အင်ဒိုက တရားမဝင်ရေနံတွင်းတစ်ခု မီးလောင်
အင်ဒိုနီးရှားနိုင်ငံမှာ တရားမဝင် တူးဖော်နေတဲ့ ရေနံတွင်းတခု ပေါက်ကွဲ မီးလောင်ရာကနေ လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အတော်များများ ဒဏ်ရာရသွားတယ်လို့ အင်ဒိုနီးရှား အစိုးရအရာရှိတွေက ပြောပါတယ်။ ဒီရေနံတွင်းထဲကနေ ရေနံထုတ်ယူဖို့ ရွာသွားတွေက ကြိုးစားနေတဲ့အချိန် ပေ ၈၂၀ လောက်နက်တဲ့ တွင်းထဲကနေ ရေနံတွေ ရုတ်တရက် စီးထွက်လာပြီး ပေါက်ကွဲမီးလောင်ခဲ့တာပါ။ ဒီမီးကြောင့် အနီးအနားက နေအိမ်တချို့လည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။ #voaburmese #voasocial
ဗွီဒီယို ကြည့်ရှုရန်
- 
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
 - 
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
 - 
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
 - 
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
 - 
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို