အမေရိကန် လေတပ်စစ်သည်များ ကူဝိတ်နိုင်ငံကို ရောက်
အမေရိကန်ကာကွယ်ရေးဌာနက ထုတ်လိုက်တဲ့ ဗွီဒီယိုမှာ တပ်မ(၈၂) လေတပ်မှ လေထီးစစ်သည်တွေဟာ ကူဝိတ်နိုင်ငံ Ali Al Salem လေတပ်စခန်းကို ကြာသပတေးနေ့က ရောက်ရှိလာတာတွေ့ရပါတယ်။ ဒါဟာ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်ကပို့လိုက်တဲ့ အင်အား ၇၅၀ ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒီလိုတပ်အင်အားတွေ ရောက်လာတဲ့တချိန်ထဲမှာပဲ အမေရိကန်သမ္မတရဲ့ အမိန့်နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်းတပ်မှူးကြီး Qasem Soleimani သေဆုံးသွားခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးအင်မတန်တင်းမာနေပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို