မြန်မာနိုင်ငံကို လာရောက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သံတမန်အဖွဲ့နဲ့ ပြောဆိုဆွေးနွေးမှုတွေမှာ ဒုက္ခသည်တွေ ပြန်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု နည်းပါးစွာနဲ့ အပြစ်မြင်တဲ့သဘောမျိုး ဆွေးနွေးဆက်ဆံတာကို သတိပြုမိကြောင်း သံတမန်တွေနဲ့ ဆွေးနွေးပွဲကို တက်ရောက်သူတချို့ကပြောပါတယ်။
တောင်-မြောက် ကိုရီးယား ၂ နိုင်ငံခေါင်းဆောင်တွေကြား နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ သမိုင်းဝင် တွေ့ဆုံမှုအပေါ် နိုင်ငံတကာနည်းတူ ကြိုဆိုအသိအမှတ်ပြုမှာဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။
ဧပြီ ၂၆၊ ၂၀၁၈ - စနစ်ဟောင်း အကျင့်ဟောင်းရဲ့ဆိုးဝါးတဲ့ အကျိုးဆက်တွေကိုရင်ဆိုင်ပြီး လုပ်ကိုင်နေရတဲ့ NLD အစိုးရဟာ အိုမင်းရင့်ရော်လာတဲ့ ခေါင်းဆောင်ပိုင်း ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Sam Brownback က ရခိုင်ပြည်နယ်အရေး သတင်းစုံစမ်းဖေါ်ထုတ်ခဲ့တဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။
ဧပြီ ၁၉၊ ၂၀၁၈ - ပြည်ထောင်စု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ NLD ခေါင်းဆောင်ပိုင်းက ချပေးတဲ့ ပါတီလိုင်းအတိုင်း လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်ကိုင်ကြရပုံကို ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဒီနှစ်မှာတော့ လမ်းလျှောက်သင်္ကြန်က ရန်ကုန်မှာ ထူးထူးခြားခြား လုပ်တယ်ဆိုတော့ တော်တော်လေး ဆင်နွှဲကြတာ တွေ့ရတယ်ဗျ။ အဓိကအားဖြင့်တော့ လမ်းလျှောက်သင်္ကြန်က ရန်ကုန် မြို့တော်ခမ်းမရှေ့ မဟာဗန္ဓုလပန်းခြံ လမ်းတလျှောက်မှာ သူတို့က ဒီ လမ်းလျှောက်သင်္ကြန် ဆိုပြီးတော့ ရန်ကုန်တိုင်း အစိုးရက စီစဉ်တယ်၊ ဆိုင်းဘုတ်တွေ ဘာတွေနဲ့ သူတို့က သေချာလုပ်တယ်။ စတုဒီသာတွေ ဘာတွေကျွေးတယ်။ နောက် လာတဲ့သူတွေကိုလည်း အချင်းချင်း ရေပက်လို့ရအောင် ရေတွေကအစ အားလုံး စီစဉ်ပေးထားတယ်။"
၂၀၁၈ အတာသင်္ကြန်ပွဲတော်ဟာ အရင်ထက်စာရင် ခိုက်ရန်ဖြစ်ပွားမှု လျော့နည်း လာသလို၊ သင်္ကြန်ပွဲကျင်းပပုံ ပုံသဏ္ဍန် အပြောင်းအလဲတွေ ကြောင့်လည်း ပြည်သူတွေ ပျော်ရွှင်နေတာကို ပိုမြင်လာရတယ်လို့သင်္ကြန်မဏ္ဍပ်တွေမှာ လိုက်လံဖျော်ဖြေနေကြတဲ့ အနုပညာရှင်တချို့က ပြောဆိုပါတယ်။ လမ်းလျှောက်သင်္ကြန်က လူတွေအတွက် ပိုပျော်စရာကောင်းလာတယ်လို့ ပြောပါတယ်။
ဧပြီ ၁၂၊ ၂၀၁၈ - မြောက်ကိုရီးယားအစိုးရဟာ ပိတ်ပင်ထားတဲ့ပစ္စည်းတွေကို မြန်မာနဲ့ အခြားနိုင်ငံအချို့ကို တင်ပို့နိုင်တဲ့အတွက် လွန်ခဲ့တဲ့နှစ်က ဒေါ်လာသန်းနှစ်ရာလောက် ရရှိခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဆီးရီးယားနိုင်ငံမှာ စနေနေ့ ညပိုင်းက အစိုးရတပ်တွေက ဓာတုအဆိပ်သုံး တိုက်ခိုက်ခဲ့တာကြောင့် ဒီလို တိုက်ခိုက်နိုင်အောင် ကူညီခဲ့တယ်ဆိုပြီး ရုရှား သမ္မတ Vladimir Putin ကိုရော အီရန်နိုင်ငံကိုပါ အမေရိကန် သမ္မတ Donald Trump က အပြစ်တင်လိုက်ပါတယ်။ Zlatica Hoke ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြပါလိမ့်မယ်။
ဧပြီ ၄၊ ၂၀၁၈ - အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် သင်္ကြန်အမြောက်လို အသံသာမြည်တဲ့လုပ်ရပ် ဖြစ်နေကြောင်း ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ တွေ့ဆုံမှု မတိုင်ခင်၊ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်တွေ တွေ့ဆုံမယ့် ထိပ်သီးစည်းဝေးပွဲကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။
