ယူကရိန်းကို ရုရှားတို့ မကျူးကျော်ခင် ကာလတုန်းက ဥရောပတိုက်ရဲ့ ဖိအားများလှတဲ့ စွမ်းအင်မူဝါဒ ရည်မှန်းချက်ဟာ ကမ္ဘာ့ပူနွေးမှုဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းပြီး ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ဖော်ဆောင်ဖို့ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၂၀ က ဒီကနေ့ကျရောက်တဲ့ တပ်မတော်နေ့မှာ တိုက်တွန်း တောင်းဆိုလိုက်ကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့တုန်းက တောတောင်ထူထပ်ရာ တရုတ်နိုင်ငံတောင်ပိုင်း Wuzhou မြို့အနီး ပျက်ကျခဲ့တဲ့ လေယာဉ်မှာ လိုက်ပါသွားတဲ့ လေယာဉ်ဝန်ထမ်းနဲ့ ခရီးသည် ၁၃၂ ဦးလုံး သေဆုံးသွားခဲ့ကြောင်း စနေနေ့မှာ တရုတ် အရပ်ဘက် လေယာဉ်ပျံသန်းမှုဆိုင်ရာ တာဝန်ရှိသူတွေက အတည်ပြု ကြေညာလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးလ်-အာရပ် ညီလာခံ တက်ရောက်ဖို့ စနေနေ့မှာ အစ္စရေးလ်ကို ရောက်ရှိသွားပါပြီ။
အာဖဂန်နစ္စတန်နိုင်ငံမှာ ဆယ်ကျော်သက်ရွယ် မိန်းကလေးငယ်တွေကို ပညာသင်ခွင့်မပေးဖို့ ဆုံးဖြတ်ချက်ကို တာလီဘန်တွေအနေနဲ့ မကြာမီ ပြန်လည်ပြင်ဆင်ဖို့ မျှော်လင့်ကြောင်း အာဖဂန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Thomas West က စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
အီရန် နျူကလီးယားအရေး သဘောတူညီချက်ပြန်ရဖို့ နီးစပ်နေပြီလို့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က စနေနေ့မှာ ပြောလိုက်ပါတယ်။
ကမ္ဘာတလွှား နောင်မျိုးဆက်တွေအတွက် ဒီမိုကရေစီကို ကာကွယ်နိုင်ဖို့ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုကို အနောက်နိုင်ငံတွေက အကာအကွယ်ပေးဖို့ အရေးကြီးကြောင်း စနေနေ့က ပိုလန်နိုင်ငံကို ရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီကနေ့ ပိုလန်နိုင်ငံ၊ ဝါဆောမြို့တော်မှာ ရောက်နေပြီး ရုရှားကျူးကျော်စစ်အရေး သမ္မတ Andrzej Duda အပါအဝင် ပိုလန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ ဒိုဟာဖိုရမ်မှာ ထင်မှတ်မထားဘဲ ဒီကနေ့ မိန့်ခွန်းပြောခဲ့ပါတယ်။
စစ်အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်နေ့အထိဆိုရင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေ စစ်ကောင်စီ လက်ချက်ကြောင့် အကြောင်းအမျိုးမျိုးနဲ့ သေဆုံးရသူပေါင်း ၁,၇၀၄ ယောက်ရှိပြီလို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ AAPP က ထုတ်ပြန်ထားပါတယ်။
ရုရှားနိုင်ငံကနေ သဘာဝဓာတ်ငွေ့ဝယ်တဲ့ ဥရောပနိုင်ငံတွေ ရူဘယ်လ်ငွေနဲ့ ပေးချေရမယ်လို့ သမ္မတ ဗလာဒီမီယာ ပူတင်က တောင်းဆိုတာကို ပြင်သစ်သမ္မတ Emmanuel Macron က သောကြာနေ့မှာ ပယ်ချလိုက်ပါတယ်။
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနဲ့ ကာကွယ်ရေးနည်းပညာဌာန အကြီးအကဲ ဗိုလ်မှူးချုပ်ကိုကိုဦး၊ နေပြည်တော် စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ၆၆ ခြေမြန်တပ်မဌာနချုပ်၊ စီးပွားရေး လုပ်ငန်းရှင် သုံးဦးနဲ့ သူတို့ပိုင် စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်ပြည်ထောင်စုက ဒီကနေ့ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ သဘောတူညီ ချက်တွေကို လိုက်နာဖို့ ပျက်ကွက်နေတာတွေအပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမယ့်အကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar တို့ နယူးဒေလီမြို့တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြတာဟာ ၂၀၂၀ ခုနှစ် နှစ်နိုင်ငံနယ်ခြားပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အိမ်နီးချင်းနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှုဖြစ်ပါတယ်။
ဂျပန် စွမ်းအင်ကုမ္ပဏီ Eneos က မြန်မာနိုင်ငံ၊ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ထည့်ဝင်ထားတဲ့ ကုမ္ပဏီအစုရှယ်ယာတွေကို ပြန်ရုပ်သိမ်းဖို့ ရည်ရွယ်ထားတယ်လို့ ကုမ္ပဏီပြောခွင့်ရက ဒီကနေ့ပြောပါတယ်။
ရုရှားနယ်စပ်နဲ့နီးတဲ့ ယူကရိန်းမြို့ ကာကိဗ်က သားဖွားစင်တာအခြေအနေကို ကမ္ဘာကသိဖို့ နာမည်ကျော်အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင် ဒေးဗစ်ဘက်ခမ်း လုပ်ပေးခဲ့ပါတယ်။ ပရိသတ် သန်း ၇၀ ကျော်ရှိတဲ့ သူ့ရဲ့ အင်စတာရမ်စာမျက်နှာကနေ အဲဒီက အခြေအနေတွေကို လူသိအောင် ပြသခဲ့တာပါ။
မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်အသစ်တစင်း ဒီနေ့ စမ်းသပ်ပစ်လွှတ်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရှုတ်ချလိုက်ပြီး မြောက်ကိုရီးယားအစိုးရအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ခဲ့တဲ့ အပေါ် တာဝန်ယူမှုရှိစေဖို့အတွက် နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
လူထုကြားကြောက်စိတ်ဝင်လာအောင် စနိုက်ပါသုံးပစ်ခတ်တာ၊ စစ်ပွဲတွေမှာကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတွေမပါတဲ့ ညွန်ကြားချက်တွေ စစ်သားတွေကိုထုတ်ပေးပြီး စစ်ခေါင်းဆောင်တွေက ရာဇဝတ်မှုတွေ ကျူးလွန်ခိုင်းခဲ့တယ်လို့ Fortify Rights နဲ့ Yale တက္ကသိုလ် ဥပဒေဌာန ပူးတွဲ အစီရင်စာမှာဖော်ပြပါတယ်။
ရေတိုနဲ့ ရေရှည် တုံ့ပြန်ချက်တွေ ဘယ်လို လုပ်ဆောင်မလဲဆိုတာ မြောက်အတ္တလန်တိတ်စာချုပ် NATO မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေ ဒီကနေ့ Brussels မြို့မှာ တွေ့ ဆုံ ဆွေးနွေးနေကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစင်းကို ဒီနေ့ ကြာသပတေးနေ့မှာ စမ်းသပ်ပစ်လွှတ်လိုက်ပုံရတယ်လို ဂျပန်နဲ့ တောင်ကိုရီးယားအစိုးရတွေက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်