အတ္တလန်တိတ်ကို လှေနဲ့ဖြတ်သူ စံချိန်သစ်တင်
အမေရိကန်ပြည်ထောင်စု Ohio ပြည်နယ် Cincinnati မြို့ အထက်တန်းပြဆရာ Bryce Carlson ဟာ အတ္တလန်တိတ်သမုဒ္ဒရာရဲ့ အနောက်ဖက်ကနေ အရှေ့ဖက်ကမ်းအထိ ရက်ပေါင်း (၄၀)ထက်လျော့တဲ့ အချိန်အတွင်းမှာ လှေနဲ့ ဖြတ်ကူးနိုင်ခဲ့ပြီး စံချိန်သစ်တင်လိုက်နိုင်ပါတယ်။ သူဟာ ကနေဒါနိုင်ငံ Newfoundland ကျွန်း St. John's မြို့ ကနေ တစ်ဦးထဲ လှေလှော်ရင်းနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အင်္ဂလန်ရဲ့ Scilly ကျွန်းစုတွေထဲက St.Mary ကျွန်းကို ရောက်ရှိခဲ့ချိန်မှာတော့ စုစုပေါင်းကြာချိန် ၃၈ရက် ၆နာရီနဲ့ ၄၉မိနစ်နဲ့ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ သူ့မတိုင်ခင် နော်ဝေနိုင်ငံသား Stian Aker & Rune Malterud တို့နှစ်ဦးဟာ ၅၈ရက် နာရီ၂၀နဲ့ ၁မိနစ် စံချိန်တင်ခဲ့တာပါ။ #voasocial #voaburmese
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို