ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ဟာ ရိုဟင်ဂျာဒုက္ခသည် အရေးနဲ့ပတ်သက်လို့ မျှတတဲ့ဆောင်ရွက်မှုတွေ ပေါ်လာအောင် ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်း ပေးစေလိုကြောင်း မောင်တောဒေသခံ မွတ်ဆလင်အသိုင်းဝိုင်းကပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရက Eleven Media သတင်းသမား ၃ ဦးကို အမှုဖွင့် အရေးယူလိုက်တာဟာ လာမယ့်ကာလမှာ သတင်းထောက်တွေက အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်ဆန်းစစ်မှု မလုပ်ရဲအောင် ခြိမ်းခြောက်လိုက်သလို ဖြစ်သွားစေတယ်လို့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီက ပြောကြားလိုက်ပါတယ်။
Eleven Media Group က သတင်းသမား ၃ ဦးကို ဖမ်းဆီးအရေးယူတာဟာ အစိုးရကိုယ်တိုင်က ပြဌာန်းထားတဲ့ သတင်းမီဒီယာ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်ခဲ့တာကြောင့် ဒါကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြောဆိုလိုက် ပါတယ်။
အောက်တိုဘာ ၁၁၊ ၂၀၁၈ - တရုတ်ပြည်ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းကြီးဖြစ်တဲ့ "ရပ်ဝန်းလမ်းကြောင်း" စီမံကိန်းအကောင်အထည်ဖော်ရာမှာ အမြတ်ထွက်တာတွေရှိသလို အရှုံးပေါ်တာတွေလည်းရှိကြောင်း ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
(၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးညီလာခံကိုတက်ရောက်ဖို့ ဂျပန်နိုင်ငံကို ၆ ရက်ကြာခရီးအဖြစ် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယမြောက်နေ့အဖြစ် ဖူကူရှီးမားခရိုင်က သဘာဝမြေသြဇာသုံး စိုက်ပျိုးရေးနည်းပညာကို သွားရောက် လေ့လာခဲ့ပါတယ်။
ဂျပန်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရခဲ့ရင် ဂျပန်မှာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား တွေရဲ့ အခက်အခဲကို တင်ပြသွားဖို့ ရှိတယ်လို့ ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခအရေး ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြမယ့်သူတွေလည်း ရှိနေကြပါတယ်။
တိုကျိုမြို့ကို ဒီကနေ့ ရောက်ရှိသွားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe တို့ သီးသန့် တွေ့ဆုံကြတဲ့အခါ မြန်မာ့ဒီမိုကရေစီရေးနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စတွေ ဆွေးနွေးသွားမယ်လို့ မျှော်လင့်ရကြောင်း လေ့လာသုံးသပ်သူ တွေက ဆိုပါတယ်။
အောက်တိုဘာ ၄၊ ၂၀၁၈ - မြန်မာပြည်မှာ အစိုးရအပြောင်းအလဲ ဖြစ်လာခဲ့ပေမယ့် တရုတ်စီးပွားရေး လွှမ်းမိုးမှုက မလွတ်ကင်းနိုင်သေးကြောင်း ဦးအောင်ခင်က ရေးသားပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ၊ NLD လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ဆေးပညာဆောင်းပါးတွေရေးသားခဲ့တဲ့ ဒေါက်တာအောင်ခင်ဆင့်ဟာ အောက်တိုဘာ(၂)ရက် အင်္ဂါနေ့ည ၈ နာရီခွဲအချိန်၊ ရန်ကုန်မြို့ ပင်လုံဆေးရုံမှာ ကွယ်လွယ်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၈၆)နှစ် ရှိပြီဖြစ်ပါတယ်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ပြီးခဲ့လထဲ ခရစ်ယာန်ဘုရားကျောင်းတွေ အပိတ်ခံရပြီး၊ သာသာနာပြုတွေကို ထိန်းသိမ်း- နှင်ထုတ်တဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံအတွင်း ဘာသာရေး လွတ်လပ်ခွင့် ကျဆင်းလာမှာကို ခရစ်ယာန်ဘာသာဝင်တွေကြား စိုးရိမ်နေကြပါတယ်။
ဂျပန်နိုင်ငံမှာ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မယ်လို့ အစိုးရက ကြိုတင်သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ဂျပန် အနောက်တောင် ပိုင်းကနေ တရွေ့ရွေ့တိုက်လာနေတဲ့ မုန်တိုင်းဟာ တနင်္ဂနွေ ညဉ့်နက်သန်းခေါင်အချိန်မှာ တိုကျိုမြို့ကို ဖြတ်မှာဖြစ်တဲ့အတွက် တိုကျိုမြို့မှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
လူ့အခွင့်အရေးကောင်စီရဲ့ တလောက ဆုံးဖြတ်ချက်အပါအဝင် ICC ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ ဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ပြောကြားသွားတာဟာ နိုင်ငံတကာရဲ့ယုံကြည်မှုကို ပိုပြီးကျဆင်းစေတယ်လို့ မြန်မာ့အရေးလေ့လာ သုံးသပ်သူတွေက ပြောဆိုလိုက် ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ မနေ့က ဆုံးဖြတ်ချက် ချလိုက်တာကြောင့် မြန်မာအစိုးရအနေနဲ့ ပြဿနာ ဖြေရှင်းရေးမှာ ပိုပြီးရှုပ်ထွေးစေမှာဖြစ်တယ်လို့ သုံးသပ်သူရှိသလို၊ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတခုခုက အရေးယူ သွားရေးဆိုတဲ့ လှုပ်ရှားမှုဟာ ထူးခြားလာပါ့မလားလို့ သံသယဝင်နေသူတွေလည်း ရှိနေပါတယ်။
စက်တင်ဘာ ၂၇၊ ၂၀၁၈ - ယူနန်ပြည်နယ် တိုးတက်ဖွံ့ဖြိုးနေတာကို အခွင့်ကောင်းယူပြီး မြန်မာ့စီးပွားရေးလုပ်ငန်းတွေ ကြီးထွားလာအောင် လုပ်သင့်ကြောင်း ဦးအောင်ခင်က သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အမေရိကန်ကပရဟိတ အဖွဲ့တစ်ခုဖြစ်တဲ့ Pledge to Myanmar USA နဲ့ မြန်မာနိုင်ငံက မြန်မာ့လူမှု့ဘဝတိုးတက်မြင့်မားရေးအသင်း We Do for Myanmar အဖွဲ့တို့ပူးပေါင်းပြီးသဘာဝဘေး ကယ်ဆယ်ရေးကူညီဆောင်ရွက်သွားမယ်လို့ အမေရိကန်က ဆူရှီလုပ်ငန်းရှင် က ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင် က တွေ့ဆုံမေးမြန်းထားပါတယ်။
မြောက်ဦးအရေးအခင်းကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလဲထဲ ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ ရခိုင်လူငယ်(၈)ဦးကို မနေ့တုန်းက ပြန်လွှတ်ပေးလိုက်ပေမယ့် ညနေပိုင်းမှာ ပြန်လည်ဖမ်းဆီးလိုက်တဲ့ လုပ်ရပ်ဟာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဘူးလို့ အမှုလိုက်ရှေ့နေတွေက ပြောပါတယ်။
ဒေါ်လာနဲ့ယှဉ်တဲ့ မြန်မာကျပ်ငွေတန်ဖိုး တနေ့ထက်တနေ့ ထိုးကျလာတာရဲ့ ဆိုးကျိုးသက်ရောက်မှုကို မြန်မာပြည်သူအများစု ခံစားနေရပြီလို့ သွင်းကုန် လုပ်ငန်းရှင်တွေကအစ ၊ လခစား မိသားစု အိမ်ရှင်မတွေအဆုံး ငြီးတွားနေကြပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ရိုဟင်ဂျာမူဆလင်တွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်တယ်လို့ ကနေဒါ လွှတ်တော်အမတ်တွေက တညီတညွတ်ထဲ သဘောတူလိုက်ကြပါတယ်။ စက်တင်ဘာ(၂၀) ကြာသပတေးနေ့တုန်းက ကနေဒါလွှတ်တော်မှာ အဲဒီလို ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ ကနေဒါရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ ကြားမှာတော့ ဒီဆုံးဖြတ်ချက်ပေါ် အမြင်အမျိုးမျိုး ကွဲပြားနေပါတယ်။
စက်တင်ဘာ ၂၀၊ ၂၀၁၈ - မြန်မာပြည်မှာ ဖရဲသီးစိုက်ပြီး တရုတ်ပြည် တင်ပို့တဲ့လုပ်ငန်းဟာ သယံဇာတပစ္စည်း တင်ပို့ရောင်းချတာထက် ပိုပြီးအကျုးိရှိကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကုလသမဂ္ဂ နျူကလီးယားလက်နက် တားဆီး ပိတ်ပင်ရေးစာချုပ်မှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုး တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် နျူကလီးယားသုံးစွဲလိုမှုနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်ပေါ် နိုင်ငံကြီးတချို့က ပြစ်တင်ဝေဖန်နေ တာတွေ လျော့ကျသွားနိုင်တယ်လို့ တပ်မတော်သားကိုယ်စားလှယ် တဦးက ထောက်ပြပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်