ထိုင်းက အကျဉ်းထောင်တည်းခိုဆောင်
ဘန်ကောက်မြို့ရဲ့ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ အကျဉ်းထောက်တည်းခိုဆောင်က ကြိုဆိုပါတယ်။ သူ့အထဲမှာတော့ အခန်းကျဉ်းလေးတွေ၊ သံတိုင်တွေနဲ့ နံရံကပ်အိပ်စင်တွေပါပါတယ်။ အလုံပိတ်တံခါးတွေနဲ့ ပြတင်းပေါက်တွေကြောင့် တစ်ဦးတည်း အကျဉ်းကျနေတဲ့ အရသာမျိုးကို ရမှာပါ။ မှုခင်းမှတ်တမ်းရိုက်ဖို့ နံရံတစ်ခုလည်း ပေးထားပြီး ၂၁ဒေါ်လာပေးရင်တော့ အကျဉ်းသားဝတ်စုံ ဝတ်ခွင့်ရမှာဖြစ်ပါတယ်။ The Shawshank Redemption ရုပ်ရှင်ကိုကြည့်ပြီး အခုလိုဆောက်ဖြစ်ခဲ့တာလို့ ဒီတည်းခိုဆောင်ပိုင်ရှင်ကပြောပါတယ်။ ဒီနှစ်ဧပြီလမှာ စဖွင့်ခဲ့တာဖြစ်ပြီး အခန်းတွေကတော့ တညကို ၂၄ဒေါ်လာကနေ ၅၀အထိကျသင့်ပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို