သမ္မတ Trump နဲ့ ဖွဲ့စည်းပုံ ချိုးဖေါက်မှု စွတ်စွဲချက်
သမ္မတ Donald Trump နိုင်ငံခြား တိုင်းပြည်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ပြီး ငွေကြေးရနေတာတွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ခွင်ပြုထားတဲ့ လုပ်ပိုင်ခွင့်ကို ချိုးဖေါက်တယ်ဆိုပြီး ကွန်ဂရက်စ်လွှတ်တော် ဒီမိုကရက်အမတ် ၂၀၀ ကျော်က စွတ်စွဲလိုက်ပါတယ်။ အစိုးရခေါင်းဆောင်တွေ ပြည်ပ တိုင်းပြည်တွေက ငွေနဲ့ လက်ဆောင်လက်ခံတာကို ကန့်သတ်တဲ့ ဖွဲ့စည်းပုံပါ ပြဌာန်းချက်ကို ချိုးဖေါက်တယ်ဆိုပြီး တရားစွဲဆိုထားတဲ့ အမှု အရင်ကလည်း ၂ ခုရှိခဲ့ပြီး အခု နောက်ထပ် တမှု ထပ်တိုးလာတာပါ။ သမ္မတရဲ့ ရှေ့နေတွေကတော့ ဒီ ဖွဲ့စည်းပုံပါ ပြဌာန်းချက်ကို အကြီးအကျယ် လိုသလို ဆွဲ အသုံးပြုနေတယ်လို့ ငြင်းဆိုနေပါတယ်။ VOA သတင်ေးထာက် Katherine Gypson သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါလိမ့်မယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို