စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြိုနယ်ထဲက ရွာ ၄ ရွာထက် မနည်းကို စစ်ကောင်စီတပ်တွေ ဒီနေ့ ဝင်ရောက်ရှာဖွေမှုတွေလုပ်ခဲ့ပါတယ်။ အဲဒီလိုရှာစဉ်တချို့ အိမ်တွေက ပစ္စည်းတွေကို ဖျက်ဆီး၊ တချို့ကို သိမ်းယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ထိုင်း ၊ မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် မဲ့အိုင်းဒေသမှာ မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းနယ်ခြားရဲတပ်ဖွဲ့တို့ . ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးအများအပြားကို ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာ ကပြောပြပေးမှာပါ။
စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝင်းမနားနယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ရက်တွေက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အဲဒီဒေသဘက်မှာ စစ်တပ်က အင်အားတွေ တိုးချနေပါတယ်။ ပြီးခဲ့တဲ့ရက်က လေကြောင်းကနေပါ စစ်တပ်က တိုက်ခိုက်လို့ ဒေသခံ သောင်းချီ ထွက်ပြေးနေကြရပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း Nakhon Si Thammarat ပြည်နယ် ဘန်ဝမ်ဈေးကြီးမှာ လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားနဲ့ ထိုင်း ဈေးသည်တွေ ၈၀၀ကျော် ကိုဗစ်ရောဂါပိုးကူးဆက်နေတာ စစ်ဆေးတွေရှိရတာကြောင့် ဈေးနဲ့ အနီးတဝိုက်က လူနေရပ်ကွက်တွေကိုပါ မနေ့ကစပြီး လော့ဒေါင်း ကန့်သတ်ပိတ်ဆို့မူတွေ လုပ်ခဲ့ရပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ပြန်လည်လက်ခံဖို့ ထိုင်းအစိုးရက စတင်လုပ်နေပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်ရပ်ကွက်မှာ အမျိုးသမီးနဲ့ ကလေးငယ်အများစုပါတဲ့ ရိုဟင်ဂျာ ၂၃ ယောက်နဲ့ လူကုန်ကူး ပွဲစားတယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သော့ခတ်ထားတဲ့ နေအိမ်တလုံးကို ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့
ထိုင်းနိုင်ငံမှာ ကိုဗစ်ကာလ ကန့်သတ်မှုတွေကြားကပဲ ဆာမွန်ဆာခွန်းပြည်နယ် မဟာချိုင်ဒေသအတွင်းက မြန်မာအလုပ်သမားအသင်းအဖွဲ့ ၇ ခုက မြန်မာလုပ်သား ၁၀၀ လောက်က NUG အမျိုးသားညီညွတ်ရေးအစိုးရကို ကုလသမဂ္ဂက အသိအမှတ်ပြုဖို့ စက်တင်ဘာ ၁၂ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ် ရွှေတြိဂံဒေသကလာတဲ့ စိတ်ကြွဆေးပြား ၁၃ သန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေးတွေ၊ ဘိန်းဖြူတွေကို ဒီရက်ပိုင်းအတွင်းမှာပဲ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်နဲ့ ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ်တွေမှာ မူးယစ်ဂိုဏ်းဝင် ၁၀ ဦးကျော်နဲ့အတူ ဖမ်းမိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ကာလအတွင်း အလုပ်သမားတွေရဲ့အကြပ်အတည်းတွေကို ဖြေလျော့ပေးတဲ့အနေနဲ့ ထိုင်းနိုင်ငံက နိုင်ငံခြားသားအလုပ်သမားတွေအပါအဝင် အလုပ်သမားတွေပေးဆောင်နေရတဲ့ လူမူ့ဖူလုံရေးအာမခံကြေးကို ထက်ဝက်လျော့ချပေးတဲ့အတွက် အလုပ်သမားရေးလှုပ်ရှားသူတွေကကြိုဆိုပါတယ် ။ ဒီသတင်းကို မအေးအေးမာကတင်ပြပေးပါမယ် ။
ထိုင်းမြန်မာနယ်စပ်၊ မြဝတီမြိုနယ်နဲ့ကပ်ရက် မဲဆောက်မြိုနယ်ထဲမှာ မြန်မာရွေပြောင်းအလုပ်သမားတွေ အပါအဝင် လူ ၅,၀၀၀ ထက်မနည်းကို ၃ပတ်အတွင်း ကိုဗစ်ကာကွယ်ဆေးတွေ စတင်ထိုးပေးနေပြီ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း မယ်တော်ဆေးခန်းနဲ့ မြန်မာတွေအများစုရှိရာ ရပ်ကွက်တွေမှာလည်း ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။
ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက် တရားမဝင် ပြန်သွားဖို့ ကြိုးစားသူ ၅၀ ကျော်ကို ထိုင်းမြန်မာနယ်စပ် တောတခုထဲမှာ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ပါတယ်။ အနီရောင်အဆင့်သတ်မှတ်ထားတဲ့ ပြည်နယ်တွေမှာ နိုင်ငံခြားသားနဲ့ ရွှေ့ပြောင်းလုပ်သားတွေ သွားလာမှုကို ကန့်သတ်ထားချိန် ခုလို ဖမ်းဆီးခံရတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်ထဲက ပိတ်ထားတဲ့ မြန်မာအပါအဝင် အိမ်နီးချင်းနယ်စပ်ဂိတ်တွေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပြန်ဖွင့်နိုင်ဖို့ ထိုင်းနိုင်ငံ အားကစားနဲ့ ခရီသွားလုပ်ငန်းဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် ချင်းဒေါင်မြို့နယ်အတွင်း ဝင်ရောက်လာတဲ့ မူးယစ်ဂိုဏ်းဝင် ၁၅ ဦးခန့်နဲ့ ထိုင်းအမှတ် ၅ နယ်ခြားစောင့်တပ်ရင်းတို့ တိုက်ပွဲဖြစ်ခဲ့ပြီး မူးယစ်ဂိုဏ်းဝင်တဦး အသေဖမ်းမိသလို ရွှေတြိဂံဒေသထွက် စိတ်ကြွဆေးပြား ၁၀ သန်းကျော် ဖမ်းမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ်အတွင်း ဖူးခက်ကော့စီးလေ ငါးဖမ်းဆိပ်ကမ်းကို သြဂုတ်လ ၃ ရက် သောကြာနေ့က ပြန်ဖွင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံကအများစုဖြစ်တဲ့ ငါးဖမ်းလုပ်သားတွေကြား ကိုဗစ်ကူးစက်မှုတွေကြောင့် သီတင်း ၂ ပါတ် ပိတ်ထားရာက ပြန်ဖွင့်ခဲ့တာပါ။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကပြောပြပေးပါမယ် ။
ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက်ဆိုပြီး ပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ် ထားဝယ်၊ ထီးခီးဂိတ်ကို ဒီကနေ့ ပြန်ဖွင့်ပေးလိုက်ပါပြီ။ ထိုင်းနိုင်ငံတွင်းမှာ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ချမှတ်ထားတဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကို စပြီးဖြေလျော့ပေးလိုက်တဲ့နေ့မှာပဲ အဲဒီနယ်စပ်ဂိတ်ကိုလည်း ပြန်ဖွင့်လိုက်တာပါ။
အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့တောင် တင်စားခံရတဲ့ အထင်ကရ ဆုတဆုဖြစ်တဲ့ Ramon Magsaysay ဆုတွေ ၂၀၂၁ ခုနှစ်အတွက် ဆုရရှိသူ တွေထဲမှာ မြန်မာနိုင်ငံက အပါအဝင် အရှေ့တောင်အာရှက ဒုက္ခသည်တွေရဲ့ ဘဝတွေ ပြန်လည်တည်ဆောက်ရေးအတွက် နှစ်ပေါင်းများစွာ လုပ်ကိုင်နေကြတဲ့ ဆုရှင် ၅ ဦးကိုရွေးချယ်ခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က မယ်လအူး ဒုက္ခသည်စခန်းမှာ ကန့်သတ်ပိတ်ဆို့မူတွေလုပ်ထားချိန်မှာပဲ ကိုဗစ်ကူးစက်သူ ဒုက္ခသည် ၃ဦးထပ်တွေ့ရှိခဲ့ရသလို၊ တာ့ခ်ပြည်နယ်ထဲက မယ်လဒုက္ခစခန်းမှာတော့ ၂၆ဦး၊ အုန်းဖြန်စခန်းမှာတော့ ၄ဦး တွေ့ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်တွေကို ရှေ့လဆန်းကစပြီး ဖြေလျှော့ပေးဖို့ ထိုင်းအစိုးရက ပြင်ဆင်နေချိန်မှာပဲ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ကိုင်နေတဲ့ စက်ရုံတွေမှာ ကိုဗစ်ကူးစက်မှု ဆက်ရှိနေပါတယ်။
ထိုင်း-မြန်မာနယ်စပ်ဂိတ်တခုဖြစ်တဲ့ ဆင်ခွန် (Sin Khon- Maw Daung) နယ်စပ် စစ်ဆေးရေးဂိတ်ကို ထိုင်းဘက်က တပတ် ပိတ်လိုက်ပါတယ်။ နယ်စပ်ဂိတ်ရှိတဲ့ ထိုင်းဘက်အခြမ်း Prachuap Khiri Khan ပြည်နယ်ထဲက Prachuap အကျဉ်းထောင်မှာ အကျဉ်းသားတချို့ ကူးဗစ်ရောဂါ ကူးစက်နေတာ တေ့ွရှိခဲ့ပြီးနောက် ခုလို နယ်စပ်ဂိတ် ပိတ်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပရဟိတ ကူညီပေးနေသူလည်းဖြစ် တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ကိုသက်နိုင်စိုးနဲ့ ရန်ကုန်မြို့ တောင်ဥက္ကလာပရဟိတအဖွဲ့က မောင်စန်းဝင်းအောင်တို့ဟာ ဖမ်းဆီးခံထားရစဉ်အတွင်း သေဆုံးခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်