တိုင်းပြည်ဂျောက်ထဲ ကျတော့မယ့် အခြေအနေမျိုးကို ကယ်တင်ဖို့အတွက် ၁၉၈၈ စက်တင်ဘာလမှာ အာဏာသိမ်းခဲ့ရ တာပါလို့ မြန်မာ့တပ်မတော်က ပြောဆိုခဲ့တာဟာ စစ်တပ်က အာဏာကိုချုပ်ကိုင်လိုတဲ့ ဆန္ဒကြောင့် ဖြစ်တယ်ဆိုတာကို ဒီကနေ့အခြေအနေတွေက မီးမောင်းထိုးပြနေတယ်လို့ မြန်မာ့နိုင်ငံရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတွေနဲ့ သမိုင်းပညာရှင်တချို့က ပြောဆိုလိုက်ကြပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ မှာကျင်းပမယ့် ရွေးကောက်ပွဲအတွင်း NLD ပါတီကို လူထုထောက်ခံမှု ဘယ်လောက်ထိ ရှိမလဲ ဆိုတာကို စမ်းသပ်မယ့် ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူ တချို့က သုံးသပ်ပါတယ်။
စက်တင်ဘာ ၁၃၊ ၂၀၁၈ - စစ်အစိုးရလက်ထက်က အများအပြား သိမ်းယူထားတဲ့ လယ်ယာမြေ ပြဿနာဟာ ဖြေရှင်းရခက်နေဆဲဖြစ်ကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
လူတွေရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ် အသုံးပြုနေရတဲ့ အရာတွေထဲ ဖိနပ်လည်းပါဝင်ပြီး သူတို့ပုံသဏ္ဍာန်ကလည်း အမျိုးမျိုး ပြောင်းလဲလာပါတယ်။ ဖိနပ်တွေ ကတဆင့် လူသားတွေရဲ့သမိုင်းကို လေ့လာနိုင်အောင် နယူးယောက်မြို့ က “Walk This Way” လို့အမည်ပေးထားတဲ့ ဖိနပ်သမိုင်း ပြပွဲနဲ့ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
အမေရိကန်ပြည်ထောင်စု နယူးယောက်နဲ့ ဗာဂျီးနီးယားမှာ ဖြစ်ခဲ့တဲ့ 9/11 အကြမ်းဖက်တိုက်ခိုက်မှုဟာ အခုဆိုရင် ၁၇ နှစ်ပြည့်လာပြီဖြစ် ပါတယ်။ လူထောင်ချီသေဆုံးခဲ့ရတဲ့ နယူးယောက်မြို့က 9/11 အကြမ်းဖက်တိုက်ခိုက်မှုကြီးကို ကိုယ်တိုင်ကြုံခဲ့ရသူ မြန်မာတဦးကတော့ အဲဒီ ဖြစ်ရပ်ကြောင့် ဒီကနေ့အချိန်ထိ စိတ်ထဲ တုန်လှုပ်နေရဆဲပဲလို့ ပြောပါတယ်။
ရိုက်တာသတင်းထောက်နှစ်ဦးကို တရားရုံးက စစ်ဆေးပြီး ထောင်ဒဏ်စီရင်ချက် ချမှတ်လိုက်တာမှာ အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်တာမျိုးမရှိဘူးလို့ ဦးဇော်ဌေးကပြောပါတယ်။
စက်တင်ဘာ ၆၊ ၂၀၁၈ - အစိုးရအဆက်ဆက်က ပြဌာန်းထားတဲ့ တရားစီရင်ရေးစနစ်ကို အမျိုးသမီးတွေက အယုံအကြည်မရှိတဲ့အတွက် ဓလေ့ထုံးစံအရ ယုံကြည် ကိုးကွယ်တဲ့ ဘာသာရေးအဖွဲ့အစည်းတွေကို အားကိုနေကြပုံအကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကချင်ပြည်နယ်မှာ တိုင်းရင်းသားတွေအပေါ် မြန်မာ့တပ်မတော်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်သွားစေဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာပါ ထောက်ပြချက်တွေအတိုင်း မြန်မာစစ်ခေါင်းဆောင်တွေကို ICC ရာဇဝတ်တရားရုံးမှာ နိုင်ငံတကာဥပဒေနဲ့ အညီ အရေးယူပေးဖို့ ကချင်လူမှုအဖွဲ့အစည်း (၂၅)ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်တိုင်း သုံးခွမြို့နယ်၊ သမစိတ္တ ကျေးရွာအနီး မုတ္တမပင်လယ်ကွေ့မှာ သောင်တင်နေတဲ့ နိုင်ငံခြား ကုန်တင်သင်္ဘောတစီးကို ရဲတပ်ဖွဲ့နဲ့ ရေတပ်အရာရှိတွေ ဒီနေ့ သွားရောက် စစ်ဆေးနေပါတယ်။
သြဂုတ် ၃၀၊ ၂၀၁၈ - မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ပတ်သက်တဲ့ မှုခင်းတွေ ဖြေရှင်းပုံအကြောင်းကို ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ရခိုင်ပဋိပက္ခဆိုင်ရာ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က သြဂုတ်လ(၂၇)မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ ခိုင်မာတဲ့အချက်အလက်တွေပေါ် အခြေခံထားတာ ဟုတ်ရဲ့လားဆိုတာကို ပြန်လည်စိစစ်ဖို့လိုတယ်လို့ အာဏာရ NLD ပါတီ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။
