သမတဟောင်း ဒေါ်နယ်ထရန့်ရဲ့ အိမ်ကနေ သိမ်းဆီးခဲ့တဲ့ စာရွက်စာတမ်း တွေထဲမှာ ပုံး ၁၄ လုံးစာဟာ ကန့်သတ်အဆင့်အတန်း မှတ်တမ်းတွေပါဝင်နေပြီး၊ အဲဒီအထဲမှာ လျို့ဝှက်အဖြစ်သတ်မှတ်ထားတဲ့ အထောက်အထား မှတ်တမ်းတွေပါဝင်နေတယ်လို့ FBI ကသောကြာနေ့မှာ ထုတ်ပြန်တဲ့ ဝန်ခံထွက်ဆိုချက်ထဲမှာဖေါ်ပြထားပါတယ်။
ဘော်တစ်ဒေသနိုင်ငံတခုဖြစ်တဲ့ လက်ဗီးယားနိုင်ငံ မြို့တော် ရီကာမှာရှိတဲ့ ၂၅၉ ပေအရှည် ဒုတိယကမ္ဘာစစ်အထိမ်းအမှတ် ကျောက်တိုင်ကို သြဂုတ်လ ၂၅ ရက်နေ့က ဖျက်ဆီးပစ်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ ၃၁နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က Central Park စင်ထရယ်ပန်းခြံကြီးထဲမှာ သြဂုတ်၂၄ရက် ဗုဒ္ဓဟူးနေ့က ရာနဲ့ချီတဲ့သူတွေစုဝေးပြီး ဧရာမယူကရိန်းအလံကြီးကို ဖြန့်ကျက်ခဲ့ကြပါတယ်။
ရာထူးကအနားယူတော့မယ့် ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကို ယူကရိန်းနိုင်ငံရဲ့ အမြင့်ဆုံး လွတ်လပ်ရေးဆုတခုဖြစ်တဲ့ "Order of Liberty"ဆု သမ္မတဗလော်ဒိုမှာဇလန်းစကီးက သြဂုတ် ၂၄ရက် ဗုဒ္ဓဟူးနေ့မှာ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
နွေရာသီမိုးခေါင်လို့ ကမ္ဘာတလွှားနေရာစုံမှာ ရှေးဟောင်းပစ္စည်းတွေ ပေါ်လာတာ တွေ့နေရပါတယ်။ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှတော့ ဒီနှစ်မှာ ပေါ်လာတဲ့ ပစ္စည်းတွေထဲ သက်တမ်းအရင့်ဆုံးက ဒိုင်နိုဆောခြေရာတွေပဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ကိုဆန့်ကျင်သူတွေ ပုံစံဆန်းဆန်းပြားပြားနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ဓာတ်ပုံကို မီးရှို့ပြီး ကျိန်စာတိုက်ခဲ့ကြတာပါ။ ဝန်ကြီးချုပ်သက်တမ်းပြည့်လို့ နှုတ်ထွက်ဖို့ တောင်းဆိုကြတာဖြစ်ပြီး သက်တမ်းပြည့်မပြည့်ဆိုတာ အငြင်းပွားဖွယ် ဖြစ်နေပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ် အများအပြားဟာ ကျောင်းမတက်နိုင်တာမျိုး ဒါမှမဟုတ်လည်း အပြည့်အ၀ ပညာသင်ကြားခွင့် မရခဲ့ကြပါဘူး။ နောက်ဆုံးမှာ စခန်းတွင်းက ကလေးငယ်တွေ အားလုံး အတွက်ပါ တိုးချဲ့နိုင်ရေး အာဏာပိုင်တို့က ပြီးခဲ့တဲ့လ အတွင်းမှာပဲ ခွင့်ပြုပေးလိုက်ပါပြီ။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
ယူကရိန်းစစ်ပွဲ ဂယက်ကြောင့် လောင်စာဆီဈေးတွေ ထိုးတက်လာနေတဲ့အပေါ် စိုးရိမ်မှုတွေတိုးလာနေချိန်မှာ လ ျှပ်စစ်ဓာတ်အားခြွေတာတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်က စာသင်ကျောင်းတွေကို အပတ်စဉ် တရက်လေ ျှာ့ဖွင့်မှာဖြစ်သလို အစိုးရရုံးတွေနဲ့ ဘဏ်တွေကိုလည်း အလုပ်ချိန်တနာရီလေ ျှာ့ ချတော့မှာဖြစ်ပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ခင်ပွန်းဖြစ်သူ Paul Pelosi ကို ကယ်လီဖိုးနီးယားပြည်နယ် Napa ကောင်တီ အထက်တရားရုံးက ထောင်ဒဏ် ၅ရက်ချမှတ်ခဲ့သလို ၃ နှစ်စောင့်ကြည့်ခံဖို့လည်း အမိန့်ချမှတ်လိုက်ပါတယ်။
ကမ္ဘာကြီးပူနွေးလာတာကို အခုနှစ်ပိုင်းတွေမှာ ပိုတွေ့လာရပြီး ကမ္ဘာတဝန်း တချို့အပိုင်းတွေမှာ မိုးကြီးရေလျှံနေသလို တချို့အပိုင်းတွေမှာတော့ မိုးခေါင်ပြီး မြစ်ချောင်းအင်းအိုင်တွေ ခန်းခြောက်လာရပါတယ်။
မုတ်သုန်ရာသီကျရောက်နေတဲ့ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသည်းထန်လို့ မြစ်တွေရေလျှံပြီး မြို့ရွာတွေ ရေဖုံးလွှမ်းခဲ့ပါတယ်။ ရေဘေးကြောင့် လူသေဆုံးမှု ဆယ်ဂဏန်းရှိပြီး ရေပတ်လည်ဝိုင်းပြီး ထွက်မရ ဖြစ်နေသူတွေကို ကယ်ဆယ်နိုင်ဖို့ အထူးကြိုးစားနေကြရပါတယ်။
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တော်မှာ ဘီးတပ်ကုလားထိုင်အသုံးပြုသူတွေဟာ သူတို့အတွက်ပိုပြီးအသုံးပြုရလွယ်တဲ့ လမ်းတွေနဲ့ ပလက်ဖောင်းတွေကို ဆောက်လုပ်ပေးဖို့ သြဂုတ်လ ၂၁ရက် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။
တရုတ်နိုင်ငံ အနောက်တောက်ပိုင်း ချုံချင်းမြို့မှာ မိုးခေါင်ပြီး ယန်ဇီမြစ်ရေခန်းလာလို့ ရေအောက်မြုပ်နေတဲ့ ကျောက်သားကျွန်းလေးပေါ်က ဗုဒ္ဓရုပ်ပွားတော်တွေ ရေပေါ်ပေါ်လာပါတယ်။ နှစ် ၆၀၀ သက်တမ်းရှိပြီလို့ ယူဆရပြီး ရေလယ်ကျွန်းကတော့ မင်မင်းဆက်နဲ့ ချင်မင်းဆက်က ဆောက်လုပ်ထားခဲ့တယ်လို့ သတ်မှတ်ထားတာပါ။
အမေရိကန်ပြည်ထောင်စု၊ အရှေ့ခြမ်း နယူးဂျာစီပြည်နယ်မှာ ဒီနှစ်နွေရာသီမီးပုံးပျံပွဲတော်မှာ ပုံစံမျိုးစုံ မီးပုံးပျံအလုံး ၁၀၀ ပါဝင်လွှတ်တင်ပါတယ်။ ကောင်းကင်ပြာပြာနောက်ခံမှာ အရောင်အသွေးစုံ၊ ပုံစံစုံနဲ့ မီးပုံးပျံတွေ တွေ့ရမှာဖြစ်ပြီး ပင်ဒါဝက်ဝံလေးရယ်၊ သြစတေးလျက တက်စ်မေးနီးယား ဒဗယ်လ်ကောင်လေးလည်း ပါဝင်ပါတယ်။
အကြမ်းဖက်မှု စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ကို အစိုးရအနေနဲ့ ဖမ်းဆီးတာ မလုပ်ဖို့ တရားရုံးကနေ တနင်္လာနေ့က တားမြစ်လိုက်ပါတယ်။
ထင်ရှားတဲ့ ရုရှား အမျိုးသားရေး ဝါဒီရဲ့ သမီးဖြစ်သူ သေဆုံးခဲ့ရတဲ့ ကားဗုံးကွဲမှုဟာ ယူကရိန်း ထောက်လှမ်းရေးဌာနရဲ့ လက်ချက်ဖြစ်တယ်လို့ ရုရှားရဲ့ ထိပ်တန်း တန်ပြန်ထောက်လှမ်းရေး ဌာနက တနလာၤနေ့မှာ ပြစ်တင် ပြောဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံနိုင်ရေး အတွက် တနလာၤနေ့မှာဘဲ ဘင်္ဂလားဒေရှ့် နိုင်ငံ ကို ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ စမစ်ဆိုနီယမ်အမျိုးသားတိရစ္ဆာန်ဥယျာဉ်က ပန်ဒါဝက်ဝံအထီးကလေး ရှောင်ချိကျီဟာ သူရဲ့ ၂နှစ်မြောက်မွေးနေ့ကို သြဂုတ် ၂၁ရက် တနင်္ဂနွေနေ့က လာရောက်ကြည့်ရှုသူတွေနဲ့အတူ ဆင်နွှဲခဲ့ပါတယ်။
ရုရှားအမျိုးသားရေးအစွန်းရောက်ဝါဒီတစ်ဦးရဲ့ သမီးဟာ ကားဗုံးလို့ယူရတဲ့ပေါက်ကွဲမှုကြောင့် မော်စကိုမြို့အပြင်ဘက်တနေရာမှာ သြဂုတ်လ ၂၀ရက်နေ့က သေဆုံးသွားကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးအရာရှိတွေကဆိုပါတယ်။
အမျိုးသားတွေ လိင်တူဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်မယ့်အကြောင်း စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong ကပြောဆိုလိုက်ပေမဲ့ အမျိုးသမီးနဲ့ အမျိုးသားကြားမှာသာ တရားဝင် ထိမ်းမြားလက်ထပ်ခွင့် သတ်မှတ်ချက်ကတော့ အပြောင်းအလဲ ရှိမှာမဟုတ်ကြောင်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်