Tiananmen ရင်ပြင် ယာဉ်တိုက်မှု
ဘေဂျင်းမြို့တော်က တီရန်နန်ရင်ပြင်မှာ တနင်္လာနေ့က လူငါးဦးသေဆုံးခဲ့ရတဲ့ ကားတိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် တရုတ်အာဏာပိုင်တွေက ယုံကြည်နေပါတယ်။ ဒီတိုက်ခိုက်မှုဟာ တရုတ်ပြည် အနောက်ပိုင်း Xinjiang ဒေသမှာ မတည်မငြိမ်ဖြစ်အောင်လုပ်နေတဲ့ ဝီဂါလူနည်းစုတိုင်းရင်းသားအုပ်စုရဲ့ အဖွဲ့ဝင်တွေမှာ တာဝန်ရှိတယ်လို့ တရုတ်အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ ပြည်ပအခြေစိုက် ဝီဂါ အတိုက်အခံအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီစွပ်စွဲချက်ဟာ အချိန်မတန်သေးတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ဗီအိုအေသတင်းထောက် Michael Lipin ရဲ့ သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်ကပြောပြပေးပါမှာ။
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"