ကမ္ဘာတလွှား ရွေ့ပြောင်းလုပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတာ အတော်လေး စိုးရိမ်မကင်းစရာ အခြေအနေဖြစကြောင်း ကုလ လူ့အခွင့်အရေး အကြီးအကဲသစ်က ပြောပါတယ်။
" မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲဖို့ သွားစရာ အတော်တော့ ကျန်ပါသေးတယ်။ အခုရှိနေတဲ့ နက်နဲတဲ့ စိန်ခေါ်မှုတွေကို လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲကို ဦးဆောင်နေကြသူတွေက ကိုင်တွယ်ဖြေရှင်းနေကြပါတယ်။ .. နောက်ဆုံးမှာ တကယ့်အရေးကြီးတဲ့ ရွေးချယ်မှုတွေကိုတော့ မြန်မာခေါင်းဆောင်တွေက လုပ်ဆောင်ရမှာဖြစ်ပါတယ်။”
"မြန်မာနိုင်ငံမှာ ပြဿနာအားလုံးကို ရုတ်တရက်ကြီး ဖြေရှင်းနိုင်မှု မရှိပေမဲ့လို့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တကယ့်ကို ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတွေ သူ မျက်မြင်တွေ့ခဲ့ရတယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး Kerry က ပြောဆိုသွားပါတယ်"
"ဟိုတယ်ကတော့ ပိတ်ဆို့ဒဏ်ခတ်မှု စာရင်းထဲ မပါပါဘူး။ ဒါပေမဲ့ အဲဒီပိုင်ရှင်ကတော့ အမေရိကန် ပြည်ထောင်စုရဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာ ပါဝင်ပါတယ်။ ဒါပေမဲ့လို့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ IEEPA ခေါ်တဲ့ အမေရိကန် ဥပဒေအရဆိုရင်တော့...."
အာဆီယံဒေသတွင်း အစည်းအဝေးတွေ တက်ရောက်ဖို့ မြန်မာနိုင်ငံရောက်လာခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ နေထိုင်စဉ် အမေရိကန်အစိုးရက ပစ်မှတ်ထား ဒဏ်ခတ်အရေးယူထားသူတစ်ဦး ပိုင်ဆိုင်တဲ့ဟိုတယ်မှာ တည်းခိုခဲ့တာကြောင့် ရန်ကုန်မှာတော့ လူပြောများတဲ့ သတင်းတပုဒ်ဖြစ်လာပါတယ်။
၈၈ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ဦးဆောင်ခဲ့ကြတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ အနေနဲ့ မြန်မာ့နိုင်ငံရေးထဲ ပါတီနိုင်ငံရေးပုံစံနဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ဖို့လိုမယ်လို့ ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့က သုံးသပ်ပြောဆိုပါတယ်။
ARF အာဆီယံဒေသတွင်း အစည်းအဝေးတက်ဖို့ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို မြန်မာအစိုးရကို မြန်မာ့နိုင်ငံရေးအတွက် ဖိအားပေးပြောဆိုမှုလုပ်ဖို့ဆိုပြီး တိုက်တွန်းမှုတွေ အတော်များများရှိနေပါတယ်။
"လာမယ့် နိုဝင်ဘာကျရင် သမ္မတ အိုဘားမားရော နိုင်ငံခြားရေးဝန်ကြီး Kerry မြန်မာနိုင်ငံကို လာတဲ့အခါမှာလည်း လာမယ့်နှစ်လုပ်မယ့် ရွေးကောက်ပွဲ ပြင်ဆင်မှု အခြေအနေတွေကို စူးစမ်းသွားဖို့ ရှိပါတယ်" - အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel
"သတင်းထောက်တွေနဲ့ အစိုးရတွေ မပြေမလည်ဖြစ်တဲ့ကိစ္စတွေ၊ သတင်းထောက်တွေ ပိုပြီးတော့ ဖမ်းခံလာရတဲ့ကိစ္စတွေ၊ ထောင်ခဏခဏကျတဲ့ကိစ္စတွေ၊ တရားစွဲခံရတဲ့ကိစ္စတွေ၊ ဒီလိုမျိုး မပြေမလည်ဖြစ်တာတွေက များလာတော့ တာဝန်ယူခိုင်းတယ်လို့ ယူဆရတာပဲလေ။"
မြန်မာနိုင်ငံထဲက ဘာသာရေးအကြမ်းဖက်မှုတွေကြောင့် ဘာသာရေးလွတ်လပ်ခွင့်အရ ကမ္ဘာမှာ အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုရဲ့ အစီရင်ခံစာသစ်မှာ ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။
အမေရိကန် ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinoski နဲ့အတူ ဘဏ္ဍာရေးအပြင် ကာကွယ်ရေးဘက်က ပစိဖိတ်ဒေသစစ်ဌာနချုပ် ဒုတိယ တပ်မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးလိုက်ပါသွားတာဟာ အချိန်မကျသေးတဲ့လုပ်ရပ်ဖြစ်ကြောင်း HRW က ဝေဖန်ပါတယ်။
