အကာအကွယ်ပေးမှုလိုနေသေးတဲ့ မြန်မာ့သတင်းလောက
မြန်မာနိုင်ငံမှာ သတင်းမှန်တွေကို စုံစမ်းဖော်ထုတ်ရေးသားတဲ့သတင်းထောက်တွေအတွက် အကာအကွယ်ပေးမှု အများကြီး အားနည်းနေသေးတယ်လို့ ၂၀၁၆ ခုနှစ် Pulitzer ဆုရှင် AP သတင်းဌာနက သတင်းထောက် Esther Htusan ကပြောလိုက်ပါတယ်။ Seafood from Slaves "ကျွန်တွေထံက ပင်လယ်စာ" ဆိုပြီး ဖော်ထုတ်ရေးသားခဲ့တဲ့ AP သတင်းဌာနကို လူထုအကျိုးပြု သတင်းယူတဲ့ကဏ္ဍအတွက် Pulitzer ဆုချီးမြှင့်ခဲ့တာပါ။ ဒီသတင်း ရေးသားဖော်ပြနိုင်ဖို့ ကိုယ်တိုင် စုံစမ်းဖော်ထုတ်ခဲ့ကြတဲ့ AP သတင်းထောက် ၄ ယောက်ထဲမှာပါတဲ့ Esther Htusan ကို ဒေါ်ခင်မျိုးသက်က တေ့ွဆုံမေးမြန်းထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၂ မတ်၊ ၂၀၂၅Burma Act ဆက်လက်ရှင်သန်နိုင်ရေး အားထုတ်မှု
-
၀၂ မတ်၊ ၂၀၂၅ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းမှု စိန်ခေါ်ချက်များ