သမ္မတသစ် ဦးဝင်းမြင့်က သူ သမ္မတဖြစ်လာတဲ့ မတ်လ(၃၀) သောကြာနေ့မှာပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ)ကို ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။ NLD အစိုးရတက်လာပြီး ၂-နှစ်တာ ကာလအတွင်း (ကာ/လုံ)အစည်းအဝေး ခေါ်ယူကျင်းပတာမျိုး မရှိခဲ့သလို ၊ ကျန်နေသေးတဲ့ နောက်ထပ် ၃နှစ်တာ သက်တမ်းအတွင်းမှာလည်း (ကာ/လုံ)ကိုခေါ်ဖို့ အလားအလာ နည်းတယ်လို့ သုံးသပ်သူတွေရှိနေ ပါတယ်။
မတ် ၂၉၊ ၂၀၁၈ - လွန်ခဲ့တဲ့ အနှစ်(၅၀)ကျော်ကတည်းက သက်ဝင်လှုပ်ရှားလာတဲ့ မှောင်ခိုစီးပွားရေးဟာ ဒီကနေ့အထိ ရှင်သန်နေတုန်းပဲ ဖြစ်ပါတယ်။ မှောင်ခို စီးပွားရေးကြောင့် တိုင်းပြည် နစ်နာဆုံးရှုံးရပုံကို ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မတ်လ(၂၇)ရက်နေ့ကို တပ်မတော်က “တပ်မတော်နေ့”လို့ခေါ်ဝေါ်သုံးစွဲပြီး အခမ်းအနားတွေ ကျင်းပနေချိန်မှာ အာဏာရ NLD ပါတီကတော့ လူတန်းစား အလွှာအသီးသီးပါဝင် တော်လှန်ခဲ့တာကြောင့် “ဖက်ဆစ်တော်လှန်ရေးနေ့” ဆိုပြီး ရန်ကုန် ရွှေဂုံတိုင် NLD ရုံးချုပ်မှာ (၇၃)နှစ်မြောက် ဖက်ဆစ်တော်လှန်းရေးနေ့ကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
အာဏာရ NLD ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာတော့ ပါတီရဲ့ တရားဝင် ပြောရေးဆိုခွင့်ရှိသူ (၂)ဦးကို ရွေးချယ်လိုက်ပါတယ်။ ပါတီရဲ့ ပြန်ကြားရေး၊ သတင်းအချက်အလက် ဖြန့်ဝေရေး ပိုပြီးစနစ်တကျ ဖြစ်အောင် ရည်ရွယ်ချက်နဲ့ ပါတီပြောရေးဆိုခွင့်ရှိသူ အသစ်ကို ခန့်အပ်လိုက်တာဖြစ်တယ်လို့ ခန့်အပ်ခံရသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ မကြာသေးခင် ကာလတွေတုန်းက ပါတီကနေ နှုတ်ထွက်မယ်ဆိုပြီး နိုင်ငံခြားကိုထွက်သွားတဲ့ ပါတီထိပ်သီးခေါင်းဆောင် တဦး ဖြစ်သူ ဦးဝင်းထိန်ဟာလည်း ပြည်ပကနေ ပြန်ရောက်ရောက်ချင်းမှာပဲ ဒီကနေ့ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
မတ် ၂၂၊ ၂၀၁၈ - စစ်အစိုးရခေတ်မှာ အများအပြား တည်ဆောက်ခဲ့တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေအကြောင်း ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် အကျပ်အတည်းကို ရေတို၊ ရေရှည်လုပ်ငန်းတွေနဲ့ ဖြေရှင်းနိုင်ရေး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရကြား မကြာခင်မှာ နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အစီအစဉ် အသေးစိတ်နဲ့ ပတ်သက်လို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ဒီကနေ့ ဆွေးနွေးခဲ့ကြတာပါ။
သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ-သြစတြေးလျ ထိပ်သီးညီလာခံ မစတင်ခင် AI ခေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးနဲ့ အခြား လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက အာဆီယံဒေသတွင်း ဆိုးရွားနေတဲ့ ရိုဟင်ဂျာအရေးကိစ္စအပေါ် မီးမောင်းထိုးပြနိုင်ဖို့နဲ့ မြန်မာအစိုးရကို နိုင်ငံတကာက ဖိအားပေးရေး တောင်းဆိုဖို့ မတ်လ ၁၆ ရက် သောကြာဒီကနေ့မှာပဲ Sydney မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
လာမယ့် ဧပြီလဆန်းကနေ စက်တင်ဘာလကုန်အထိ ဖြစ်တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လပိုင်းအတွက် NLD မတ် ၁၄၊ ၂၀၁၈ - အစိုးရက အမျိုးသား စီမံကိန်းဥပဒေမူကြမ်းကို ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ဦးအောင်ခင် က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကမန်လူမျိုး မိသားစုတချို့ကို ရန်ကုန်မြို့မှာ ပြောင်းရွှေ့နေရာ ချလိုက်တဲ့အပေါ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တင်သွင်းတဲ့ ကန့်ကွက်အဆိုကို ကမန်လူမျိုးတွေဟာ နဂိုရှိပြီးသား တိုင်းရင်းသားတမျိုး ဖြစ်တယ်လို့ NLD ပါတီအမတ်တွေက ချေပဆွေးနွေး ခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်