တူမီးသေနတ်နဲ့ လွန်ခဲ့တဲ့ ၃ နှစ်က တော်လှန်ရေးစခဲ့တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) (CDF Mindat) ဟာ ၂၀၂၄ ခုနှစ်ထဲမှာ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖော်ဆောင်သွားဖို့ ရှိတယ်လို့ တော်လှန်ရေး နှစ်ပတ်လည်မှာ ပြောပါတယ်။ ပြင်းထန်တဲ့တိုက်ပွဲတွေအတွက် ပြင်ဆင်ထားဖို့လည်း ချင်းလူထုကို သတိပေးထားပါတယ်။ ၂၀၂၁ ဧပြီလ ၂၄ ရက်က စတင်ခဲ့တဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ CDF Mindat ရဲ့ တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနား အွန်လိုင်းကကျင်းပခဲ့တာကို တက်ရောက်သတင်းယူခဲ့တဲ့ ကိုငြိမ်းချမ်းအေးက အပြည့်အစုံတင်ပြပေးထားပါတယ်။
တူမီးသေနတ်နဲ့စခဲ့တဲ့ CDF မင်းတပ်တော်လှန်ရေး (၃) နှစ်ပြည့်ပြီ
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"
Forum