ကြိုးတုပ်ခံထားပြီး ရေကူးသူရဲ့ ဂင်းနစ်စံချိန်
Bulgarian လူမျိုး ရေကူးနည်းပြတဦး လည်းဖြစ်၊ အသက်ကယ်တဦးလည်းဖြစ်တဲ့ Yane Petkov ဟာ ကိုယ့်ကိုကိုယ် ကြိုးတုပ်ပြီး မီတာ ၃၃၈၀ ရေကူးပြလိုက်တာကြောင့် Guinness မှတ်တမ်းမှာ မှတ်တမ်းတင်ခံလိုက့်ရပါတယ်။ အိပ်တခုထဲဝင်၊ ခြေရော လက်တွေပါ ကြိုးတုပ်ပြီး Macedonia မှာရှိတဲ့ Orhid ကန်ကြီးကို Yane Petkov က ဖြတ်ကူးပြခဲ့တာပါ။ အချိန်သုံးနာရီလောက် ကြာအောင် သူ ခက်ခက်ခဲခဲ သူ ကူးခပ်ခဲ့ရပါတယ်။ အသက် ၆၄ နှစ်အရွယ် Yane Petkov ဟာ ပြီးခဲတဲ့ ငါးနှစ်လောက်ကလည်း လက်နဲ့ခြေကို ကြိုးတုပ်၊ မီတာ ၂၀၃၀ ကူးပြီး Guinness မှတ်တမ်းတင်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ သုံးလလောက်အကြာမှာ အန္ဒိယ သမုဒ္ဒရာက တံငါသည်တဦးဖြစ်တဲ့ Gopal Kharvi က မီတာ ၃၀၇၁ မီတာ၊ လက်ထိပ်နဲ့ သံခြေချင်းခပ်ပြီး ကူးပြနိုင်ခဲ့တာကြောင့် Yane Petkov ရဲ့ မှတ်တမ်းပျက်ပျယခဲ့ပါတယ်။ အခု Bulgarian လူမျိုး Yane Petkov ကတော့ Gopal Kharvi နဲ့ မတူဘဲ၊ လက်ရောခြေရော ကြိုးတုပ်ထားတဲ့အပြင် အိပ်ထဲမှာ ဝင်ပြီး ကူးပြခဲ့တာပါ။ Yane Petko မီတာ သုံးထောင့်သုံးရာကျော် ကူးခတ်တာကို ကြက်ခြေနီအသင်းနဲ့ Orhid အားကစားအသင်းတို့က ကမကထလုပ်စီစဉ်ခဲ့သလို Guinness မှတ်တမ်းတင်ရေးအဖွဲ့က ကိုယ်စားလှည်တွေလည်း ကြည့်ရှု့ခဲ့ပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို