နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ရဲ့အမြင် (အပိုင်း ၁)
မြန်မာကို အမှုဖွင့်တိုင်ကြားချက်နဲ့ပတ်သက်လို့ ICJ တရားရုံးအနေနဲ့ ပယ်ဖျက်ပေးဖို့ ဆိုတဲ့ တောင်းဆိုချက်အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့က နောက်ဆုံးလျှောက်လှဲချက်တွေဟာ ICJ တရားသူကြီးတွေ လက်ခံစဉ်းစားဖို့ အတွက် ထိရောက်လွှမ်းမိုးနိုင်မှု မရှိခဲ့ဘူးလို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။ Michael Becker ဟာ ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၀- ၂၀၁၄ခုနှစ်ထိ လက်ထောက်ဥပဒေအရာရှိအဖြစ် လေးနှစ်ကြာလုပ်ခဲ့သူဖြစ်ပြီး၊ မြန်မာကို အခြားနိုင်ငံတနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ဆိုင်ရာ သဘောတူစာချုပ်နဲ့ပတ်သက်ပြီး ICJ တရားရုံးမှာ အမှုဖွင့်တရားစွဲနိုင်တဲ့ အလားအလာဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းကို ၂၀၁၈ခုနှစ်က ရေးသားပြုစုခဲ့သူလည်းဖြစ်ပါတယ်။ အခုလက်ရှိ အိုင်ယာလန်နိုင်ငံ Durblin က Trinity ကောလိပ် ဥပဒေဘာသာရပ်ဌာန လက်ထောက်ပါမောက္ခဖြစ်တဲ့ Mr. Becker နဲ့ မအင်ကြင်းနိုင်က Skype ကနေ သီးသန့် ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို