ဘရာဇီးက အာနိုးအားကစားပွဲတော်
ဧပြီလ ၂၂ ရက်နေ့က ဘရာဇီးနိုင်ငံ Sao Paulo မြို့မှာ ကျင်းပပြီးစီးသွားခဲ့တဲ့ တောင်အမေရိက အာနိုးအားကစားပွဲတော် (Arnold Sports Festival)အတွင်း ကိုယ်ကာယဗလပြိုင်ပွဲမှာတော့ အမျိုးသားကဏ္ဍမှာ Fabricio Moreira နဲ့ အမျိုးသမီးကဏ္ဍမှာ Angela Borges တို့က အသီးသီး ပထမဆုတွေ ဆွတ်ခူးသွားခဲ့ပါတယ်။ ဒီပွဲကို ဂန္တဝင်ကာယဗလမောင် မင်းသားကြီး အာနိုးက ၁၉၈၉ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပြီး အခုပွဲတော်အတွင်း အလေးမ၊ စက်ဘီးစီးနဲ့ ကိုယ်ခံပညာပေါင်းစုံပညာ ပြိုင်ပွဲတွေမှာ အားကစားသမားပေါင်း ၁၀၀၀၀ ကျော် တက်ရောက်ပါဝင်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ #voaburmese #voasocial
ဗွီဒီယို ကြည့်ရှုရန်
- 
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
 - 
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
 - 
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
 - 
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
 - 
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို