မတ် ၈၊ ၂၀၁၈ - စစ်တပ်ပိုင်လုပ်ငန်းတွေက စီးပွားရေး လက်ဝါးကြီးအုပ်ထားတဲ့အတွက် အရပ်သားတပိုင်း အစိုးရအနေနဲ့ စီးပွားရေးလမ်းစဉ် အကောင်အထည် ဖေါ်ဖို့ အခက်အခဲဖြစ်နေရပုံကို ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နိုင်ငံတော်ပုန်ကန်မှုပုဒ်မ အပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်တွေမြို့နယ် တရားရုံးမှာ ဒီကနေ့ ထပ်မံ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ဘိန်း ဒုတိယအများဆုံး ထွက်တဲ့ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ ရှိလာခဲ့တဲ့ မူးယစ်ဆေးဝါး ပြသနာကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ မူးယစ်ဆေးဝါးဆိုင်ရာ မူဝါသစ်တရပ်ကို မြန်မာအစိုးရက ပြဌာန်းလိုက်တဲ့ အပေါ် နိုင်ငံတကာကရော ပြည်တွင်း လူထုအခြေပြု လူမှုအဖွဲ့စည်း တွေကပါ ကြိုဆိုလိုက်ကြပါတယ်။
မတ် ၁၊ ၂၀၁၈ - နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏများလာတိုင်း တိုင်းပြည် တိုးတက်ဖွံ့ဖြိုးတာ မဟုတ်ပါဘူး။ တိုင်းသူပြည်သားတွေကို စွမ်းရည်မြှင့်တင်ပေးတဲ့ ကုန်ထုတ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှသာ နိုင်ငံသားတွေ အကျိုးခံစားရပြီး၊ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးမယ့်အကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်း
ရက်ရွှေ့ဆိုင်းထားရတဲ့ တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို ဧပြီလကုန်ပိုင်းလောက်မှာမှ ကျင်းပနိုင်လိမ့်မယ်လို့ UPDJC တာဝန်ရှိသူတွေနဲ့ အပစ်ရပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တချို့က ပြောကြားလိုက်ပါတယ်။ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတာ မပြီးစီးမချင်း ၂၁ ရာစု ပင်လုံညီလာခံကို ပြန်စနိုင်မှာ မဟုတ်သေးဘူးလို့ ပြောဆိုကြတာပါ။
ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၈ - မြန်မာပြည်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို လက်ခံနေပြီဖြစ်ပေမယ့် စီးပွားရေးတိုးတက်မှု နှေးကွေးနေပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ရန်ကုန် ကွန်ပျူတာတက္ကသိုလ်က ထူးချွန်တဲ့ ကျောင်းသား (၃)ဦးပါ အသင်းတသင်းဟာ တရုတ်နိုင်ငံ ပီကင်းမြို့မှာ လာမယ့် ဧပြီလထဲ ကျင်းပမယ့် ၄၂ ကြိမ်မြောက် Computer Programming ကမ္ဘာ့ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသွားပါတယ်။ တကမ္ဘာလုံးမှာ ရာနဲ့ချီတဲ့ တက္ကသိုလ်တွေက ကျောင်းသားပေါင်း သောင်းနဲ့ချီ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ACM International Collegiate Programming Contest ပြိုင်ပွဲကို ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Parkland မြို့က အထက်တန်းကျောင်း တကျောင်းမှာ လူငယ်တဦးရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသူကျောင်းသားတွေ အပါဝင် လူ(၁၇)ဦး သေဆုံးခဲ့ပြီးနောက် အဲဒီဒေသက လူ့အဖွဲ့အစည်းကြားမှာ စိုးရိမ်မှုနဲ့ နေထိုင်နေရတယ်လို့ Parkland မြို့နဲ့ မလှမ်းမကမ်းမှာ နေထိုင်တဲ့ ဆူရှီလုပ်ငန်းရှင် မြန်မာတဦးက ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ လက်နက်ထိန်းချုပ် ရေးကို တင်းကြပ်စွာ လုပ်ဆောင်ဖို့ လိုတယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြတာပါ။
ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၈ - မြန်မာ့စီးပွားရေးဟာ လုပ်ငန်းရှင်တွေ မျှော်လင့်သလို တိုးတက်မှု မရှိပေမယ့် NLD အစိုးရဟာ စီးပွားရေးတိုးတက်အောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ အကိုတော်စပ်သူ ကင်ဂျုံနမ်- မလေးရှားနိုင်ငံမှာ အလုပ်ကြံခံရတာ ဒီကနေ့ဆိုရင် တနှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။ ကင်ဂျုံနမ်သေဆုံးမှု ရုံးတင်စစ်ဆေးနေတဲ့ နောက်ဆုံးအခြေနေကိုတော့ AP သတင်းတပုဒ်ပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
