သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး ဆုတ်ခွာခိုင်းတာ မလိုက်နာဖို့ ဂါဇာလူထုကို Hamas တိုက်တွန်း


အစ္စရေး- ဟားမတ်စ် စစ်ပွဲအတွင်း နှစ်ဖက်သေဆုံးသူတွေ ထောင်ချီရှိနေ
အစ္စရေး- ဟားမတ်စ် စစ်ပွဲအတွင်း နှစ်ဖက်သေဆုံးသူတွေ ထောင်ချီရှိနေ

ဂါဇာကမ်းမြောင်ဒေသ မြောက်ဘက်အခြမ်းမှာနေထိုင်သူ ၁ သန်းကျော်စလုံး တောင်ဘက်ပိုင်းကို ၂၄ နာရီအတွင်း ထွက်သွားဖို့ အစ္စရေး ကာကွယ်ရေးဌာနက ကြေညာထားတာကို လျစ်လျူရှုဖို့ ဟားမတ်စ်က အရပ်သားတွေကို ပြောပါတယ်။ လူအမြောက်အမြားကို အချိန်တိုအတွင်းမှာ ပြောင်းရွေ့ဖို့က မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂက အစ္စရေး ကို ပြန်လည် တောင်းဆိုနေချိန်မှာပဲ ဟားမတ်စ်က အခုလို ပြောတာပါ။

ပါလက်စတိုင်း U.N. သံအမတ်ကြီး Riyad Mansour ကတော့ အစ္စရေးရဲ့ အမိန့်ဟာ ထွက်ပြေးဖို့ နေရာမရှိ ဖြစ်နေတဲ့ ပါလက်စတိုင်းတွေကို လူမျိုးတုံး သုတ်သင် ရှင်းလင်းရေး ဖြစ်တယ်လို့ သောကြာနေ့က သတင်းထောက်တွေကို ပြောပါတယ်။ ပြီးခဲ့တဲ့ တရက်အတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစ္စရေးနဲ့ နိုင်ငံခြားဓားစာခံ ၁၃ ဦး သေဆုံးခဲ့ကြောင်း ဟားမတ်စ်ဘက်က သောကြာနေ့က သတင်းထုတ်ပြန်ပါတယ်။

တပြိုင်တည်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂျော်ဒန်ဘုရင် Abdullah၊ ပါလက်စတိုင်း သမ္မတ Mahmoud Abbas တို့နဲ့ ဂျော်ဒန်မှာ သောကြာနေ့ကပဲ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကလည်း အစ္စရေး အစိုးရထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲတွေ စတင်ပြီး ဂါဇာမှာ လူ ၃၄၀,၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီလို့လည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ ဟားမတ်စ်ရဲ့ စီးနင်းတိုက်ခိုက်မှုတွေ အတွင် လူ ၁,၈၀၀ သေဆုံးခဲ့ကြောင်း၊ အစ္စရေးက ဘက်က ကြေညာထားပြီး အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်တွေကြောင့် ပါလက်စတိုင်း ဘက်က ၁,၅၀၀ ထက်မနည်း သေဆုံး ထားတယ် ဆိုပါတယ်။

အစ္စရေး ဆုတ်ခွာခိုင်းတာ မလိုက်နာဖို့ ဂါဇာလူထုကို Hamas တိုက်တွန်း
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG