သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ်ယာန်ဘုန်းတော်ကြီးအသတ်ခံရမှု တာဝန်ရှိသူတွေ အရေးယူဖို့ NUG ကတိပြု


ရွှေဘိုမြို့နယ် ကန်ကြီးတောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းက ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခံခဲ့ရတဲ့ ဘုန်းတော်ကြီး Fr. Donald Martin ရဲ့ ဈာပနအခမ်းအနား (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၅)
ရွှေဘိုမြို့နယ် ကန်ကြီးတောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းက ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခံခဲ့ရတဲ့ ဘုန်းတော်ကြီး Fr. Donald Martin ရဲ့ ဈာပနအခမ်းအနား (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၅)

ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း ကက်သလစ်ဘုန်းတော်ကြီးတပါး အသတ်ခံရမှုမှာ တာဝန်ရှိသူတွေကိုအရေးယူမယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကပြောလိုက်ပါတယ်။

ရွှေဘိုမြို့နယ် ကန်ကြီးတောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းက Fr. Donald Martin ရွှေဘိုမြို့နယ်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ သတ်ဖြတ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ရက်အနည်းငယ်အကြာ တနင်္လာနေ့က အရေးယူမယ့်အကြောင့် NUG ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ သတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး ရွှေဘို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးထားတယ်လို့လည်း NUG ရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ဘာအကြောင်းကြောင့် သတ်ဖြတ်ခဲ့တယ်ဆိုတာ ကိုတော့ဖေါ်ပြထားခြင်းမရှိပါဘူး။

အသတ်ခံရသူ ရွှေဘိုမြို့နယ် ကန်ကြီးတောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းက ခရစ်ယာန်ဘုန်းကြီး Rev. Fr. Donald Martin
အသတ်ခံရသူ ရွှေဘိုမြို့နယ် ကန်ကြီးတောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းက ခရစ်ယာန်ဘုန်းကြီး Rev. Fr. Donald Martin

အခုလို ဘာသာရေးခေါင်းဆောင်တွေအပါအဝင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက် တာမျိုးကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ NUG ကပြောထားပါတယ်။ မြန်မာသတင်းဌာနတချို့ရဲ့ ဖေါ်ပြချက်တွေအရ ကန်ကြီးတောကျေးရွာက ခရစ်ယာန်ဘုန်းတော်ကြီး ဦးရဲနိုင်ဝင်းကို လက်နက်ကိုင် တပ်ဖွဲ့ဝင်တချို့က ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အတွင်း အရပ်သားတွေသေဆုံးရသလို အချို့နေရာတွေမှာ ဗုဒ္ဓဘာသာ အပါအဝင် ဘာသာရေး ခေါင်းဆောင်တွေကို သတ်ဖြတ်တဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။

 ခရစ်ယာန်ဘုန်းတော်ကြီးအသတ်ခံရမှု တာဝန်ရှိသူတွေ အရေးယူဖို့ NUG ကတိပြု
 
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG