ရခိုင်မြောက်ပိုင်းအရေးမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပွင့်လင်းမြင်သာစွာနဲ့ စုံစမ်းစစ်ဆေး အရေးယူနိုင်ရေး အကောင်ထည်ဖေါ် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာအစိုးရကို ပေးပို့တဲ့စာမှာ တိုက်တွန်းထားကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။
ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရက ကော်မရှင် အသစ်တခု ထပ်မံဖွဲ့စည်းမယ့်အကြောင်း ကြေညာလိုက်တဲ့ အပေါ် သတိနဲ့တုံ့ပြန်ကြိုဆိုမှုတွေ ထွက်ပေါ်လာပါတယ်။
မေ ၃၁၊ ၂၀၁၈ - NLD အစိုးရရဲ့ ဖွံ့ဖြိုးရေးလမ်းစဉ်နဲ့ နိုင်ငံခြား ထောက်ပံ့မှု ဆက်စပ်နေပုံကို ဦးအောင်ခင်က သုံးသပ်ရေးသားထားပြီး ကိုဉာဏ်ဝင်းအောင် နဲ့အတူ တင်ပြထားပါတယ်။
မြန်မာနိုင်ငံက တက္ကသိုလ်၊ ကောလိပ်ကျောင်းတွေမှာ လုပ်နေတဲ့ စာတမ်းဖတ်ပွဲ ဆွေးနွေး ဟောပြောပွဲတွေ အပေါ် ကန့်သတ် ချုပ်ချယ်တဲ့ အမိန့်ကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာဟာ တက္ကသိုလ်တွေမှာ ရှိသင့်တဲ့ အစဉ်အလာကနေ သွေဖီလိုက်တာဖြစ်သလို၊ ပြည်သူတွေ သွားချင်တဲ့ ဒီမိုကရေစီ ပညာရေးစနစ်ကို နောက်ပြန်ဆွဲ သွားနေခြင်းသာဖြစ်တယ်လို့ ပညာရေးလောက ပညာရှင်တချို့က ဝေဖန် လိုက်ပါတယ်။
မြန်မာစံတော်ချိန် စနေည သန်းကောင် ၁ နာရီ ၁၅ မိနစ်လောက်မှာ ဥရောပထိပ်သီး ဘောလုံးကလပ်အသင်း ၂ သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ ရီးယဲလ်မက်ဒရစ်တို့ ၂၀၁၈ ခုနှစ်အတွက် UEFA ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကိယက်ဗ်မြို့မှာ ဆင်နွှဲကြမှာ ဖြစ်ပါတယ်။
AA ခေါ် ရခိုင်တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အစိုးရတပ်မတော်က တပ်ဖွဲ့ဝင် ၃ ဦးကို စစ်သုံ့ပန်း ဥပဒေအတိုင်း ထိန်းသိမ်းထားပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း AA တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ထိုင်ဝမ်ကျွန်း တိုင်ပေမြို့မှာ ကျင်းပတဲ့ Art Revolution Taipei 2018 ARTအနုပညာ လက်ရာပြပွဲမှာတော့ မြန်မာပန်းချီဆရာက ပထမဦးဆုံးအဖြစ် အဲဒီပြပွဲမှာ ဝင်ရောက်ပြသခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို မြန်မာငွေစက္ကူနဲ့ ဒီဇိုင်းလုပ်ထားတဲ့ သူ့ရဲ့ အနုပညာလက်ရာကို ပြသခဲ့ပါတယ်။ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
မေ ၂၄၊ ၂၀၁၈ - အရင်အစိုးရတွေလက်ထက်က ချေးယူထားခဲ့တဲ့ နိုင်ငံခြားကြွေးမြီတွေကို လက်ရှိအစိုးရက မကြာသေးမီက တချို့တဝက် ပြန်ဆပ်လိုက်ပါတယ်။ အရင်အစိုးရအဆက်ဆက်က ချေးယူထားခဲ့တဲ့ အကြွေးကို ပထမဆုံးအကြိမ်အဖြစ် အစိုးရက ပြန်ဆပ်ဖြစ်ပါတယ်။ တိုင်းပြည်မှာ ပြည်ပကြွေးမြီဆပ်နိုင်ရည် ရှိမရှိ ဦးအောင်ခင်က ရေးသားပြီး ကိုဉာ
ရခိုင်အရေးကိစ္စကြောင့် နိုင်ငံတကာမှာ ကန့်ကွက်ဆန္ဒပြမှုတွေ ကြုံနေရချိန်မှာ၊ ဆန္ဒပြမှုတွေ ပြင်းထန်တဲ့ နိုင်ငံအချို့မှာတော့ မြန်မာသံရုံးလုံခြုံရေးတွေကို ယခင်ကထက်ပိုပြီး လုံခြုံရေးတိုးမြှင့်လာပါတယ်။
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် တနေ့တခြား များလာတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေသူတွေကို ကူညီစောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေကို ပိုရလာအောင် ရှာဖွေသွားကြဖို့ ပြည်ပရောက် ကချင်တိုင်းရင်းသားများ ညီလာခံ (World Kachin Congress) ကနေ ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာ့လူ့အခွင့်အရေး အခြေအနေတွေအပေါ် တုံ့ပြန်အရေးယူဖို့ ရည်ရွယ်ပြီး အမေရိကန်အောက် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ဥပဒေကြမ်းတခုအတည်ပြုလိုက်တာဟာ အကျိုးမရှိနိုင်တဲ့ အတွက် ပြန်လည်စဉ်းစားဖို့ မြန်မာအစိုးရက တုံ့ပြန်ပါတယ်။
