရေး အဖြေရှာနိုင်အောင် ရုရှားသမ္မတ Vladimir Putin အရှက်ရအောင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက မလုပ်ကြဖို့ ပြင်သစ်သမ္မတ Emmanuel Macron ရဲ့ တိုက်တွန်းချက်ကို ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ဝေဖန်ပြစ်တင်လိုက်ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲ ဒီနေ့ သောကြာနေ့မှာ ရက်ပေါင်း ၁၀၀ ပြည့်သွားချိန် သမ္မတ Zelensky က ပြောကြားခဲ့ပါတယ်။
ဗြိတိန်ဘုရင်မကြီးရဲ့ နန်းသက် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားတွေကို ဗြိတိန်နိုင်ငံမှာ ဒီနေ့ ဒုတိယမြောက်နေ့အဖြစ် ကျင်းပနေပါတယ်။
မလေးရှားနိုင်ငံမှာ ကြက်သားဈေးနဲ့ ကြက်သား ထုတ်လုပ်မှု မတည်ငြိမ်မချင်း တလကို ကြက်ကောင်ရေ ၃.၆ သန်းတင်ပို့မှုကို မလေးရှားအစိုးရက ပိတ်ပင်ထားတာကြောင့် အိမ်နီးချင်း စင်္ကာပူနိုင်ငံက ဈေးတချို့နဲ့ ဆူပါမားကက်တချို့က ကြက်သားတန်းတွေမှာ ကြက်သားတွေ ပြတ်နေတယ်လို့ စင်္ကာပူကလာတဲ့သတင်းတွေက ဖော်ပြနေကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အသက် ၅ နှစ်အောက် ကလေးငယ်တွေကို ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို ဇွန်လ ၂၁ ရက် အစောဆုံးထားပြီး ထိုးခွင့်ပြုနိုင်တယ်လို့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ အိမ်ဖြူတော်တာဝန်ရှိသူက ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
အေမေရိကန်ပြည်ထောင်စုနဲ တိုင်ဝမ်ကြား ကုန်သွယ်ရေးစာချုပ်တခုကို ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒေသတွင်း တရုတ်တို့ရဲ့စီးပွါးရေးလွှမ်းမိုးကို တန်ပြန်ဆောင်ရွက်တဲ့အနေနဲ့ တရုတ်က သူပိုင်အဖြစ်ပြောဆိုနေတဲ့ တိုင်ဝမ်နဲ့ စီးပွါးရေးအရပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အမေရိကန်က ခုလို လက်မှတ်ထိုးလိုက်တာပါ။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Sievierodonetsk မြို့ကို ဗုဒ္ဓဟူးနေ့မှာ လက်နက်ကြီးတွေ နဲ့ အဆက်မပြတ် တိုက်ခိုက်နေပြီး Luhansk ဒေသ အုပ်ချုပ်ရေးမှူးကတော့ လက်ရှိမှာ မြို့ရဲ့ ၇ဝ ရာခိုင်နှုန်းကို ရုရှားတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာ ဝန်ခံပြောဆိုလိုက်ပါတယ်။
လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ စီးပွါးရေး အကျပ်အတည်းတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေပို ဆိုးရွားလာတာတဲ့အတွက် ဆင်းရဲမွဲတေမှု သတ်မှတ်အဆင့်အောက်ရောက်သွားတဲ့ လူဦးရေ ၁၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။
“ ၉ ယောက် ဒဏ်ရာရတယ်။ အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၄ယောက်၊ အမျိုးသားအားလုံးက အပြင်းထန်ဒဏ်ရာမဟုတ်ဘူး။ စိုးရိမ်စရာမရှိဘူး။ အမျိုးသမီး ၄ ယောက်မှာ အပြင်းထန်ဒဏ်ရာရတယ်။ အပြင်းထန်ဒဏ်ရာရပြီးတော့ တယောက်ကတော့ ဆုံးသွားတယ်ဗျ။ အဲ့မှာ ပြင်ဦးလွင် စစ်ဆေးရုံရောက်တဲ့ အချိန်မှာ အသက်မပါတော့ဘူး။“ (လူမှုကူညီရေးအသင်း)
ရုရှားကျူးကျော်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းကို ပိုပြီး အဆင့်မြင့်တဲ့ ဒုံးစနစ်တွေနဲ့ ခဲယမ်းမီးကျောက်တွေကို ထောက်ပံ့ပေးသွားဖို့ ဆုံးဖြတ်ထားတယ်လို့ သမ္မတ Joe Biden က အင်္ဂါနေ့က ပြောပါတယ်။
မြန်မာအပါအဝင် တကမ္ဘာလုံးက စာသင်ကျောင်းတွေမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကြောင့် ဆရာနဲ့ကျောင်းသားတွေ စုစုပေါင်း ၉ ထောင်ကျော် ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေရှိခဲ့တယ်လို့ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာညွန့်ပေါင်းအဖွဲ့ (GCPEA) က ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern တို့က မြန်မာနိုင်ငံမှာ အာဏာသိမ်းတာနဲ့ အရပ်သားတွေအပေါ် စစ်တပ်က တိုက် ခိုက်နေတာတွေကို ရှုတ်ချလိုက်ကြ ပါတယ်။
နောက်ထပ်ကြည့်ရှုရန်