ကမ္ဘာကျော် ဧဝရက်တောင်ကို တက်ခဲ့ဖူးတဲ့ လူငယ်တဦးပါဝင်တဲ့ မြန်မာတောင်တက်သမား ၃ ဦးဟာ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး ခါကာဘိုရာဇီ တောင်ထိပ်ကိုအရောက်တက်နိုင်ဖို့ လေ့ကျင့်ခဲ့ကြတာမှာ ဘယ်လိုမျှော်လင့်ချက်တွေ ရှိနေလဲ၊ ဘယ်လို လေ့ကျင့်မှုတွေလုပ်ပါသလဲ ဆိုတာကို AFP သတင်းပေါ်အခြေခံပြီး ကိုဉာဏ်ဝင်းအောင်ကတင်ပြထားပါတယ်။
သြဂုတ် ၂၃၊ ၂၀၁၈ - နိုင်ငံသားဖြစ်ခွင့်ရဖို့အတွက် လုပ်ထုံးလုပ်နည်းတွေရှုပ်ထွေးပြီး သတင်းအချက်အလက် နည်းပါးတဲ့အတွက် မသိနားမလည်သူတွေ နိုင်ငံမဲ့ဘဝ ရောက်သွားရပုံကို ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု နောက်တကြိမ် မဖြစ်ပေါ်ရအောင် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ ရှိဖို့လိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ပြည့်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေက ၂၅ %သော တပ်မတော်သားကိုယ်စားလှယ်တွေကို ဖယ်ရှားသွားနိုင်ဖို့ ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ တဆင့်ပြီးတဆင့်လုပ်ဆောင်သွားရလိမ့်မယ်လို့လည်း သူမကပြောပါ တယ်။
အာရှတလွှားကတခြားလူမျိုးစုတွေနဲ့မတူပဲလည်ပင်းမှာ ကြေးကွင်းပတ်ကြတဲ့ ပဒေါင်အမျိုးသမီးတွေကို ကမ္ဘာလှည့်ခရီးသွားတွေကအထူးစိတ်ဝင်စားကြပြီးအခုတော့မျိုးဆက်သစ်အမျိုးသမီးငယ်တွေကသူတို့ ဘိုးဘေးဘီဘင်တွေလို လည်ပင်းမှာ ကြေးကွင်းပတ်ဖို့ ငြင်းဆန်လာကြပါတယ်။ အေပီသတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
“မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စိန်ခေါ်ချက်များနဲ့ ရှေ့ခရီးလမ်း” ဆိုတဲ့ခေါင်းစဉ်နဲ့ စင်္ကာပူနိုင်ငံမှာ ဒီကနေ့ နေ့လည်ပိုင်းပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေကြောင့် မြန်မာအစိုးရ လက်ရှိ ရင်ဆိုင်နေရတဲ့ နိုင်ငံတကာဖိအားတွေ အတိုင်းအတာတခုထိ လျော့ကျသွား နိုင်တယ်လို့ စင်္ကာပူရောက် မြန်မာမိသားစုတွေက သုံးသပ်ကြပါတယ်။
ရခိုင်ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားနိုင်ငံဘက် ထွက်ခွာသွားသူ ဒုက္ခသည်တွေ မိမိတို့မူလဒေသမှာ တကယ်နေခဲ့တယ်ဆိုတဲ့ အထောက်အထားပြနိုင်ရင် မြန်မာနိုင်ငံထဲ ပြန်ဝင်ခွင့်ပေးသွားမယ်လို့ မြန်မာအစိုးရက ပြောထားတာပါ။ ဘယ်လိုပြင်ဆင်မှုတွေ ရှိနေသလဲဆိုတာကို AFP သတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
ဒါက ကျနော်တို့ရဲ့ အိမ်နံပါတ်ပြားပါ ။ ကျနော်တို့ဆီမှာက အိမ်တိုင်းမှာ ဒီလို နံပါတ်ပြားတွေ တပ်ရပါတယ်။ အခုလို ထွက်ပြေးရချိန်မှာ ကျနော်တို့ အဲဒီဒေသမှာ နေခဲ့တယ်ဆိုတာကို သက်သေပြနိုင်ဖို့ ၊ တခုခုတော့ ယူသွားရမယ်ဆိုတာ သိတဲ့အတွက် ဒီအိမ်နံပါတ်ပြားကို သယ်လာခဲ့တာပါ။ ဒါက အရေးကြီးပါတယ်။ ကျနော်တို့ မူလက ဘယ်မှာနေခဲ့သလဲဆိုတာ ပြောပြနိုင်ဖို့ ကျနော်တို့ ဘယ်ကိုသွားသွား ဒီနံပါတ်ပြားကို သယ်သွားရမှာပါ။
ကမ္ဘာကျော် ဧဝရက်တောင်ကို တက်ခဲ့ဖူးတဲ့ လူငယ်တဦးပါဝင်တဲ့ မြန်မာတောင်တက်သမား ၃ဦးဟာ ကချင်ပြည်နယ်မှာရှိတဲ့ မြန်မာနိုင်ငံရဲ့အမြင့်ဆုံး ခါကာဘိုရာဇီ တောင်ထိပ်ကို အရောက်တက်နိုင်ဖို့ ကရင်ပြည်နယ်မှာ သီတင်း၂ပတ်ကြာ လေ့ကျင့်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်