သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်းထန်လာတဲ့ မဏိပူ လူမျိုးရေးပဋိပက္ခ (၃)ဦးသေဆုံး


မတည်မငြိမ်ဖြစ်နေတဲ့ Bishbnupur အရပ်က ဒေသခံတွေနဲ့ အိန္ဒိယစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေတွေ့ဆုံ၊ဂျွန် ၁၀၊ ၂၀၂၃
မတည်မငြိမ်ဖြစ်နေတဲ့ Bishbnupur အရပ်က ဒေသခံတွေနဲ့ အိန္ဒိယစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေတွေ့ဆုံ၊ဂျွန် ၁၀၊ ၂၀၂၃

လူမျိုးရေးပဋိပက္ခတွေနဲ့ မငြိမ်မသက်ဖြစ်နေတဲ့ မြန်မာနဲ့နယ်ချင်းစပ် အိန္ဒိယနိုင်ငံ Manipur ပြည်နယ်မှာ တနင်္ဂနွေနေ့ လင်းအားကြီးပိုင်းက လူမျိုးရေးအဓိကရုဏ်းတွေထပ်ဖြစ်ပြီး လူသုံးဦး သေဆုံးခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒေသတွင်း မေလအစောပိုင်းကတည်းက ဖြစ်လာတဲ့ လူမျိုးရေးအဓိကရုဏ်းတွေကြောင့် လူ ၈၀ ထက်မနည်းသေဆုံးခဲ့ပြီး လူ လေးသောင်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

အဓိကရုဏ်းတွေကိုဟန့်တားဖို့ လုံခြုံရေးတွေ ထူထူထဲထဲ ချထားတဲ့ကြာမှာပဲ အခုလို ရံဖန်ရံခါ အကြမ်းဖက်မှုတွေ မီးရှို့မှုတွေကတော့ ဆက်ဖြစ်နေဆဲပါ။ သေဆုံးသူတွေအတွက် မိသားစုဆွေမျိုးတွေ စုဝေးတဲ့ ခန်းမဆောင်ကို ပြည်နယ်ဝန်ကြီးချုပ် Biren Singh လာရောက်ပြီးဝမ်းနည်းစကားဆိုခဲ့ပါတယ်။

အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်ဟာ အနီးအနားက ခရိုင်တခုကိုလည်း သွားရောက်စစ်ဆေးကြည့်ရှုပါ တယ်။ ဒေသတွင်း လူမျိုးကွဲ အုပ်စုတွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေပေမယ့် လည်း အကြမ်းဖက်မှုတွေ ရပ်မသွားခဲ့ပါဘူး။

ဒေသတွင်း လူများစုဖြစ်တဲ့ မဏိပူ ခေါ် ကသည်းလူမျိုးတွေကို ဦးစားပေးလွန်းတယ်ဆိုပြီး၊ ကွတ်ကီးတိုင်းရင်းသားမျိုးနွယ်တွေ မေလဆန်းပိုင်း ဆန္ဒပြရာကနေ အပြန်အလှန် အကြမ်းဖက်တိုက်ခိုက် မှုတွေ ဖြစ်လာတာပါ။ မဏိပူပြည်နယ်ဟာ လက်ရှိ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ပါတီ အာဏာရထားတဲ့ ပြည်နယ်ဖြစ်ပါတယ်။

ပြင်းထန်လာတဲ့ မဏိပူ လူမျိုးရေးပဋိပက္ခ (၃)ဦးသေဆုံး
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG