အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်ကို ရီပါဘလစ်ကန်နဲ့ ဒီမိုကရက် ဘယ်သူထိန်းချုပ်နိုင်မလဲ ဆိုတာကို အဆုံးအဖြတ်ပေး၊ သမ္မတ ဂျိုးဘိုင်ဒန် ၄ နှစ်သက်တမ်းရဲ့ နောက်ပိုင်း တဝက်၊ ၂ နှစ် အုပ်ချုပ်မှုကာလအတွင်း အမေရိကန်နိုင်ငံရေးမှာ အခြေအတင်ဆွေးနွေးမှုတွေ ဘယ်လိုရှိလာမလဲဆိုတာ ဖော်ညွှန်းမယ့် သက်တမ်းဝက်ရွေးကောက်ပွဲတွေအတွက် သန်းပေါင်းများစွာသော အမေရိကန်ပြည်သူတွေ ၂၀၂၂၊ နိုဝင်ဘာလ ၈ ရက်နေ့က ဆန္ဒမဲ ပေးနေကြပါတယ်။
“၂၀၂၂ အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲ” (၂၀၂၂၊ နိုဝင်ဘာ ၈)

၅
ကျောင်းတွေမှာလည်း မဲရုံတွေ ဖွင့်ပေးထားတာကြောင့် နိုဝင်ဘာ ၈ ရက်နေ့မှာ အစိုးရကျောင်းတွေ ပိတ်ထားပါတယ်။ သပ်ဂွတ်မာရှယ် အထက်တန်းကျောင်းက အားကစားခန်းမမှာ မဲရုံလုပ်ပေးထားပါတယ်။ (အိုဟိုင်းရိုးပြည်နယ်၊ ဒေတွန်မြို့)

၆
ခွေးလေး နာနီနဲ့ သူ့ပိုင်ရှင် နစ်အီဒင်ဂါတို့ကတော့ အော်စတင်အုတ်စ်ဘုရားကျောင်းမှာ မဲသွားပေးခဲ့တာပါ။ (တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့)

၇
အော်စတင် မြို့ကောင်စီအဖွဲ့ဝင်နေရာအတွက် ယှဉ်ပြိုင်တဲ့ ရစ်ချက်စမစ်က အော်စတင်အုတ်စ် ဘုရားကျောင်း မဲရုံမှာ မဲဆန္ဒရှင်တွေကို စောင့်ကြိုနှုတ်ဆက်ခဲ့ပါတယ်။ (တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့)

၈
ချစ်အန်ရုသ် Chick and Ruth စားသောက်ဆိုင်က လက်ထောက်စားဖိုမှူး ဖရန်ကလင်ဂါဆီးယားနဲ့ အဲဒီကိုလာစားသူ ရောဘတ် ဘတ်စ်ဆင့်ခ်တို့ ရုပ်မြင်သံကြားကြည့်ပြီး နိုင်ငံတော်ကို သစ္စာဆိုနေကြတာပါ။ (မယ်ရီလန်းပြည်နယ်၊ အန်နာပိုးလစ်မြို့)