မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင်းက တိုက်ပွဲအခြေအနေတွေကြောင့် မြန်မာနဲ့နယ်ချင်းစပ် တရုတ်နိုင်ငံ နယ်စပ်တလျှောက်မှာ လုံခြုံရေးအင်အားတွေကို တိုးမြင့်ထားတယ်လို့ တရုတ်နိုင်ငံ အစိုးရထုတ် Global Times သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။
အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းဖွံဖြိုးတိုးတက်ရေး၊ စွမ်းအင်မူဝါဒရေးဆွဲရေး အတွက် အမျိုးသားကော်မတီနှစ်ရပ်ကို သမ္မတဦးသိန်းစိန် အမိန့်နဲ့ ဖွဲ့ပြီး အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
ရက်ပိုင်းလောက် ငြိမ်သက်နေခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေ ဒီနေ့မှာ ပြင်းပြင်းထန်ထန် ပြန်ဖြစ်လာပါတယ်။
ကချင်ဒေသ တိုက်ပွဲတွေအတွင်း KIA ဘက်က ဖမ်းဆီးထားတဲ့ မြန်မာစစ်သုံ့ပန်း ၃၀ ကို ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေ ရှိနေပါတယ်။
KIA နယ်မြေကို လေကြောင်းကတိုက်ခိုက်တာ မှန်ပေမဲ့ အမောင်းသင် လေယာဉ်တွေဖြစ်ပါတယ်လို့ သမ္မတရုံး ပြောခွင့်ရသူက VOA ကို ပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ဌာနချုပ် လိုင်ဇာနဲ့ မလှမ်းမကမ်း လဂျားယန် မှာ မြန်မာအစိုးရတပ်တွေနဲ့ KIA တပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မူးယစ်ရာဇာ နော်ခမ်းနဲ့ သူ့ဂိုဏ်းဝင်တွေကို တရုတ်က သေဒဏ်အပြစ်ပေးထားတဲ့အပေါ် အယူခံဝင်တာကို တရုတ် အထက်တရားရုံးကနေ ပယ်ချလိုက်ပါပြီ။
မွန်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် ဂျပန် နိပွန်ဖောင်ဒေးရှင်းအဖွဲ့က အကူအညီ ပေးအပ်မှု အခမ်းအနားကို မော်လမြိုင်မြို့ ပြည်နယ်ခမ်းမှာ ကျင်းပသွားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ လှေမှောက်ပြီး ဒုက္ခရောက်နေတဲ့ လှေစီးပြေး ၄၀ ကို မလေးရှားအာဏာပိုင်တွေက လက်ခံတဲ့အတွက် UNHCR က ချီးကျူးလိုက်ပါတယ်။
အပြန်အလှန် နားလည်မှုရှိဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသလိုပဲ၊ စိုးရိမ်ပူပင်မှုတွေပြည့်နှက်နေတဲ့ အခြေအနေအောက်မှာ ယုံကြည်မှုတည်ဆောက်ဖို့ ခက်တာကြောင့် ဒါကိုကျော်လွှားဖို့ လူထုဖက်က နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကလည်း တိုက်တွန်းပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး တို့ကြား ဒီကနေ့ ငြိမ်းချမ်းရေး သဘောတူညီချက် တချို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ကုလ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Valerie Amos ဟာ ရခိုင်ဒေသက ပဋိပက္ခတွေရှိတဲ့နေရာတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ကမ္ဘာအဝှမ်း အဂတိလိုက်စားမှုမှာ မြန်မာပြည်ဟာ အောက်ဆုံးအဆင့်မှာပဲရှိနေသေးကြောင်း Transparency International အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ပန်းတောင်းအရေးအခင်းဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းတာတွေကြောင့် တင်းမာမှုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်စေမလား ဆွေးနွေးထားပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသံဃာတော်တွေနဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းမှုတွေကို မကျေနပ်ကြတဲ့ မန္တလေးမြို့နဲ့ ရန်ကုန်မြို့တွေမှာ သံဃာတော်တွေ ဆန္ဒပြခဲ့ကြပါတယ်။
ပြဿနာကို ကြားဝင်ဖြေရှင်းပေးလိုပြီးတော့ နိုင်ငံအကျိုးနဲ့ ဂုဏ်သိက္ခာထိခိုက်မှု မရှိအောင် ဆောင်ရွက်ပေးလိုတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
စီမံကိန်းအချို့အပေမှာ ဆန္ဒပြကန့်ကွက်မှုတွေကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အနည်းဆုံး ၁ဝ ယောက်ထက်မနည်း အခုရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ဒီ ဖမ်းဆီးမှုတွေ ကိုကြည့်ရင် တရားရေးပိုင်းကို အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွတ်ဖက်ဖို့ ကြိုးစားနေတဲ့ အရိပ်အယောင်တွေ တွေ့ရတယ်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ဆက်ပေးထားပါတယ်။ ***** မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်းက ရွှေတွင်းနဲ့ စစ်ကိုင်းတိုင်း၊ မုံရွာအနီးက လက်ပံ
အမေရိကန်သမ္မတအိုဘားမားရဲ့ မြန်မာပြည်ခရီးအတွင်း သမ္မတဦးသိန်းစိန်က နှစ်နိုင်ငံ ဆက်ဆံရေး ပိုကောင်းလာအောင် ဆောင်ရွက်သွားဖို့ ပြောခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်