ရုရှားနိုင်ငံက ကမ္ဘာ့ဖလားဘောလုံးပွဲကို လာကြည့်ကြတဲ့ တကမ္ဘာလုံးက ပရိသတ်တွေဟာ ဆိတ်စွပ်ပြုတ်၊ ကာဗီယာငါးဥနဲ့ နွားပေါက်စရဲ့လျှာစတဲ့ ရုရှားဟင်းလျာတွေကို အကြိုက်တွေ့နေကြပါတယ်။ VOA သတင်းထောက် Mariama Diallo ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ရုရှားနိုင်ငံက ကမ္ဘာ့ဖလားဘောလုံးပွဲကို လာကြည့်ကြတဲ့ တကမ္ဘာလုံးက ပရိသတ်တွေဟာ ဆိတ်စွပ်ပြုတ်၊ ကာဗီယာငါးဥ နဲ့ နွားပေါက်စရဲ့ လျှာ စတဲ့ ရုရှားဟင်းလျာတွေကို အကြိုက်တွေ့နေကြပါတယ်။
ဇူလိုင် ၁၂၊ ၂၀၁၈ - ဘယ်အစိုးရကပဲတက်တက် နိုင်ငံ့ဝန်ထမ်းစနစ် (သို့မဟုတ်) အစိုးရအမှုထမ်းစနစ် ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည်မှာလည်း နိုင်ငံ့ဝန်ထမ်း ပြုပြင်ရေးကို NLD အစိုးရ အကောင်အထည်ဖေါ်နေကြောင်း ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး (၂၁)ရာစုပင်လုံ တတိယအကြိမ် ညီလာခံဖွင့်ပွဲနေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသွားတဲ့ အချက်တွေကိုကြည့်ရင် အပစ်ရပ်ငြိမ်းချမ်ရေး အလားအလာဟာ ပိုပြီး ဝေးကွာသွားစေမယ့် သဘောရှိကြောင်း ပြည်ပအခြေစိုက် တိုင်းရင်းသားအရေး လှုပ်ရှားသူတချို့က သုံးသပ်လိုက်ကြပါတယ်။
ထိုင်းနိုင်ငံက ဂူထဲမှာ ကျန်နေသေးတဲ့ ကျောင်းသားငယ် (၈)ယောက်နဲ့ သူတို့ဘောလုံးအသင်းနည်းပြတို့ကို ကယ်ထုတ်ရေးလုပ်ငန်းစဉ် ဒုတိယအဆင့်ကို မကြာခင် ပြန်စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ တနင်္ဂနွေနေ့က ကယ်ထုတ်ထားပြီဖြစ်တဲ့ ကလေး(၄)ဦးကတော့ ဆေးရုံမှာ ဆေးကုသမှုခံယူ နေကြပါတယ်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်အတွင်းက လှိုဏ်ဂူထဲမှာ သီတင်း နှစ်ပတ် ကျော်ကြာ ပိတ်မိနေတဲ့ ထိုင်းကျောင်းသားလေးတွေနဲ့နည်းပြကို ကယ်ထုတ် နိုင်ရေးအတွက် ရေအောက် ထဲ လေမှုတ်ထားတဲ့ ပိုက်လုံးကြီးတခုသွယ်တန်းပြီး ကယ်ထုတ်ဖို့ကိုလည်း စဉ်းစားနေကြပါတယ်။
ဇူလိုင် ၅၊ ၂၀၁၈ - အခွန်ဆောင်ရမယ့်တာဝန်ကို မြို့နေလူတန်းစားက သဘောပေါက်ပေမယ့် မြန်မာအစိုးရရတဲ့ အခွန်ဝင်ငွေဟာ အလွန်နည်းပါတယ်။ ဒါကြောင့် အခွန်အကောက်နဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဉ်လုပ်ပြီး ပြည်သူတွေ ယုံကြည်လာအောင်လုပ်တာက ပိုထိရောက်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ လာမယ့်ရက်ပိုင်းအတွင်း မိုးသည်းထန် လာနိုင်တာကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းကျောင်းသား ဘောလုံး အသင်းနဲ့ နည်းပြကို အန္တရာယ်ကင်းစွာနဲ့ ကယ်ထုတ်နိုင်ဖို့ ထိုင်းအာဏာပိုင်းတွေ နည်းလမ်းရှာနေကြပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ အမှုနဲ့နီးစပ်တဲ့ နောက်ထပ် တရားလိုပြသက်သေကို တရားရုံးက ထွက်ဆိုခွင့်ပေးမယ်ဆိုရင် အမှုမှန်ပေါ်ပေါက်ရေး ပိုပြီးနီးစပ်လာနိုင်ပေမယ့် တရားရုံးက ဒါကိုငြင်းဆန်နေဆဲဖြစ်တယ်လို့ ဦးကိုနီ ဦးနေဝင်းတို့ရဲ့ အမှုလိုက်အဖွဲ့ဝင် ရှေ့နေတဦးက ပြောပါတယ်။