ဇွန် ၂၂၊ ၂၀၁၄ - မြန်မာနိုင်ငံ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကို နိုင်ငံတကာစံချိန်မီ သင်ကြားလေ့လာရေးဌာနကြီးတခုဖြစ်အောင် ရည်ရွယ်ကြိုးစားနေတဲ့ ကျောင်းတည်ထောင်ခဲ့သူတဦးဖြစ်တဲ့ ဦးမြတ်သူနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
အရင်တုန်းက Tier-3 အဆိုးဆုံး အဆင့်မှာ ရှိပေမဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ လူကုန်ကူးမှု အစီရင်ခံစာထဲ မြန်မာနိုင်ငံအနေနဲ့ အခုလို Tier-2 စောင့်ကြည့်စာရင်းထဲမှာ သတ်မှတ်ခံရတာ သုံးနှစ်ဆက်တိုက်ဖြစ်လို့ ဒါဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ကြိုးပမ်းအားထုတ်မှုရှိတယ်ဆိုတာ အသိအမှတ်ပြုလာတာပါ။
"တရားဓမ္မနည်းအရ လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတွေရှိပါလျက်နဲ့ တကယ့်ကို လူမိုက်ဂိုဏ်းဆန်ဆန် အာဏာကို လက်ကိုင်ထားပြီးတော့ တရားဓမ္မ လက်လွတ် လုပ်တဲ့ကိစ္စကျတော့ တရားဓမ္မနဲ့ မညီတဲ့ကိစ္စကို ထောက်ပြပြောဆိုတာ ဖြစ်ပါတယ်" - သာသနာ့ဥသျှောင်အဖွဲ့ ပြောခွင့်ရသူ အရှင်ဇဝန
“လွတ်လပ်စွာသွားလာခွင့်ဆိုတာ အခြေခံလူ့အခွင့်အရေးတရပ် ဖြစ်ပါတယ်။ ဒီလွတ်လပ်ခွင့် မရှိဘူးဆိုရင်တော့ စားဝတ်နေရေး အခြေခံ ရပိုင်ခွင့်တွေမှာ အကန့်အသတ် ကြုံပါလိမ့်မယ်။ လုံခြုံရေးအရ ထည့်တွက်ရပေမဲ့လည်း၊ ဒုက္ခသည်တွေ ပိုပြီး လွတ်လပ်စွာ သွားလာနိုင်ရေးအတွက် နည်းလမ်းရှာဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်"
သမ္မတရွေးချယ်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉/စ ကိုပြင်ဖို့မလိုကြောင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီက ဆုံးဖြတ်လိုက်တဲ့သတင်းထွက်လာပြီးတဲ့နောက် ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်တွေပြင်ရေး လမ်းဖွင့်ပေးသင့်ကြောင်း အမေရိကန်ဘက်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဇွန် ၁၅၊ ၂၀၁၄ - ရန်ကုန်မြို့ CROWN ပညာရေးအဖွဲ့က ဦးအောင်ကျော်ဆန်းနဲ့ အဆင့်မြင့်ပညာရေးကဏ္ဍ တိုင်းပြည်အတွက် ဘယ်လောက်လိုအပ်၊ အရေးကြီးကြောင်းကို တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
"မလေးရှား၊ မြန်မာ၊ နိုင်ဂျီးရီးယားနဲ့ ရုရှားနိုင်ငံတွေမှာ ချမှတ်ထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုင်ရာ ဥပဒေတွေကို ကြည့်မယ်ဆိုရင် လူစုလူဝေး စည်းရုံးလှုပ်ရှားရာမှာ ဥပမာအားဖြင့် နိုင်ငံသား မဟုတ်တဲ့သူ၊ လိင်တူချင်း စိတ်ဝင်စားတဲ့သူတွေ စသဖြင့် အုပ်စုတစုစုကို သီးသန့် ဖယ်ထုတ် ကန့်သတ်ထားတာမျိုး ရှိနေပါတယ်။"
"တရားမမျှတမှုရဲ့နောက်မှာ ဒီလိုတွေပဲ လုပ်တဲ့ သဘာဝရှိတယ်လေ။ အဲ့ဒါ တရားဥပဒေမစိုးမိုးတာတို့။ နိုင်ငံသားတိုင်းရဲ့ ရပိုင်ခွင့်နဲ့ နိုင်ငံသားတိုင်းရဲ့ ခုခံပိုင်ခွင့်ကို မပေးတာလို့ပဲ ပြောရမှာပေါ့ ဟုတ်တယ်မို့လား" - အရှင်ဥတ္တရ
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Kyung-wha Kang ဟာ မြန်မာနိုင်ငံတွင်း ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ကို သွားရောက်ဖို့ရှိပြီး ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ကြသူ ဒေသခံတွေရဲ့ လူသားချင်းစာနာကူညီမှု လိုအပ်ချက်တွေကို လေ့လာမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်