နာဇီလက်ထဲကနေ ဥရောပ လွတ်မြောက်ရေးအစပြုတဲ့ D-Day ဒီ-ဒေးကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် အနောက်နိုင်ငံခေါင်းဆောင်တွေ ပြင်သစနိုင်ငံမြောက်ပိုင်း ကမ်းခြေမှာ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဗြိတိန် ဘုရင် တတိယမြောက်ချားလ်ဘုရင်နဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးတို့ မဟာမိတ်တပ်ဖွဲ့တွေကို ကိုယ်စားပြုတက်ရောက်ပြီး နော်မန်ဒီကမ်းခြေ သဲသောင်ပြင်တွေပေါ်မှာ အသက်ပေါင်းများစွာ စတေးခဲ့ကြတဲ့ ထောင်သောင်းချီမဟာမိတ် တပ်သားတွေကို ဂုဏ်ပြု ဦးညွှတ်ခဲ့ပါတယ်။
D-Day နှစ် ၈၀ ပြည့် အထိမ်းအမှတ်

၅
အူတာကမ်းခြေမှာကျင်းပတဲ့ ဒီ-ဒေးနေ့ နှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနားမှာ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တပ်သားဝတ်စုံမျိုးတွေဝတ်ဆင် ချီတက်ပြီး အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခဲ့ပါတယ်။ ဇွန် ၆၊ ၂၀၂၄

၆
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဗြိတိန်စစ်ပြန်စောင့်ရှောက်ရေးအဖွဲ့တို့ ဦးစီးကျင်းပတဲ့ ဒီ-ဒေး ကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အခမ်းအနားကို Ver-sur-Mer ဗဲဆုမဲဟ်ရွာအနီး ဒုတိယကမ္ဘာစစ် ဗြိတိသျှနော်မန်ဒီအထိမ်းအမှတ်ဗိမာန်မှာ ကျင်းပခဲ့ရာမှာ ဒီ-ဒေးစစ်ပြန်ကြီးတဦး လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပါတယ်။ ဇွန် ၆၊ ၂၀၂၄

၇
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ကရွန်၊ သမ္မတကတော် ဘရစ်ဂျစ် မက်ကရွန်နဲ့ ဗြိတိန် ဘုရင် တတိယမြောက်ချားလ်ဘုရင်တို့ ဗြိတိသျှ ဒီ-ဒေးစစ်ပြန်ကြီးတွေကို တွေ့ဆုံနှုတ်ဆက်စကား ပြောပြားခဲ့ပါတယ်။ Ver-sur-Mer ဗဲဆုမဲဟ်ရွာအနီး ဒုတိယကမ္ဘာစစ် ဗြိတိသျှနော်မန်ဒီအထိမ်းအမှတ်ဗိမာန်မှာ ဒီ-ဒေး ကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အခမ်းအနား ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဇွန် ၆၊ ၂၀၂၄

၈
ပြင်သစ်နိုင်ငံ နော်မန်ဒီဒေသမှာ ကျင်းပတဲ့ နှစ် ၈၀ မြောက် ဒီ-ဒေးနေ့ အခမ်းအနားမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒန်တို့ ဒုတိယကမ္ဘာစစ် စစ်ပြန်တွေကို ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့တာပါ။ ဇွန် ၆၊ ၂၀၂၄