ထိုင်းနိုင်ငံမှာ လောင်စာဆီဈေး မြင့်တက်မှုကြောင့် ငါးဖမ်းလုပ်ငန်းတွေကို ထိခိုက်လာနေရာက မြန်မာအလုပ်သမားတွေ အလုပ်အကိုင် ဆုံးရှုံးနေကြရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့ ဆက်နွယ်နေတဲ့ ရဲအရာရှိဟောင်းတဦး လက်ချက်နဲ့ မူကြိုကျောင်းမှာ ကလေး ၂၄ ယောက် အပါအဝင် လူအများအပြား သေဆုံးခဲ့ပြီးနောက် အစိုးရက မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေ တိုးမြှင့်လာပါတယ်။ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ အလုပ်သမား (၁၁၀)ဦးကို အလုပ်ထုတ် နစ်နာကြေးအဖြစ် ဘတ်ငွေ ၁၂သိနးကျော်ရအောင် အမျိုးသားညီညွတ်ရေးအစိုးရ က ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
မဲကဆာကရင်ကျေးရွာကိုအောက်တိုဘာလမနက်၂နာရီကျော်အချိန်မှာ မြန်မာစစ်ကောင်စီ ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူလုပ်တဲ့အတွက် မဲ့ကဆာဘုန်းတော်ကြီးကျောင်းမီးလောင်ပျက်စီးသွားခဲ့ပါတယ်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နောင်ဘွာလန်ဖူးပြည်နယ် နခလန်းခရိုင်မှာရှိတဲ့ နေ့ကလေးထိန်းကျောင်းထဲကို မူးယစ်ဆေးမှုနဲ့အလုပ်ထုတ်ခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတယောက်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၂၀ ကျော်အပါအဝင် လူ ၃၀ ထက်မနည်း သေဆုံးတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ထိုင်း မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် မဲအိုင့် မြို့နယ် ဘွမ်ဒွိုင်တောင်ကြားမှာ မူးယစ်ဆေး သယ်ဆောင်လာတဲ့ လက်နက်ကိုင် ၃၀ လောက်နဲ့ ထိုင်းနယ်ခြားစောင့်တပ်တွေ ဒီနေ့ အောက်တိုဘာလ ၅ ရက်နေ့ မနက်က မိနစ်အနည်းငယ် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ထိုင်းနိုင်ငံ ကနေတဆင့် မလေးရှားနိုင်ငံ ကို သွားရောက်ကြမဲ့ မြန်မာ ၂၁ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့သလို အစိုးရယူနီဖောင်းတွေ ဝတ်ဆင်ပြီး ခိုးဝင်လာတဲ့ မြန်မာ ၄ဦးကိုလည်း ထိုင်းနယ်ခြားစောင့်တပ်က ရနောင်းမြို့မှာ ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါတယ် ။ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
ထိုင်းနိုင်ငံတောင်းပိုင်းပြည်နယ် ၁၄ ခုအတွင်းမှာ အဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေ အချုပ်တွေကနေ လွက်ရက်စေ့သွားတဲ့ မြန်မာရွှေပြောင်းအလုပ်သမား ၁၈၀ လောက်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး၊ အောက်တိုဘာလ (၂) ရက်နေ့မှာ ရနောင်းကနေ ကော့သောင်းမြို့ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။
အွန်လိုင်းကနေ လောင်းကစားလုပ်ငန်းနဲ့ ငွေကြေးလိမ်လည်မှုတွေ ကြပ်မတ် နှိမ်နှင်းနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်က တရားမဝင် ဝင်လာတဲ့ ဝင်လာတဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်ကိုင်တယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသား ၉ ယောက်ကို မနေ့က ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။
စမုပရာကန်ပြည်နယ်မှာရှိတဲ့ ငါးသေတ္တာစက်ရုံက အလုပ်သမားတွေဟာ ပန်းရောင်ကဒ် ခေါ် အလုပ်သမားလက်မှတ်တွေနဲ့ အလုပ်လုပ်ကိုင်နေသူတွေများပြီး အထောက်အထားလက်မှတ် ရှိလျှက်နဲ့ အလုပ်သမား ၁၁၀ ကျော် အလုပ်ထုတ်ခံရတာပါ။ အဲဒီထဲက အလုပ်သမား ၃၀ ကျော်ကတော့ နစ်နာကြေးရဖို့ တရားစွဲတာကို NUG အစိုးရက ကူညီလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူနယ်စပ်ဂိတ်စခန်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မြန်မာဘက်ကရော ထိုင်းဘက်ကပါ နယ်စပ်လမ်းတွေကို ယာယီပိတ်လိုက်ပါတယ်။
ထိုင်း ၊ မလေးနယ်စပ် ကနေတဆင့် မလေးရှားနိုင်ငံ ကို သွားရောက်ကြမယ့် တရားမဝင် မြန်မာ ၇၀ကျော်ကို ထိုင်းတောင်ပိုင်း ဆုံခလာပြည်နယ်ထဲမှာ ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလ ၂၆ရက်နေ့ကဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးသူငယ်တွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့မူအပေါ် တောင်ရီယားနိုင်ငံဆိုလ်းမြို့မှာ မြန်မာနဲ့ကိုရီယား နိုင်ငံသား ၅၀၀ လောက် မြန်မာစစ်သံရုံးနဲ့ မြန်မာသံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
“တောင်ကိုရီးယားကလည်း အရင်က စစ်အာဏာသိမ်းဖူးတဲ့သမိုင်းလည်း ရှိခဲ့ပါတယ်။ အဲ့အတွက် မြန်မာလူမျိုးတွေရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် စိတ်အားထက်သန်မှု၊ ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေကို အပြည့်အဝ ကိုယ်ချင်းစာပါတယ်။ “ဆရာတော် Ji Mong (Chairperson of Jogye Order Social Labor Committee)”
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကေအန်ယူတပ်မဟာ(၆) နယ်မြေ ကော့ကရိတ်မြို့နယ် ထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီရဲ့စခန်းကြီးတခုဖြစ်တဲ့ ခမရ- ၅၅၇ ကြိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ် ။
“မြန်မာရဲဘက်က အပျောက်စာရင်းနဲ့တိုင်ထားတယ်။ ထိုင်းကိုဝင်ခွင့်မရရင် Process အတိုင်းဆိုရင် ကိုယ်လာခဲ့တဲ့နိုင်ငံကိုပြန်ရမယ်။ ဗီယက်နမ်မှာ ညီမပတ်စပို့စာအုပ်က ပျောက်ဆုံးစာရင်းထဲမှာထည့်ထားတော့ သေချာပေါက်က မြန်မာပြည်ကိုပြန်ပို့မှာပဲ။ အဲဒါကိုမြန်မာဘက်က မှန်းထားပုံရပါတယ်။” (အလှမယ်ဟန်လေး)
ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံအတွင်းပိုင်း မြဝတီမြို့အနီးမှာ အိန္ဒိယနိုင်ငံသား ၃၀၀ လောက် IT နည်းပညာနဲ့သက်ဆိုင်တဲ့ အလုပ်ကောင်းရမယ်ဆိုပြီး လိမ်ညာခေါ်ယူ ဖမ်းဆီး အလုပ်ခိုင်းခံနေရတဲ့အကြောင်း အိန္ဒိယ အစိုးရအရာရှိတွေက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ဒုက္ခသည်တွေ ထပ်မံထွက်ပြေးနေရပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြား ဒုက္ခသည်တွေ သေကြေတာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်