မေ ၁၆၊ ၂၀၁၈ - သဘာဝ သယံဇာတနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေကို ဖက်ဒရယ်နည်းအရ ခွဲဝေသတ်မှတ်နိုင်ရင်လည်း ပဋိပက္ခကို ဖြေရှင်းနိုင်ဖွယ်ရှိကြောင်း သုံးသပ်ထားတဲ့ စာတမ်းအကြောင်းကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကချင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်က စစ်အင်အား တိုးချလာတာကြောင့် လာမယ့် မိုးရာသီကာလမှာ ထိုးစစ်တွေ ရှိလာ နိုင်တယ်လို့ KIA တပ် စစ်ခေါင်းဆောင်တချို့က သုံးသပ်ပါတယ်။ KIA ကချင်တပ်မဟာ(၈) တပ်ရင်း(၅)နယ်မြေဖြစ်တဲ့ မိုးညှင်းမြို့ဘက်မှာ အစိုးရတပ်က စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတာကိုကြည့်ရင် လာ့မယ်ကာလအတွင်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
တိုင်းရင်းသားဒေသတွေက စစ်ပွဲတွေ ရပ်တန့်စေရေးနဲ့ ကချင်ပြည်နယ် စစ်ပွဲကြောင့် ပိတ်မိနေတဲ့ စစ်ရှောင်ဒုက္ခသည်တွေ ကယ်ထုတ်နိုင်ရေး အတွက်၊ ဒီကနေ့ ရန်ကုန်မြို့မှာ ငြိမ်ချမ်းရေးလမ်းလျှောက် ဆန္ဒပြပွဲကို ရာချီတဲ့ ရဲအင်အားတွေနဲ့ ပိတ်ဆို့တားဆီးခဲ့ပြီး၊ အနည်းဆုံး ဆန္ဒပြသူ(၉)ဦး အဖမ်းခံလိုက်ရပါတယ်။
မလေးရှားနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ အုပ်ချုပ်လာတဲ့ အာဏာရပါတီကို ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ဦးဆောင်တဲ့ အတိုက်အခံ ညွန့်ပေါင်း အင်အားစုတွေက ရွေးကောက်ပွဲမှာ အနိုင်ရသွားပါပြီ။ ဒေသတွင်းက ထူးခြားတဲ့ နိုင်ငံရေး အခြေအနေတွေကို စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ မြန်မာ့အရေး အကဲခတ်တွေကတော့၊ မလေးရှားနိုင်ငံရေး အပြောင်းအလဲကနေ မြန်မာ့နိုင်ငံ အနေနဲ့ သင်ခန်းစာယူစရာတွေ ရှိနေတယ်လို့လည်း မြင်ကြပါတယ်။
မေ ၁၀၊ ၂၀၁၈ - ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့စစ်ပွဲဟာ ကျောက်မျက် သယံဇာတ လိုချင်လို့ ဖြစ်ပွားတဲ့ စစ်ဆင်ရေးဖြစ်ကြောင်း ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကချင်ဒေသ စစ်ပွဲတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေကို ကယ်ထုတ်ရေးလုပ်ငန်းမှာ မြန်မာ့တပ်မတော်က ပါဝင်လာမယ်ဆိုရင် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဥရောပတိုက်မှာ ငြိမ်းချမ်းရေးနဲ့ ဗုဒ္ဓ သာသနာ ပိုမိုကျယ်ပြန့်လာစေဖို့ ရည်ရွယ်ပြီးကျင်းပမယ့် ပထမဆုံး အကြိမ်မြောက် ဥရောပ ဗုဒ္ဓဘာသာလူငယ်များ ဖိုရမ်ကို လာမယ့် ဇူလိုင်လထဲ ကျင်းပမှာ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေမှာ မြန်မာနိုင်ငံကနေ ရောက်ရှိအခြေချလာကြတဲ့ ဗုဒ္ဓဘာသာဝင် လူငယ်တွေကြား ချစ်ကြည်ရင်းနှီစေမယ့် ကွန်ယက်တခု ထူထောင်သွားနိုင်ဖို့ကိုလည်း ဗုဒ္ဓဘာသာလူငယ်များ ဖိုရမ်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂ ရက်ကြာကျင်းပနေတဲ့ ၄၅ ကြိမ်မြောက် OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီ ညီလာခံမှာ ရိုဟင်ဂျာအရေးက အဓိကလွှမ်းမိုးနေပြီး၊ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းမှာ အကြောက်တရား ကင်းဝေးပြီး၊ ဂုဏ်သိက္ခာရှိစွာနဲ့ ပြန်လည်အခြေချနိုင်ရေး အတွက် မြန်မာအစိုးရကို ဖိအားပေး တိုက်တွန်းသွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထား ပါတယ်။
မေ ၃၊ ၂၀၁၈ - Facebook လူမှုကွန်ယက်မှာ အမုန်းစကား ပြောဆိုရေးသားတာကြောင့် မြန်မာပြည်က လူမျိုးရေး ဘာသာရေးပဋိပက္ခတွေ သက်ဆိုးရှည် နေတာလို့ မြင်ကြပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်