တိရစ္ဆာန်တွေ ပျံတာ၊ တွားသွားတာ၊ လမ်းလျှောက်တာ စတဲ့ လှုပ်ရှားပုံပြောင်းလဲတာတွေကို ကြည့်ပြီး သိပ္ပံပညာရှင်တွေက စက်ရုပ်တွေမှာ ဒီဇိုင်းယူ ပုံတူကူး ဖန်တီးကြပါတယ်။ အခုနောက်ဆုံး တီထွင်လိုက်တဲ့ ထူးထူးခြားခြား စက်ရုပ်အကြောင်း Kevin Enoch က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
သဘာဝဘေးအန္တရာယ်တွေကြောင့် လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ဆီးကြရပါတယ်။ပြီးခဲ့တဲ့ ၈လ လောက်က အမေရိကန် ဟာဝိုင်ယီပြည်နယ်က ကီလာဝေရာ မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်ဆီးခဲ့ရမှုတွေထဲက ဒေသခံတွေ ပြန်လည် ရုန်းထ ကြိုးပမ်းနေရပါတယ်။ Genia Dulot အဲ့ဒီနေရာကို သွားရောက်သတင်းရယူထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
တရုတ်နိုင်ငံ ဟာဘင်းမြို့ရေခဲပွဲတော်မှာ Hot pot စားချင်တယ်၊ Vodka သောက်ချင်တယ်ဆိုရင် ရေခဲအတိနဲ့ဆောက်ထားတဲ့ စားသောက်ဆိုင်ရှိပါတယ်။ မိဘကမင်္ဂလာဆောင်ပေးရိုးထုံးစံနဲ့ အိန္ဒိယမှာတော့ မိဘမဲ့စုံတွဲ ၉၀ ကျော် စုပေါင်းမင်္ဂလာဆောင်ခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
အမေရိကန်အစိုးရ ရဲ့ လုပ်ငန်း တချို့ ရပ်ဆိုင်းထားတာ သုံးပတ်ရှိနေပြီ ဖြစ်ပြီး မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်ဖို့ ဒီမိုကရက်လွှတ်တော် အမတ်တွေ ပယ်ချထားသလို သမ္မတထရမ့် ရဲ့ တောင်းဆိုမှုကလည်း ရပ်တန့်သွားမယ့်အလားအလာ မရှိပါဘူး။ ဗီအိုအေ သတင်းထောက် Michael Bowman သတင်းပေးပို့ ထားတာကို ကိုငြိမ်းချမ်းကတင်ပြပါမယ်။
ဒီကနေ့ကမ္ဘာကြီးမှာ အကြိမ်ရေများများနဲ့ ပြင်းထန်တဲ့ ရာသီဥတု ဆိုးရွားမှုတွေမှာ ဥတုရာသီ ပြောင်းလဲမှု ကိစ္စဟာ အဓိက နေရာက ပါဝင်နေတာပါ။ ၂၀၁၈ ကုန်ဆုံးသွားချိန်မှာတော့ ရာသီဥတု ထူးခြားဖြစ်စဉ်တွေဟာ ကမ္ဘာ့နေရာအနှံ့မှာ ပုံမှန်လိုဖြစ်လာတာကိုတွေ့ရပါတယ်။ Kevin Enoch သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
လူတွေဟာ ဗီဒီယိုဂိမ်း ဆော့ဖို့ အချိန်တွေ အများကြီးသုံးနေကြပြီး အချင်းချင်းပြောဆို ဆက်သွယ်ချိန် နည်းလာပါတယ်။ အမေရိကန်နိုင်ငံ Los Angeles မြို့က Two Bit Circus မှာ ဂိမ်းလည်းကစားရင်း အချင်းချင်း လည်း ပြောဆိုဆက်သွယ်နိုင်ဖို့ စီစဉ်ထားပါတယ်။ Elizabeth Lee ရဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
၂၀၁၈ ခုနှစ်အတွင်းက ကျင်းပခဲ့တဲ့ ပွဲတော်တွေ၊ အောင်မြင်မှုတွေ၊ တီထွင်မှုတွေ နဲ့ ဂင်းနစ် ကမ္ဘာ့စံချိန် သစ်တွေ အကြောင်း မအိသန့်စင် နဲ့ ကိုငြိမ်းချမ်းတို့က တင်ပြထားပါတယ်။
