ဇူလိုင် ၁၀၊ ၂၀၁၆ - ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက်ရဲ့ ညွန်ကြားရေးမှူး မစပယ်ဖြူ CEDAW ညီလာခံတက်ဖို့ မသွားခင်မှာ ကိုသားညွှန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။
သမဂ္ဂအဆောက်အအုံ မိုင်းခွဲဖြိုဖျက်ခံရတဲ့ 7th July နှစ်ပတ်လည်အထိမ်းအမှတ်ကို ကျောင်းသားသမဂ္ဂတွေ ဦးဆောင်ပြီး ပြုလုပ်ခဲ့တာမှာ၊ ဒီနှစ်မှာတော့ ထူးထူးခြားခြားဆိုသလို သမဂ္ဂအဆောက်အအုံဟောင်းနေရာ မြေကွက်လပ်ထဲ ဝင်ရောက် ကျင်းပခွင့်ရခဲ့ကြပါတယ်။ ကိုသားညွန့်ဦးက ကိုယ်တိုင်သွားရောက် သတင်းယူထားပါတယ်။
သမဂ္ဂအဆောက်အအုံ မိုင်းခွဲဖြိုဖျက်ခံရတဲ့ 7 July နှစ်ပတ်လည် အထိမ်းအမှတ်ကို ကျောင်းသားသမဂ္ဂတွေ ဦးဆောင်ပြီး ပြုလုပ်ခဲ့ရာမှာ၊ ဒီနှစ်မှာတော့ ထူးထူးခြားခြား ဆိုသလို သမဂ္ဂ အဆောက်အအုံဟောင်းနေရာ မြေကွက်လပ်ထဲ ဝင်ရောက် ကျင်းပခွင့်ရခဲ့ကြပါတယ်။
အမျိုးသမီးအခွင့်အရေးနဲ့ အကြမ်းဖက်မှုကာကွယ်ရေးမှာ အစိုးရအစီရင်ခံစာတွေနဲ့အတူ အရပ်ဖက်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တိုက်တွန်းချက်တွေကို ထည့်သွင်းဖို့ CEDAW ညီလာခံ တက်ရောက်နေတဲ့ ကျား/မ ရေးရာ တန်းတူညီမျှရေးကွန်ယက်က ဒေါ်မေစံပယ်ဖြူက ပြောပါတယ်။ ဒေါ်မေစံပယ်ဖြူကို ဦးသားညွန့်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။
မြစ်ကြီးနားမြို့မှာ လူငယ်တဦး သေနတ်မှန်ပြီး သေဆုံးသွားတဲ့အပေါ် အရပ်ဖက် တရားရေးစစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့ ကချင်လူမှုအဖွဲ့အစည်းတွေဖက်က တောင်းဆိုလျက်ရှိကြောင်း မြစ်ကြီးနားမြို့ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။
NLD အစိုးရအနေနဲ့ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးအားကောင်းလာအောင် စီမံဆောင်ရွက်သွားမှာဖြစ်ပြီး၊ နယ်စပ်ကုန်သွယ်ရေးမှာရှိတဲ့ အကန့်အသတ်တွေကိုလည်း ဖြေလျှော့ပေးသွားဖို့ရှိတယ်လို့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က ဦးသားညွန့်ဦး မေးမြန်းတင်ပြထားပါတယ်။
မြန်မာအစိုးရသစ် အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒရှိတယ်ဆိုတာ လက်ခံပေမဲ့ မြန်မာ့တပ်မတော်က တထပ်တည်း သဘောထားရှိပါ့မလားဆိုတာ သံသယရှိတဲ့အကြောင်း ကချင်ပြည်တွင်းစစ် ၅ နှစ်ပြည့်မှာ ငြိမ်းချမ်းရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲဟာ အခုဆိုရင် ၅ နှစ်ထဲရောက်လာတာနှင့်အမျှ ဒီစစ်ပွဲကြောင့်ဖြစ်လာတဲ့ ဒုက္ခသည်တွေရဲ့အခြေအနေဟာ နှစ်တွေကြာလာတာနှင့်အမျှ ပိုပြီးတော့ ဆိုးလာတယ်လို့ ဒေသခံပြည်သူတွေက ပြောကြပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ နှစ်ပေါင်း တရာကျော် ဂျူးဘုရားကျောင်းကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ်နဲ့ သတ်မှတ်လိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ပျောက်ဆုံးကျန်ရစ်ခဲ့တဲ့ အမေရိကန်စစ်သည်ရုပ်ကြွင်းရှာဖွေရေး အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်ကို အခုလအတွင်း သွားရောက်ပြီး ရုပ်ကြွင်းရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
မေ ၂၉၊ ၂၀၁၆ - မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေအတွင်း ငြိမ်းချမ်းရေးအောင်မြင်အောင် တည်ဆောက်ဖို့ဆိုရင်၊ အရင်အစိုးရတွေလက်ထက် တိုင်းရင်းသားမြေယာတွေကို အတင်းကြပ်သိမ်းယူခဲ့တဲ့ မြေယာပဋိပက္ခတွေကို အရင် ဖြေရှင်းဖို့ လိုမယ်လို့ ကချင်ပြည်နယ်အတွင်း မြေယာအရေး လူ့အခွင့်အရေး လှုပ်ရှားနေသူ ဒေါ်ဘောက်ဂျာက ဗွီအိုအေကို
ပြည်ထောင်စုက မခွဲထွက်ဖူး။ ဒါက သူတို့က အရင်ကတည်းက ချမှတ်ပြီးသား။ ငြိမ်းချမ်းရေးနဲ့ပဲ သူတို့ ရဲ့ လိုလားချက်တွေကို တောင်းဆိုသွားမယ်။
MPC ကို ပြင်ဆင်ဖွဲ့စည်းပြီး၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးညီလာခံ တရပ်ကို ခေါ်ယူနိုင်ရေး ကြိုးပမ်းသွားမယ်လို့ JMC နဲ့ တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ကျေးရွာတခုမှာ မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဂျာမန် နိုင်ငံခြားခရီးသွား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ တဦးကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေး လူထုတိုက်က စာရေးဆရာညီပုလေး၊ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ စတူရီယိုတေးသံရှင် မီမီဝင်းဖေတို့ရဲ့ မြန်မာနှစ်ကူးအကြို နှုတ်ဆက်ဆုတောင်းများ
“အီတလီနဲ့ မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်လို့ ကိစ္စအတော်များများ ဆွေးနွေးခဲ့ပါတယ်။ အီတလီဖက်က မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ယဉ်ကျေးမှုပိုင်းအရဖြစ်စေ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ ကူညီပေးသွားဖို့ရှိပါတယ်။"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အစိုးရသစ်မှာ ဦးဆောင် ပါဝင်မယ့် အရပ်ဖက်ဝန်ကြီးတွေကို ဒီကနေ့ နေပြည်တော် မှာ ခေါ်ယူတွေ့ဆုံပြီး ဝန်ကြီးဌာနအလိုက် လာမယ့် သုံးလ၊ ခြောက်လ အတွင်း ဘာတွေ ဘယ်လို အထူးပြုဆောင်ရွက်မလဲဆိုတာကို ပြင်ဆင်ထားကြဖို့ အဓိက မှာကြားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတသစ်ကို ဒီကနေ့ မဲခွဲရွေးချယ်ကြတဲ့နေရာမှာ၊ ရရှိတဲ့ မဲအခြေအနေအရဆိုရင် အာဏာရ NLD ပါတီ အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအစ အရေးကြီးတဲ့အပြောင်းအလဲတွေ လုပ်နိုင်ဖို့လွှတ်တော်တွင်း ကြိုးပမ်းရာမှာအခက်အခဲတွေ ရှိနိုင်တယ်လို့ ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းကပြောပါတယ်။
သမ္မတ ရွေးချယ်ဖို့ ဒု သမ္မတလောင်း စာရင်းတွေကို အနိုင်ရ NLD အဖွဲ့ချုပ်က မနက်ဖြန် တင်သွင်းမှာမို့ နေပြည်တော် လွှတ်တော် အခြေအနေတွေကို သတင်း မီဒီယာတွေ နိုင်ငံရေးလေ့လာသူတွေပါ အနီးကပ် စောင့်ကြည့်နေကြပါတယ်။
ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၆ - အာဆီယံ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Susan Rice တွေ့ဆုံခဲ့တာမှာ ပါဝင်ခဲ့သူ မြန်မာလူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ် ကိုသွင်လင်းအောင် ကို VOA Studio မှာ ကိုသားညွှန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်