သြဂုတ် ၁၆၊ ၂၀၁၈ - တရားဥပဒေ စိုးမိုးရေး အကောင်အထည်ပေါ်ဖို့ အလွန်အရေးကြီးချိန်မှာ ရှေးဟောင်း ကျေးလက်ဓလေ့ကြောင့် တရားမျှတမှုရဖို့ အခက်အခဲ ရှိနေပုံကို ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အာရှတလွှားမှာ အခြား လူမျိုးစုတွေနဲ့မတူပဲ တမူထူးခြားတဲ့ လည်ပင်းကြေးကွင်းပတ် အမျိုးသမီးတွေကို ၊ ကမ္ဘာလှည့်ခရီးသွားတွေက အထူး စိတ်ဝင်စား ကြပြီး အခုတော့ မျိုးဆက်သစ် အမျိုးသမီးငယ်တွေက သူတို့ ဘိုးဘေးဘီဘင်တွေလို လည်ပင်းမှာ ကြေးကွင်းပတ်ဖို့ ငြင်းဆန်လာကြပါတယ်။
ရန်ကုန်ဆေးရုံကြီးကို နိုင်ငံတကာအဆင့်မှီ ဆေးရုံကြီးဖြစ်လာအောင် ပြုပြင်ဖို့ စီစဉ်နေချိန်မှာပဲ မနေ့ညက မီးလောင်မှုဖြစ်သွားခဲ့ပါတယ်။ ကင်ဆာရောဂါကု ပြင်ပလူနာဌာနမှာ သြဂုတ်လ(၁၃)ရက် တနင်္လာ ညဦးပိုင်းက မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတချို့ ရှိခဲ့ပေမယ့် အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာ ရတာမျိုး မရှိခဲ့ဘူးလို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် ၉၊ ၂၀၁၈ - မြန်မာ့တရားရုံးက ကြားနာမှုတွေကို လေ့လာတဲ့အခါမှာ တရားမျှတမှု ကင်းမဲ့နေတာတွေ့ရကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
၁၉၈၇ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မဆလအစိုးရက ကျပ်ငွေစက္ကူကို ရုတ်တရက်ဖျက်သိမ်းလိုက်ပြီး ပြည်သူတွေပြေလည်အောင် ပြန်ပြီး မဖြေရှင်းပေးခဲ့တာရယ်၊ ၁၉၈၈ မတ်လမှာ RIT စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကို လုံထိန်းတပ်တွေက ပစ်ခတ်သေဆုံး သွားတဲ့ မကြေနပ်မှုတွေကြောင့် နောက်ဆုံးမှာ ၈၈၈၈ လူထုအုံကြွမှုကြီး ပေါ်လာရတာဖြစ်ပါတယ်။
၈၈၈၈ လူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့တဲ့ အကျိုးဆက်ကြောင့်၊ မြန်မာ့နိုင်ငံရေးမှာ ဒီကနေ့ အပြောင်းအလဲတွေဖြစ်လာတာကို မြင်တွေ့နေရပြီ ဖြစ်ကြောင်း တချိန်က အဝေးရောက် ညွန့်ပေါင်အစိုးရရဲ့ဝန်ကြီးချုပ်က ပြောဆိုလိုက်သလို၊ ၈၈၈၈ လှုပ်ရှားမှုရဲ့ ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ဆိုရင် ခေါင်းဆောင်တွေကြား အတ္တမာနတွေ လျော့ချပြီး ညီညွတ်စွာနဲ့ လက်တွဲလုပ်ဆောင်ဖို့ လိုပြီလို့ ၈၈၈၈ လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဆရာဝန်တဦးကလည်း ပြောကြားလိုက်ပါတယ်။
သြဂုတ် ၂၊ ၂၀၁၈ - စစ်အာဏာရှင်ခေတ်က ကျင့်သုံးခဲ့တဲ့ တရားစီရင်ရေးဓလေ့က အကျင့်ဆိုးတွေ သက်ဆိုးရှည်နေပုံကို ဦးအောင်ခင်က ရေးသားပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လထဲကစလို့ မြန်မာနိုင်ငံမှာ ရေဘေးသင့်ပြည်သူ ၁သိန်း ၄သောင်း ၈ထောင်လောက် ရှိလာနေပါပြီ။ အဲဒီ ရေဘေးသင့် ပြည်သူတွေ လိုအပ်နေတာကို ကူညီကယ်ဆယ်နိုင်ဖို့ ကျနော်တို့ ကုလသမဂ္ဂအေဂျင်စီ အများအပြားနဲ့ NGO တွေက မြန်မာအစိုးရ တာဝန်ရှိ သူတွေနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး ကူညီသွားနိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။
ဥရောပရောက် ကချင်အဖွဲ့အစည်းတွေအနေနဲ့ ဂျာမနီနိုင်ငံမှာ ဇူလိုင်လ ၂၇ရက်နေ့ကနေ ဇူလိုင်လ ၂၉ရက်နေ့ အထိ ကချင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအရေးကို နိုင်ငံတကာ နိုးကြားမှုရရှိစေရေး ဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ် ။
၂၀၁၇ သြဂုတ်လကဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည် (၇)သိန်းတို့ရဲ့ပြဿနာ တနှစ်လောက် ရှိလာချိန်မှာ၊ ဒီပြသနာကို ရှေ့ဆက်ဘယ်လို ကိုယ်တွယ်ဖြေရှင်းသင့်သလဲ- ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက Heritage Foundation မှာ ဇူလိုင်(၃၀)ရက် မနေ့တုန်းက ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ တိမ်းစောင်း ပြိုလဲနေတဲ့ အခြေနေကိုရောက်နေပြီလို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဝန်ခံပြောဆိုလိုက်ပြီး တသက်လုံးမှာ မကြားဖူးခဲ့တဲ့ တရားရုံး ဆုံးဖြတ်ချက်တွေကို ကြားနေရတာကြောင့် ဒါတွေကို ပြန်လည် တည့်မတ်ဖို့အတွက် အဆင့်ဆင့် တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်ဆောင်သွားကြဖို့ ညွှန်ကြားလိုက်ပါတယ်။
ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ မြန်မာနိုင်ငံမှာ အခြားဘာသာဝင်တွေနဲ့ ဖြစ်တဲ့ပဋိပက္ခတွေကြောင့် ကမ္ဘာ့ အလယ်မှာ မြန်မာ့ပုံရိပ် ကျဆင်းနေတာကို ကာကွယ်မြှင့်တင်သွားဖို့နဲ့ ပဋိပက္ခနည်းတဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်လာစေရေးရည်ရွယ်ပြီး ပထမအကြိမ်မြောက် ဥရောပ ဗုဒ္ဓဘာသာ လူငယ်ဖိုရမ်ကို ဒိန်းမတ်နိုင်ငံမှာ ကျင်းပနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့နေထိုင်ရာ စခန်းတွေထဲ ကောင်းမွန်စွာ ထိန်းချုပ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေးတပ်ဖွဲ့ BGB ရဲ့ ညွှန်ကြားရေးမှူးချုပ် Mohammad Zahid Hasan က မနေ့က ပြောကြား လိုက်ပါတယ်။ ရိုက်တာသတင်းကိုအခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပေးမှာပါ။
ဘင်္ဂလားဒေ့ရှ်နယ်စပ်တပ်ဖွဲ့နဲ့ အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တာဝန်ရှိသူတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်မယ့် အန္တရာယ်ကို ဘယ်ကိုကာကွယ်သွားကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။
ဇူလိုင် ၂၅၊ ၂၀၁၈ - တိုင်းရင်းသားတပ်ဖွဲ့ ချုပ်ကိုင်တဲ့ ဒေသတရားစီရင်ရေးအကြောင်း ဦးအောင်ခင် က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားဒေသမှာ စစ်ပွဲတွေ လျော့ကျရေးနဲ့ အထူးသဖြင့် ကချင်ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေဆီကို နိုင်ငံတကာ အကူအညီတွေ ပိုမိုရရှိစေရေး နည်းလမ်းရှာသွားဖို့ရည်ရွယ်ပြီး၊ ကနေဒါအခြေစိုက် ကချင်တိုင်းရင်းသားအစည်းအရုံးက ကနေဒါ-မြန်မာ ချစ်ကြည်ရေး ပါလီမန်အမတ်များအဖွဲ့ တာဝန်ရှိသူတွေနဲ့ မနေ့တုန်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
နယူးယောက်မြို့ Brooklyn အရပ်ဒေသမှာ အသတ်ခံရပုံရတဲ့ မြန်မာနွယ်ဖွား သူနာပြုဆရာမ ဒေါ်ကြည်မာသိန်းဟာ စိတ်သဘောထား ကောင်းသူ တဦးဖြစ်ပြီး ရန်ညှိုးရန်စ နည်းသူတဦးဖြစ်တယ်လို့ သူနဲ့ရင်းနှီးခင်မင်သူတွေက ပြောဆိုလိုက်ကြပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခကိုဖြေရှင်းရာမှာ ထိရောက်တဲ့တိုးတက်မှု တစုံတရာ မရှိဘူးဆိုပြီး နိုင်ငံတကာအကြံပေးအဖွဲ့ရဲ့ လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးဖြစ်သူ မစ္စတာ Kobsak Chutikul ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက နုတ်ထွက်သွားပါတယ်။ သူ့ရဲ့နုတ်ထွက်မှုကြောင့် မြန်မာအစိုးရရဲ့ ရခိုင်အရေးကြိုးပမ်းမှုအပေါ် နိုင်ငံတကာအမြင်တွေက သိပ်ပြီး ထိခိုက်နိုင်စရာ မရှိဘူးလို့ သုံးသပ်တာတွေ လည်းရှိနေပါတယ်။
ဇူလိုင် ၁၉ ၂၀၁၈ - တရားဥပဒေဆိုင်ရာ ဗဟုသုတ ပြန့်ပွားဖို့ တရားရေးဌာနက ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ ဥပဒေက ဘယ်လိုအကာကွယ်ပေးပြီး တရားမျှတမှု ရအောင် ဘယ်လိုလုပ်တယ် ဆိုတာကိုပြနိုင်ဖို့ လိုပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က ရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထား ပါတယ်။
နိုင်ငံရေးမှာ လက်နက်နည်းတဲ့ဖြေရှင်းတာဟာ ပြဿနာကို ပြေလည်စေမယ့်နည်းလမ်း မဟုတ်ဘူးလို့ အာဇာနည် ဦးဘဝင်းရဲ့သား ဒေါက်တာ စိန်ဝင်းက (၇၁)နှစ်မြောက် အာဇာနည်နေ့မှာ ပြောကြားလိုက်ပါတယ်။ အာဇာနည်နေ့ အခမ်းအနားတရပ်ကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ ကျင်းပစဉ် ပြောဆိုခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်