ဇွန် ၂၈၊ ၂၀၁၈ - ဒီတပတ်မှာတော့ မြန်မာပြည်က တရားရုံးတွေ အဂတိလိုက်စားပုံကို ဦးအောင်ခင်က သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထား ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းစရာမလိုပဲ အရေးကြီးတဲ့ ကဏ္ဍတွေမှာ ဆက်လက် ချုပ်ကိုင်နိုင်စွမ်း ရှိနေသေးတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။ ဇွန်လဆန်းပိုင်းတုန်းက နေပြည်တော်မှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေးမှာ ၊ တပ်မတော်က အာဏာပြန်သိမ်းဖို့အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့တယ်ဆိုပြီး ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာပါ ဆောင်းပါးနဲ့ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေဘက်က ငြင်းဆိုချက်တွေ ထွက်ပေါ်လာအပြီး အဲဒီလို သုံးသပ် ပြောဆိုလိုက်ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ IDP စခန်းတွေ ပိတ်သိမ်းပြီး ဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေးအတွက် မဆောင်ရွက်ခင်မှာ ဆယ်စုနှစ်များစွာ ကြာလာပြီဖြစ်တဲ့ ပြည်တွင်း စစ်ရဲ့ အဓိကအကြောင်းတွေကို အစိုးရက အရင်ဆုံးအလေးထား ဖြေရှင်းသင့်တယ်လို့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်း (၁၀၈)ဖွဲ့က NLD အစိုးရထံရေးသားတဲ့ ဇွန်လ(၂၆)တနင်္လာနေ့ကရေးတဲ့ အိပ်ဖွင့်ပေးစာမှာ တိုက်တွန်းလိုက်ပါတယ်။ ြ
ဇွန် ၂၁၊ ၂၀၁၈ - ဒီတပတ်မှာတော့ မြန်မာ့တရားစီရင်ရေးအကြောင်း ဦးအောင်ခင်က လေ့လာသုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဇွန်လ(၁၉)ရက် ဒီကနေ့မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၃)နှစ်မြောက်မွေးနေ့ ပွဲတွေကို ဥရောပနဲ့ အာရှနိုင်ငံ တချို့တို့မှာ ကျင်းပခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ပါစေကြောင်းကိုလည်း ဆုတောင်းပေးကြတာ တွေ့ရပါတယ်။
ဇွန် ၁၈၊ ၂၀၁၈ - မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ထဲထဲဝင်ဝင် ပါဝင်ခွင့်မရတဲ့ အကန့်အသတ်တွေ ရှိနေတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လက်ခံရေး မြန်မာအစိုးရထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို ဒုက္ခသည်တွေ အပြည့်အစုံမရတာကြောင့် ဒုက္ခသည် ပြန်လာမယ့်အစီအစဉ် နှောင့်နှေးနေရကြောင်း မြန်မာအစိုးရတာဝန်ရှိ ဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေဖက်က ထဲထဲဝင်ဝင် ပါဝင်ခွင့်မရတဲ့ အကန့်အသတ်တွေ ရှိနေတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုကို ခေတ္တရောက်ရှိစဉ်မှာ ဒေါ်ခွန်ဂျာကို VOA စတူဒီယိုမှာ ကိုဉာဏ်ဝင်းအောင်က တွေ့ဆုံ မေးမြန်းထားတာပါ
ဂျပန်နိုင်ငံဟာ လက်ရှိ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ဖွံံ့ဖြိုးရေးလုပ်ငန်တွေမှာ အဓိက အကူအညီပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံအတွက် မဟာဗျူဟာကျတဲ့ နိုင်ငံတခုဖြစ်တာကြောင့် ဂျပန်အစိုးရက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကူအညီတွေ အများကြီးပေးဖို့ ပြင်ဆင်ထားတာတွေ့ရတယ်လို့ ဂျပန်မြန်မာအရေး ကျွမ်းကျင်သူတဦးက ပြောကြားလိုက်ပါတယ်။
ဇွန် ၁၄၊ ၂၀၁၈ - အမျိုးသမီးတွေ တန်းတူရည်တူ အခွင့်အရေးရရှိဖို့ ပြောဆိုနေတဲ့ မြန်မာပြည်မှာ အမျိုးသမီးပါဝင်တဲ့ အခန်းကဏ္ဍအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင် နဲ့အတူ တင်ပြထားပါတယ်။
ဇွန် ၇၊ ၂၀၁၈ - ရွေးကောက်ပွဲတွေ စတင်ခဲ့ပြီးနောက်ပိုင်း ဦးသိန်းစိန်အစိုးရ ဖွဲ့စည်းချိန်ကစလို့ နိုင်ငံခြားကူညီထောက်ပံ့မှုတွေ တိုးလာပါတယ်။ အလကားရတဲ့ ထောက်ပံ့မှုတွေ ရှိသလို၊ အတိုး သက်သာတဲ့ ချေးငှားမှုတွေလည်းရှိတဲ့အကြောင်း ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင် နဲ့အတူ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်