ဖေဖေါ်ဝါရီ ၈၊ ၂၀၁၈ - မြန်မာပြည်က စာရင်းကိုင် စာရင်းစစ်လုပ်ငန်းမှာ နိုင်ငံတကာ စံသတ်မှတ်မှုကို လိုက်နာခြင်း ရှိ၊ မရှိ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့ ပူးတွဲရေးသားထားတဲ့ စာတမ်းကို ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
(၇၁)နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားတရပ်ကို အပစ်ရပ်ထားတဲ့ ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ RCSS/SSA ဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းမှာ ဒီကနေ့ ကျင်းပခဲ့ချိန်မှာပဲ TNLA တပ်ဖွဲ့နဲ့ RCSS တပ်တွေကြား ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွား ခဲ့ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံမှုမှာပါတဲ့ သေနတ်သမား ကြည်လင်းနဲ့ အခြားအပေါင်းအပါတွေကို ထောက်ခံကြောင်းပြတဲ့ အနေနဲ့ "မင်းတို့ ထမင်းဝအောင် စားထား"ဆိုတဲ့ စတစ်ကာပါ တီရှပ်တွေဝတ်ပြီး တရားရုံးရှေ့ လာရောက်ဝန်းရံ ခဲ့ကြသူတစုကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူပေးဖို့ တာဝန်ရှိအဖွဲ့အစည်းတွေကို လာမယ့်တပတ်အတွင်း တိုင်ကြားသွားမယ်လို့ ရှေ့နေကွန်ယက် အဖွဲ့တွေက ပြောပါတယ်။
ဖေဖေါ်ဝါရီ ၁၊ ၂၀၁၈ - ၂၀၁၀ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးတဲ့ နောက်ပိုင်း၊ ပါလီမန်လွှတ်တော်စနစ် ကျင့်သုံးလာပုံအကြောင်း ပြင်သစ်ပညာရှင်တဦး ရေးသားပြုစုထားတဲ့ စာတမ်းကို ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှု သဘောတရားစာအုပ်တွေ ရေးသားခဲ့ပြီး ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအံတုမှု လှုပ်ရှားမှုကို စေ့ဆော်ခဲ့သူ နိုင်ငံရေးသိပ္ပံပညာရှင် Gene Sharp ဟာ ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု အပြောင်းအလဲ တွေမှာလည်း ဂျင်းရှပ်ရဲ့နိုင်ငံရေး အတွေးအခေါ်တွေက အများကြီး အကျိုးသက်ရောက်မှု ရှိစေခဲ့တယ်လို့ နိုင်ငံရေးလှုပ်ရှားသူ တချို့က ပြောပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ကို ရသေ့တောင် မြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မတွေနဲ့ တရားစွဲတင် လိုက်ပါတယ်။
ဇန်နဝါရီ ၂၈၊ ၂၀၁၈ - နိုင်ငံရေးအကျဉ်းသားတွေ အခုအချိန်အထိ ဆက်လက်အကျဉ်းကျ ဖမ်းဆီးခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPPB) က တွဲဖက်အတွင်းရေးမှုး ကိုဘိုကြည် က ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင် က တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရအုပ်ချုပ်ခွင့်ရပြီဆိုပေမယ့် အရင်အစိုးရတွေလိုပဲ နိုင်ငံရေးအကျဉ်းသားတွေ ခုအချိန်အထိ ဆက်လက်ဖမ်းဆီး အကျဉ်းချနေဆဲပဲလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPPB တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ အစိုးရတပ်ရဲ့လေကြောင်းပစ်ခတ် တိုက်ခိုက်မှုအတွင်း အရပ်သား(၁)ဦးသေဆုံးပြီး လူတချို့ ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ စစ်ပွဲအတွင်း ထွက်ပြေးနေရသူ ဒေသခံတွေက ပြောပါတယ်။
KIA တပ်တွေမရှိတဲ့ ဆွမ်ပရာဘွမ်မြို့နယ်မှာဆိုရင် အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် စစ်ဘေးရှောင်စခန်းက ဒုက္ခ သည်တွေဟာ အခြားလုံခြုံမယ့် နေရာတွေကို ထပ်မံတိမ်းရှောင် နေရတယ်လို့ KIA တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက VOA ကိုပြော ပါတယ်။
နောက်ထပ်ကြည့်ရှုရန်