ကင်ညာက ဆင်ရိုင်းထိန်းနည်း
ကင်ညာနိုင်ငံမှာ ကောက်ပဲသီးနှံစိုက်ခင်းထဲ ဆင်တွေဝင်ရောက်ဖျက်ဆီးနေတာတွေဟာ လူသားတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေအကြား အကြီးမားဆုံး ပြဿနာတခုလို ဆက်လက်ရှိနေတဲ့အတွက် ဒီပြဿာနာတွေ လျော့ချနိုင်ဖို့ (ဆာဗို) Tsavo East National Park (ဆာဗို) Tsavo East အမျိုးသားဥယာဉ် အနီးတဝိုက်မှာ ပျားအုံတွေကို ခြံစည်းရိုးအဖြစ်နဲ့ အသုံးပြုပြီး လုပ်ဆောင်ဖို့ ဆင်တွေအကြောင်း လေ့လာတဲ့ သုတေသီတဦးက ကူညီလုပ်ဆောင်နေပါတယ်။ သဘာဝအရ ဆင်တွေဟာ ပျားတွေကိုမကြိုက်တဲ့အတွက် ကောက်ပဲသီးနှံစိုက်ခင်းတွေထဲ ဆင်တွေမဝင်နိုင်အောင် ပျားတွေနဲ့ တားမြင့်ဖို့ ရည်ရွယ်လုပ်ဆောင်တာပါ။ ကောက်ပဲသီးနှံစိုက်ခင်းထဲကို ဆင်တွေဝင်ရောက်ဖျက်ဆီးတာနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်အောင် နည်းလမ်းတွေရှာဖွေဖို့အတွက် Mount Kenya မှာကျင်းပတဲ့ Giants Club ညီလာခံ မှာ ကိုယ်တိုင်သွားရောက်တဲ့ ဗွီအိုအေ သတင်းထောက် Jill Craig ရဲ့ သတင်းဆောင်းပါးကို ရှားဖောင် က ပြောပြပေးပါမယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို