ထိုင်းနိုင်ငံမှာ သင်္ကြန်ကာလ ဆင်နွှဲမှုတွေကို ခြိမ့်ခြိမ့်သဲသဲ ဆက်လက်ကျင်းပနေပါတယ်။ ထိုင်းလို ဆွန်ခရန်လို့ခေါ်တဲ့ ဒီသင်္ကြန်ပွဲတော်ကို ဆင်နွှဲဖို့ နိုင်ငံတကာက ခရီးသွားတွေလည်း တကူးတက လာရောက်ကြတာပါ။ နိုင်ငံတကာမျက်နှာစာမှာ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုကို မြှင့်တင်ပေးရာလည်းရောက်၊ စီးပွားရေးအကျိုးအမြတ်လည်း များပြားတာမို့ နိုင်ငံအာဏာပိုင်တွေရော၊ ကြီးကြီး ငယ်ငယ် စီးပွားရေးလုပ်ငန်းရှင်တွေရော ဒီပွဲတော်ကို အထူးအရေးထားပါတယ်။ ၂၀၂၄ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မကြုံဖူးတဲ့အတိုင်းအတာနဲ့ စည်စည်ကားကား ကျင်းပမှာဖြစ်ကြောင်း ထိုင်းခရီးသွားအာဏာပိုင်ဌာန ဆက်သွယ်ရေးလက်ထောက်အကြီးအကဲ Nithee Seeprae က ပြောပါတယ်။
“ထိုင်း ဆွန်ခရန် သင်္ကြန်ပွဲတော်” ဓာတ်ပုံသတင်း

၉
ထိုင်းလို ဒင်းဆာပွန်းလို့ခေါ်တဲ့ ထုံးကျောက်အမှုန့်က ထိုင်းမှာ သင်္ကြန်ကျဖို့ဆို သိကိုသိထားရမယ့် ပစ္စည်းဖြစ်ပါတယ်။ မျက်နှာကို နေမလောင်အောင်လိမ်းတာလည်း ဖြစ်သလို၊ ပွဲတော်အခမ်းအနားတွေမှာလည်း အတိတ်ကောင်းဆောင်တဲ့ နမိတ်နဲ့ လိမ်းခြယ်အသုံးပြုကြပါတယ်။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄

၁၀
ဘန်ကောက်က ကားကျပ်တဲ့ လမ်းတွေမှာတော့ ရေကစားသူတွေက ကားနဲ့ ရေပက်ခံတာမျိုးမဟုတ်ပဲ လမ်းလျှောက်ပြီး လမ်းတလျှောက်တွေ့သူတွေနဲ့ အပြန်အလှန် ရေပက်ကစားကြတာ ဖြစ်ပါတယ်။ ဘန်ကောက် ဧပြီ ၁၃၊ ၂၀၂၄

၁၁
ထိုင်းဆွန်ခရန်မှာ ရေကစားကြတဲ့အခါ ရေသေနတ်တွေကို အများဆုံးအသုံးပြုကြပြီး အရောင်စုံ၊ ဒီဇိုင်းစုံ ရေသေနတ်မျိုးစုံကို တွေ့ရပါတယ်။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄

၁၂
ထိုင်းကို အိတ်တလုံးနဲ့ လာပြီး စတည်းချ နေရာအနှံ့ခရီးမျိုးစုံ သွားကြသူတွေ အတည်းများတဲ့ ခေါက်ဆန်လမ်း ဖြစ်ပါတယ်။ ဒီနေရာမှာ သင်္ကြန်ပွဲတော်အတွင်း ကြက်ပျံမကျ စည်းကားပါတယ်။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