အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်ကို ရီပါဘလစ်ကန်နဲ့ ဒီမိုကရက် ဘယ်သူထိန်းချုပ်နိုင်မလဲ ဆိုတာကို အဆုံးအဖြတ်ပေး၊ သမ္မတ ဂျိုးဘိုင်ဒန် ၄ နှစ်သက်တမ်းရဲ့ နောက်ပိုင်း တဝက်၊ ၂ နှစ် အုပ်ချုပ်မှုကာလအတွင်း အမေရိကန်နိုင်ငံရေးမှာ အခြေအတင်ဆွေးနွေးမှုတွေ ဘယ်လိုရှိလာမလဲဆိုတာ ဖော်ညွှန်းမယ့် သက်တမ်းဝက်ရွေးကောက်ပွဲတွေအတွက် သန်းပေါင်းများစွာသော အမေရိကန်ပြည်သူတွေ ၂၀၂၂၊ နိုဝင်ဘာလ ၈ ရက်နေ့က ဆန္ဒမဲ ပေးနေကြပါတယ်။
“၂၀၂၂ အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲ” (၂၀၂၂၊ နိုဝင်ဘာ ၈)

၁
နိုင်ငံသားတယောက်အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်၊ မဲဆန္ဒထည့်ဝင်ဖို့ မိန်းပြည်နယ်၊ လူဝစ္စတန်မြို့မှာ တွေ့ရတဲ့ ဆိုင်းဘုတ်လေးက သတိပေးနေပါတယ်။ (၂၀၂၂၊ နိုဝင်ဘာ ၈)

၂
နယူးယောက်ပြည်နယ်၊ ရုဒ်အိုင်လန်၊ ဝါးဝတ်ခ်မြို့က မဲရုံတရုံမှာ သက်တမ်းဝက်ရွေးကောက်ပွဲအတွက် မဲပေးဖို့ မဲဆန္ဒရှင်တွေ တန်းစီနေကြတာပါ။ (၂၀၂၂၊ နိုဝင်ဘာ ၈)

၃
မဲပေးပြီးရင်တော့ မဲစာရွက်ကို အလိုလျောက် ဖတ်တဲ့ စက်ထဲ ကိုယ်တိုင်သွားထည့်ရပါတယ်။ နယူးယောက်မြို့ အပိုင်၊ ဘရွတ်ကလင်မြို့နယ်က ဘရွတ်ကလင်ပြတိုက်မှာလည်း မဲရုံဖွင့်ထားပါတယ်။

၄
ပန်ဆာဗေးနီးယားပြည်နယ် ရိုင်ဒဲလ်မြို့မှာ မဲဆန္ဒရှင်တွေ တန်းစီပြီး မဲပေးခဲ့ကြပါတယ်။