ပတ်ဝန်းကျင်မှာ အသံတွေဆူညံတဲ့ ပြဿနာဟာ မြို့ကြီးတွေမှာ တဖြည်းဖြည်း ပိုဆိုးလာနေပါတယ်။ ဆူညံမှုက စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံ ကရာချီမြို့က ဆူညံမှုပြဿနာအကြောင်း Saleem Shayan ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
Trumpရဲ့ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း Michael Flynn ကို အပြီးသတ်အမိန့် ချမှတ်ဖို့ကို အင်္ဂါနေ့က ပြည်ထောင်စု တရားသူကြီးက ရွှေ့ဆိုင်းလိုက်ပါတယ်။ အထူးစုံစမ်းရေးမှူး Mueller ဦးဆောင်တဲ့ ရုရှားစွက်ဖက်မှု စုံစမ်းရေးမှာ လိမ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ Jim Malone ရဲ့ သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန် မြို့လယ် က နှစ်စဉ်ကျင်းပမြဲ ခရစ်စမတ်အားလပ်ရက် ဈေးကလေး ဟာ လူသိများလာပါတယ်။ Live တေးဂီတတွေ၊ အစားအသောက်အဆန်းအပြားတွေ နဲ့ ထူးခြားတဲ့ ပစ္စည်းတွေ ဖန်တီးကြတဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံခွင့်ရမယ့် ဒီဈေးအကြောင်း Julie Taboh ရဲ့ သတင်းလွှာကို ကို ငြိမ်းချမ်းက တင်ပြပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇား ဒုက္ခသည် စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တွေ အဖို့ ဘယ်အချိန် နေရပ်ရင်း ပြန်ရမှန်း မသိကြတဲ့အတွက် စိတ်မောနေကြရပါတယ်။ တချို့လည်း ဒုက္ခသည်စခန်းတွေက ထွက်ပြေးပြီး မသေချာတဲ့ အရပ်ဒေသတွေမှာ အနာဂတ်တွေ ရှာဖွေကြတာပါ။ Muzzam Hossain Shakil သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါမယ်။
နိုဝင်ဘာ ၁၁ ရက်နေ့ဟာ ပထမကမ္ဘာစစ်ပြီးဆုံးကြောင်း စစ်ပြေငြိမ်းရေး စာချုပ်လက်မှတ်ထိုးတဲ့ နှစ် ၁၀၀ ပြည့် ဖြစ်ပါတယ်။ ၁၉၁၇ ခုနှစ်မှာ အမေရိကန် ဟာ ဂျာမဏီကို စစ်ကြေငြာပြီး ကမ္ဘာစစ်ထဲကို ဝင်လာခဲ့တဲ့နောက် မဟာမိတ်တွေဘက်ကို စစ်ရေး အသာရစေခဲ့တာပါ။ Henry Ridgwell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ပညာရေးကဏ္ဍမှာ AI လို့ခေါ်တဲ့ တုပဉာဏ်ရည်ကို ဘယ်လို ထည့်သွင်းအသုံးပြုပြီး နိုင်လဲဆိုတာ ဗြိတိသျှလွှတ်တော်မှာ စက်ရုပ်လေး Pepper က တင်ပြခဲ့ပါတယ်။ ဂျာမဏီအနောက်ပိုင်းမှာတော့ ရွှေဖရုံသီးကြီးထွင်း လှေလှော်ပြိုင်ပွဲ ကျင်းပတာပါ။ ထူးခြားဆန်းပြား သတင်းများကို မအိသန့်စင်နဲ့ ကိုငြိမ်းချမ်းတို့က တင်ပြထားပါတယ်။
တရုတ်ပွဲတော်ကာလမှာ အပြင်ထွက်တဲ့ သူတွေ များလာတာနဲ့အမျှ စွန့်ပစ်တဲ့အမှိုက်တွေလည်း များလာတာကို ပင့်ကူလူသား လိုက်ကောက်နေပါတယ်။ ရုရှားမှာတော့ လေလွင့်ကြောင်တွေ ထိမ်းဖို့ ကြောင်ထိန်း လိုက်ရှာနေတာပါ။ ထူးခြားဆန်းပြား သတင်းများကို မအိသန့်စင်နဲ့ ကိုငြိမ်းချမ်းတို့က တင်ပြထားပါတယ်။
ဥရောပအာကာသအေဂျင်စီက သုတေသနပညာရှင်တွေဟာ နေရဲ့ အပူဒဏ်ကို ခံနိုင်ပြီး Solar Orbiter လို့အမည်ပေးထားတဲ့ နေကို ပတ်မယ့် အာကာသယာဉ်ကို နေနဲ့အနီးဆုံးနေရာကို လွှတ်တင်မှာဖြစ်ပြီး နေမုန်တိုင်းဘယ်လိုဖြစ်ပေါ်သလဲဆိုတာကို လေ့လာနိုင်ဖို့ ကြိုးစားနေပါတယ်။ Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း ပြောပြမှာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့တရုတ်နိုင်ငံခရီးမှာမကြုံစဖူးပွင့်လင်းစွာအမြင်ဖလှယ်ပြီးဝေဖန်ခဲ့ကြပါတယ်။တောင်ကိုရီးယားနဲ့ ဂျပန်ကိုလည်းဝန်ကြီး Pompeo သွားရောက်ခဲ့ပြီးမြောက်ကိုရီးယားခရီးစဉ်မှာတော့အောင်မြင်တဲ့ခရီးအဖြစ် ချီးကျူးခဲ့ပါတယ်။Cindy Saine ရဲ့သတင်းလွှာကိုကိုငြိမ်းချမ်းကပြောပြပေးမှာပါ။
ထိုင်းနိုင်ငံမှာ ကုမ္ပဏီတခုကဝန်ထမ်းတွေ သူတို့ ခွေးလေးတွေကို ရုံးခေါ်လာလို့ရပါတယ်။ တရုတ်နိုင်ငံမှာတော့ ဖန်သားနဲ့တံတားဆောက်တာတွေ ခေတ်စားနေတာပါ။ ထူးခြားဆန်းပြားသတင်းများကို နန်းလောဝ်နဲ့ ကိုငြိမ်းချမ်းတို့ တင်ဆက်ထားပါတယ်။
အမေရိကန်တရားရုံးချုပ်တရားသူကြီးအဖြစ် Brett Kavanaugh ကိုခန့်ထားရေး အကြီးအကျယ်အငြင်းပွားနေပြီးသူ့ကို စွပ်စွဲထားတဲ့လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအတွက်ဖယ်ဒရယ် စုံစမ်းထောက်လှမ်းရေးဗျုရို FBIကလည်း တပတ်ကြာမယ့်စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း က ပြောပြမှာပါ။
တောင်အမေရိကန်တိုက် အန်ဒီးတောင်တန်းပေါ်မှာ ငှက်လေးတွေ ဘာကြောင့် ကိုယ့်ဖာကိုယ် သတ်သေကြတာပါလဲ။ ပြီးတော့ Colonoscopy အူမကြီးလမ်းကြောင်း စစ်ဆေးမှုမှာ ကိုယ့်ဖာကိုယ် ပြန်ကြည့်လို့ရတဲ့ စက် ဂျပန်က တီထွင်လိုက်ပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မအိသန့်စင်တို့က တင်ဆက်ထားပါတယ်။
လေဆာရောင်ခြည်ဟာ အနာဂတ်စစ်ပွဲမှာ ထိရှလွယ်တဲ့ဆီဖြည့်လေယာဉ်တွေကို ကာကွယ်ဖို့ လက်နက်ဖြစ်လာနိုင်ပါတယ်။ဆီဖြည့်လေယာဉ်တွေအနေနဲ့စစ်မြေပြင်ထဲကိုပိုနီးနီးကပ်ကပ်သွားနိုင်အောင်လုပ်ပေးမယ့်လက်နက်တစ်ခုလိုချင်တဲ့အကြောင်းအမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကပြောပါတယ်။ Carla Babb သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်