မြန်မာအပါအဝင် နေရပ်ပြန်ရင် အန္တရာယ်ရှိတဲ့ နိုင်ငံတချို့က ပြည်သူတွေအတွက် အကာအကွယ်ပေး ယာယီနေထိုင်ခွင့်ပေးထားတဲ့ TPS အစီအစဉ်ကို Trump အစိုးရသစ်က ရုတ်သိမ်းလိုက်မှာ စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ မြန်မာ့အရေးလွှတ်တော်တွင်း ကြိုးပမ်းဖို့ ဖွဲ့ထားတဲ့ Burma Caucus အဖွဲ့ ပူးတွဲဥက္ကဋ္ဌ အမတ် Bill Huizenga ကတော့ အစိုးရိမ်မလွန်ဖို့ ပြောထားပါတယ်။ TPS အပြင် အမေရိကန်ပြည်ထောင်စုမှာ တရားဝင်နေထိုင်နိုင်တဲ့ တခြားနည်းလမ်းတွေအကြောင်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ အခြေချနေထိုင်ခွင့်ဆိုင်ရာ ဥပဒေထောက်ကူအဖွဲ့ USIRD တည်ထောင်သူ ကိုရဲရင့်မြင့်မိုရ်ကို မအိသန့်စင်က မေးမြန်းပြီး ဝါရှင်တန်အသိုင်းအဝိုင်းထဲက မြန်မာ့အရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
အမေရိကန်မှာ အကာအကွယ်ပေး ယာယီနေထိုင်ခွင့် TPS ရုတ်သိမ်းနိုင်ခြေ
ဗွီဒီယို ကြည့်ရှုရန်
-
၁၁ မတ်၊ ၂၀၂၅မဇ္ဈိမသတင်းဌာန သမိုင်းမှတ်တမ်း
-
၀၈ မတ်၊ ၂၀၂၅အမေရိကန်ပြည်ထောင်စု
-
၀၈ မတ်၊ ၂၀၂၅စစ်ကောင်စီအကြီးအကဲ ရုရှားခရီးစဉ် “တပတ်အတွင်းသတင်း”
-
၀၁ မတ်၊ ၂၀၂၅အမေရိကန်အတွက် အကျိုးရှိစေမယ့် မြန်မာ့အရေး
-
၀၁ မတ်၊ ၂၀၂၅ထိုင်းမှာ နိုင်ငံခြားသား မလုပ်ရတဲ့ အလုပ်များ
Forum