အမုန်းစကားပြောသူ အမတ်အတွက် ကြက်ဥလက်ဆောင်
နယူးဇီလန်နိုင်ငံက ဗလီကို သေနတ်နဲ့ ဝင်အပစ်ခံရလို့ လူ(၅၀)သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပြီးမှာ သြစတေးလျက လွှတ်တော် အမတ်တစ်ယောက်ဟာ ရွှေ့ပြောင်း မွတ်ဆလင်တွေအပေါ် ပြစ်တင်စကားပြောခဲ့လို့ လူအများရဲ့ အပြင်းအထန်ဝေဖန်မှုကို ခံခဲ့ရပါတယ်။ နောက်တစ်ရက် သတင်းစာရှင်းလင်းပွဲပြုနေစဉ်မှာ ၁၇နှစ်အရွယ် ယောက်ျားလေးတစ်ယောက်ဟာ အမတ် Fraser Anning ရဲ့ခေါင်းကို ကြက်ဥနဲ့ ပေါက်ခဲ့တာကြောင့် လုံခြုံရေးတွေရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရပါတယ်။ သူ့ကို ရဲလက်အပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့လုပ်ရပ်အပေါ် အားရထောက်ခံသူတွေများခဲ့ပြီး သူတရားစွဲခံရရင် ကုန်ကျမယ်စရိတ်အတွက် ရံပုံငွေ သြစီဒေါ်လာ ၅၀၀၀၀ သတ်မှတ်ကောက်ခံခဲ့တာမှာ အဲဒီပမာဏထက်ကျော်လွန်ပြီး အခုအချိန်ထိ ၇၀၀၀၀ ကျော်ရရှိခဲ့ပြီးဖြစ်ပါတယ်။ သူကတော့ ဒီငွေတွေရဲ့ အများစုကို သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ #voaburmese #voasocial
ဗွီဒီယို ကြည့်ရှုရန်
- 
![ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ]() ၁၄ မတ်၊ ၂၀၂၅ ၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
- 
![ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ]() ၁၃ မတ်၊ ၂၀၂၅ ၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
- 
![အမေရိကန် အကူအညီနဲ့  ရိုက်ခတ်မှု]() ၁၃ မတ်၊ ၂၀၂၅ ၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
- 
![ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်]() ၁၂ မတ်၊ ၂၀၂၅ ၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
- 
![လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို]() ၁၂ မတ်၊ ၂၀၂၅ ၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို
 
 
 
 
 
 
 
 
 
