IMF ဆင်းရဲမှု တိုက်ဖျက်ရေး
ကမ္ဘာတဝှမ်းက ငွေကြေးနဲ့ ပါတ်သတ်တဲ့ သက်ဆိုင်သူတွေဟာ ဝါရှင်တန်မှာ တွေ့ဆုံနေကြပါတယ်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ စီးပွါးရေးပြန်လည်မြင့်တင်ရေးနဲ့ ဘဏ်တွေ၊ တိုင်းပြည် နှစ်စဉ် အသုံးစားရိတ်တွေကို စောင့်ကြည့်ဖို့ စတဲ့ အကြောင်း အရာတွေ ဟာ ဒီတွေ့ဆုံဆွေးနွေးပွဲအတွင်း လွှမ်းမိုးနေခဲ့တာပါ။ နိုင်ငံတကာ ငွေကြေးရံပုန်ငွေအဖွဲ့ international monetary fund နဲ့ ကမ္ဘာ့ဘဏ် World Bank တို့မှာ နိုင်ငံပေါင်း ၁၈၈ နိုင်ငံက အဖွဲ့ဝင်ကိုယ်စားလှယ်တွေပါဝင်ပြီး အေပရယ် ၁၆ ရက်နေ့မှာ ဒီတွေ့ဆုံပွဲစတင်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေကနေ တရှိန်ထိုးတိုးတက်လာတဲ့ နိုင်ငံတွေကြား လုပ်ပိုင်ခွင့် ပြန်လည် ခွဲဝေသတ်မှတ်ဖို့ ကိစ္စနဲ့ ပါတ်သတ်ပြီးတော့ ဆွေးနွေးရာမှာ တိုးတက်မှုတွေရှိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Jim Randle ပေးပို့ထားတာကို ကိုအောင်အောင်က တင်ပြပေးပါ့မယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"