"အခုအချိန်မှာ ဌာနေပြန်ဖို့ စောလွန်းပါသေးတယ်။ ဒုက္ခသည်တွေကို အတင်းအကျပ် မြန်မာနိုင်ငံကို အတင်းအကျပ် ပြန်မပို့ဘူးဆိုတာကို ဘင်္ဂလားဒေရှ့် အစိုးရဘက်ကလည်း ကျမကို ရှင်းရှင်းလင်းလင်း ပြောပါတယ်။ ကိုယ့်သဘောဆန္ဒနဲ့ အညီ ဘေးကင်းလုံခြုံမှု ရှိရှိ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဖြစ်ပြီး အမြဲတမ်း အတည်တကျ ဖြစ်သွားစေမယ့် ဌာနေပြန်ရေး ဖြစ်ဖို့ အတွက် လုံခြုံဘေးကင်းမှု အသေအချာ ရှိနေပြီလား ဆိုတဲ့ အပေါ်မှာ စိုးရိမ်နေပါတယ်။" ( မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ)
ရခိုင်ပြည်နယ်တွင်းက လိုအပ်နေသူတွေကို ကူညီပေးနိုင်ဖို့ ကုလအဖွဲ့အစည်းတွေ အခုထက်ပိုပြီး ဝင်ရောက်လုပ်ကိုင်ခွင့် ရဖို့ လိုအပ်နေကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂရုံး အကြီးအကဲက ပြောဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်းက လိုအပ်နေသူတွေကို ကူညီပေးနိုင်ဖို့ အတွက် ကုလအဖွဲ့အစည်းတွေ ဝင်ရောက် အခုထက်ပိုပြီး လုပ်ကိုင်ခွင့် ရဖို့ လိုအပ်နေကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂရုံး အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို တရားစွဲဆိုဖို့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌထံ ခွင့်ပြုချက်တောင်းခံထားပြီလို့ ရခိုင်အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးတင်မောင်ဆွေက ဗွီအိုအေကို ပြောပါတယ်။
မြောက်ဦးမြို့ အဓိကရုဏ်းမှာ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ရဲလုပ်ငန်းနဲ့ အညီ အဆင့်ဆင့် တားမြစ်ခဲ့ပေမယ့်ပိုဆိုးလာလို့ သေနတ်နဲ့ ပစ်ခဲ့ရတာလို့ မြန်မာ အစိုးရက သတင်းထုတ်ပါတယ်။
ရှေ့လာမယ့် ဆယ်စုနှစ်တွေ အတွင်း ကမ္ဘာ့ ကုန်းမြေရဲ့ ၄ပုံ၁ပုံ သိသိသာသာ ခြောက်သွေ့လာနိုင်တယ်လို့ ဗြိတိန်နိုင်ငံက East Anglia တက္ကသိုလ်နဲ့ တရုတ်နိုင်ငံက သိပ္ပံနဲ့ နည်းပညာဆိုင်ရာ တောင်ပိုင်း တက္ကသိုလ် တို့ရဲ့ လေ့လာမှုက ဖော်ပြလိုက်ပါတယ်။ Henry Ridgwell ရဲ့ သတင်းကို မသိဂီ ၤထိုက် ပြောပြမှာပါ။
မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ ဒေသခံ ၁၀ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား တချို့က သတ်ဖြတ် မြုပ်နှံခဲ့ကြောင်း တပ်မတော်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ သတ်ဖြတ်မှု ကျူးလွန်ကြောင်း ဝန်ခံထားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အရပ်သားတွေကို တရားဥပဒေ အရ အရေးယူမယ့်အပြင် ကွပ်ကဲရန် တာဝန်ရှိသူတွေကိုလည်း ဖော်ထုတ် အရေးယူမယ်လို့ မြန်မာ စစ်တပ်က ပြောဆိုထားပါတယ်။
ရုပ်ကြွင်းလောင်စာ ထုတ်လုပ်မှုကို အားပေးပြီး ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သိပ္ပံနည်းနည်းတွေအပေါ် သံသယဖြစ်တဲ့အကြောင်း ပြောဆိုမဲဆွယ်ခဲ့တဲ့ သမ္မတ Trump ရဲ့ ပြီးခဲ့တဲ့ တနှစ်တာ ကာလ မူဝါဒတွေဟာ ဒီ အမြင်သဘောထားတွေကိုပဲ ထင်ဟပ်နေပါတယ်။ Steve Baragona က စုစည်းတင်ပြထားတာကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။
လူပေါင်း ၆ သိန်းခွဲကျော် နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ကူးစက်ရောဂါတွေ ပျံ့နှံ့မယ့် အရေး ကျန်းမာရေး စောင့်ရှောက်ပေးနေသူတွေက စိုးရိမ်နေကြပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဇ်ဘဇားကနေ Steve Sandford သတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
မြေမြုပ်မိုင်း အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ လှုပ်ရှားမှု အဖွဲ့ ICBL ရဲ့ လှုပ်ရှားဆောင်ရွက်မှုနဲ့ ဆက်သွယ်ရေး မန်နေဂျာ Firoz Alizada ကတော့ မြန်မာ စစ်တပ်ဟာ ရခိုင်ပြည်နယ်တွင်းမှာ မြေမြုပ်မိုင်းတွေ သုံးနေတယ်လို့ ပြောဆိုပါတယ်။
နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့ ICG ရဲ့ မြန်မာ့ ရိုဟင်ဂျာ ပြသနာဟာ အန္တရာယ်ရှိတဲ့ အခြေအနေသစ်တရပ် ဖြစ်လာနေပြီဆိုတဲ့ အစီရင်ခံစာကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ် ဒုက္ခသည် အရေး အချိန်တို အတွင်း ပြေလည်နိုင်မှာ မဟုတ်တာကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲကြီး တရပ် ဖြစ်လာနိုင်သလို နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုတွေလည်း ဖြစ်လာနိုင်တယ်လို့ သတိပေးထားတာပါ။
မြောက်ကိုရီးယားဘက်က တိုက်ချင်းပစ် ဒုံးကျည် ထပ်ပြီး စမ်းသပ်ပစ်လွှတ်လိုက်တာကြောင့် တင်းမာမှုတွေ တိုးလာခဲ့သလို သူတို့ အနေနဲ့ အမေရိကန် ပြည်မကြီး အထိ ရောက်အောင် ပစ်ခတ်နိုင်စွမ်း ရှိသွားပြီ ဆိုပြီး ပြောလိုက်ပါတယ်။ Daniel Schearf ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက်က ပြောပြပေးမှာပါ။
ရိုဟင်ဂျာ မူဆလင် သိန်းနဲ့ချီ ထွက်ပြေးရတဲ့ ကိစ္စကြောင့် နိုင်ငံတကာက အပြင်းအထန် ဝေဖန်ခံနေရချိန်နဲ့ တိုက်ဆိုင်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကြောင့် မြန်မာ ပြည်သူလူထုကြား မတူကွဲပြားမှုကို လက်ခံနိုင်တဲ့ လက်ခံတဲ့ ပုံရိပ်ကို ထင်ဟပ်စေတယ်လို့ ဘာသာရေး ခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။
ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် လာမယ့် တနလာၤနေ့ မြန်မာနိုင်ငံကို ရောက်ရှိပါမယ်။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေးအပေါ် ပုပ်ရဟန်းမင်းကြီး ဘယ်လို ချဉ်းကပ်မလဲ ဆိုတာကို အများစုက စိတ်ဝင်စားနေကြတာပါ။ AFP သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂ ီထိုက် ပြောပြပေးပါလိမ့်မယ်။
ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် မကြာခင် ရက်ပိုင်း အတွင်းမှာဘဲ မြန်မာနိုင်ငံကို ဒေသစာရီ ကြွချီလာတာကို ဖူးမြော်ဖို့ အနယ်နယ် အရပ်ရပ်က ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေ ရန်ကုန်မြို့တော်ကို သွားဖို့ စိုင်းပြင်းနေကြပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကို နောက်သတင်းပတ် အတွင်း သွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေး ဌာနက ကြေညာပါတယ်။ ရခိုင်ပြည်နယ်တွင်းက မူဆလင် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခရီးစဉ် အတွင်း နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
မြန်မာဘက်ကနေ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲမှာ မိဘအုပ်ထိန်းသူ မပါဘဲ တကိုယ်တည်း ဖြစ်နေကြတဲ့ ကလေးငယ် အရေအတွက် ၄ သောင်းကျော် ရှိနေတယ်လို့ ဥရောပ သမဂ္ဂက ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာ ပြသနာကို အရှိအတိုင်း လက်ခံပြီး ဒီဒုက္ခသည်တွေ ဌာနပြန်နိုင်ရေး အတွက်လည်း ဥရောပ သမဂ္ဂဘက်က ကြိုးစားနေတယ်လို့လည်း ပြောဆိုသွားပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ရိုဟင်ဂျာ ၆ သိန်းကျော် ထွက်ပြေးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ဦးဆောင်ရေးဆွဲထားတဲ့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဆုံးဖြတ်ချက် မူကြမ်းမှာတော့ မြန်မာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ ချက်ချင်းရပ်ဖို့၊ ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေးတို့ကို အဓိက တိုက်တွန်းထားပါတယ်။ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် မူကြမ်းထဲမှာ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ရေး မပါပေမယ့် အခိုင်အမာ တောင်းဆိုချက်တွေတော့ အများအပြား ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေ အပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို တုံ့ပြန်ပြောဆိုတာထက် လက်တွေ့ဖြေရှင်း တိုးတက်မှုတွေနဲ့ တုံ့ပြန်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြည်သူကို အသိပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက မူဆလင် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးရတဲ့ ကိစ္စ ၊ဒေသတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေကို ပြည်တွင်း ပြည်ပ ပူးပေါင်းဆောင်ရွက် ဖြေရှင်းမယ့် လုပ်ငန်းစဉ်တွေကိုလည်းပြောကြားသွားပါတယ်။
ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုတွေ အရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကုလ အတွင်းရေးမှူးချုပ်က ရှင်းလင်း တင်ပြမှာ ဖြစ်ပါတယ်။ ARSA အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြတ်ပြတ်သားသား ပြောဆိုပေမယ့် အကြမ်းဖက်မှုတွေကနေ လူပေါင်း သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာတဲ့ ကိစ္စမှာတော့ မြန်မာ အစိုးရဘက်က အင်အားအလွန်အကျွံသုံး နှိမ်နင်းမှုကြောင့် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ်မှာ စိုးရိမ်တဲ့ အကြောင်း ပြောဆိုထားတာပါ။
နောက်ထပ်ကြည့်ရှုရန်