ဇန်နဝါရီ ၂၅၊ ၂၀၁၈ - နိုင်ငံရေးလုပ်တဲ့ မြန်မာအမျိုးသမီးဦးရေ တိုးပွားလာပုံနဲ့ သူတို့ပါဝင်တဲ့အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ သုတေသန စာတမ်းအကြောင်း ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဇန်နဝါရီလကုန်ပိုင်း ကျင်းပဖို့ပြင်ဆင်ထားတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ရွှေ့ဆိုင်းလိုက်ပြီလို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။ NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ကန့်ကွက် တောင်းဆို ချက်အရ အခုလို ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ တရားမဝင်နေထိုင်ပြီး အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေဖမ်းဆီးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တောင်ကိုရီးယား အစိုးရက ညွှန်ကြားထားပြီး မြန်မာအလုပ်သမားတွေလဲ အဖမ်းအဆီးခံနေရပါတယ်။ ဖေဖေါ်ဝါရီလထဲ ဖျောင်ချန်းမြို့မှာ ကျင်းပဖို့ရှိတဲ့ ဆောင်းရာသီ အိုလံပစ်ပွဲမတိုင်ခင် တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီး ရှင်းလင်းတဲ့သဘောလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
လစ်လပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူးအတွက် မြန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှမိုးအောင်ကို ဝန်ကြီးချုပ်အနေနဲ့ ခန့်အပ်တာဝန်ပေးအပ်လိုက်ပြီဖြစ်ပါတယ်။
ဇန်နဝါရီ ၁၈၊ ၂၀၁၈ - မြန်မာ့စီးပွားရေး ပြောင်းလဲလာတာနဲ့အတူ ကျေးလက်လူနေမှုဘဝ ပြောင်းလဲလာပုံကို ဆန်းစစ်ထားတဲ့ သုတေသန စာတမ်းအကြောင်း ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမှာ ရဲတပ်ဖွဲ့နဲ့ လူထုကြားဖြစ်ခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်အတွင်း အခုအချိန်ထိ လူ(၇)ဦး သေဆုံးခဲ့ပြီး တဒါဇင်လောက် အရေးပေါ် အခြေအနေမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ရခိုင် ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အခမ်းအနား ကျင်းပခွင့်မရတာကို မကြေနပ်လို့ အင်္ဂါနေ့ညမှာ လူထုကဆန္ဒပြရာက လုံခြုံရေးတပ်ဖွဲ့ရဲ့ပစ်ခတ်နှိမ်နင်းမှုအတွင်း သေဆုံးခဲ့တာပါ။
ပါတီတာဝန်တွေကို ထမ်းဆောင်နေရင်း သြစတြေးလျနိုင်ငံမှာ ဆေးကုသဖို့ ရုတ်တရက်ထွက်ခွာသွားတဲ့ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဝင်းထိန်ဟာ ရန်ကုန်က NLD ပါတီဌာချုပ်ကို အခုချိန်ထိ တရားဝင် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းမရှိပဲ နိုင်ငံရပ်ခြားကို ထွက်သွားတာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono က ရခိုင်ပဋိပက္ခကြောင့် ထွက်ပြေးသွားပြီး နေရပ်ရင်းပြန်လာကြမယ့် ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီ အပါအဝင် ရခိုင်ဒေသခံ အမျိုးသမီးတွေကို သက်မွေးဝမ်းကြောင်းပညာ လေ့ကျင့်သင်ကြား ပေးရေးအတွက်ပါ စုစုပေါင်း ဒေါ်လာ(၂၃)သန်း ကူညီသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ကတိပြုလိုက်ပါတယ်။
သောကြာ ဒီကနေ့မှာတော့ မစ္စတာ Kono ဟာ သီလဝါ အထူးစီးပွားရေးဇုံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ဂျပန်လုပ်ငန်းရှင်တွေနဲ့ ရန်ကုန် Melia Hotel မှာ တွေ့ဆုံဖို့ ရှိသလို၊ အဲဒီကနေ နေပြည်တော်ကိုသွားရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့လည်း သွားရောက်တွေ့ဆုံဖို့ရှိပါတယ်။
ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC က ထိပ်သီးခေါင်းဆောင်တွေနဲ့ အစိုးရ/ တပ်မတော်က ထိပ်သီးခေါင်းဆောင်တွေ သီးသန့် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ UNFC ရဲ့တောင်းဆိုချက်ဟာ အကောင်ထည်ပေါ်လာဖို့ မနီးစပ်သေးဘူးလို့ အစိုးရငြိမ်းချမ်းရေးကော်မရှင် PC အဖွဲ့ဝင်တဦးက ပြောလိုက်ပါတယ်။
ကျနော်သိသလောက်ဆိုရင် ဂျပန်က စစ်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ စစ်တပ်ကို မပိုင်ဆိုင်ရဘူးလို့ မထားရဘူးလို့ ပါတော့ ကျနော်တို့ အမြင်ပြောရရင် အခြေခံဥပဒေကို ချိုးဖောက်တယ်လို့ ကျနော်ထင်တယ်။
သမ္မတဟောင်း ဦးသိန်းစိန်ပါဝင်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုဦးဆောင်ကော်မတီကို ဖျက်သိမ်းလိုက်ပြီး၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ပိုပြီးလက်ခံမယ့် ပါတီတရပ် ဖြစ်လာစေရေးအတွက် ပြင်ဆင် ဆောင်ရွက်နေတယ်လို့ ပါတီတာဝန်ရှိသူတွေ ပြောပါတယ်။ ပြည်ခိုင်ဖြိုးက ပါတီတွင်းပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်ဆိုပေမယ့် ပြည်သူတွေကတော့ ပြည်ခိုင်ဖြိုးပါတီကို နောက်တကြိမ်ရွေးချယ်ဖို့ ဆိုတာ အလားအလာနည်းတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
လူတွေဟာ အသက်ကြီးလာပြီဆိုရင် စိတ်ရော ကိုယ်ပါ ကြံ့ခိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းရပါတယ်။ ဒါပေမဲ့လည်း တောင်အာဖရိက အဖွားအိုတွေကတော့ လက်ဝှေ့ကြိုးဝိုင်းထဲဝင် လေ့ကျင့်ရင်း ဇရာကို အလဲထိုးနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ VOAသတင်းထောက် Arash Arabasadi ရဲ့ ထူးခြားဆန်းပြားသတင်းတပုဒ်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်
ဇန်နဝါရီ ၄၊ ၂၀၁၈ - မြန်မာအစိုးရရဲ့ စိုက်ပျိုးရေးအသုံးစရိတ်ဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် များနေပေမယ့် လယ်ယာဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ပဲ ဖြစ်နေပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးဖွံ့ဖြိုးအောင် ဘယ်လိုသုံးသင့်တယ်ဆိုတာကို ကမ္ဘာ့ဘဏ်က ဆန်းစစ်ထားပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ မြန်မာနိုင်ငံဘက် ပြန်လည်ဝင်လာမယ့် သူတွေကို နှစ်လအတွင်း စီစစ်လက်ခံသွားဖို့ မြန်မာအစိုးရက ကတိပြုထားအတိုင်း၊ ဆောင်ရွက်နေပေမယ့် အခုအချိန်အထိ ပြန်လာမယ်ဆိုတဲ့ စာရင်း တဦးမှ မရရှိသေးဘူးလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့တဝိုက်မှာ အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တပ်မတော်နဲ့ KIA ကချင်တပ်တွေကြား ဒီကနေ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KIA တာဝန်ရှိသူတွေက ပြောပါတယ်။ တနိုင်းဒေသ စစ်ပွဲတွေက ငြိမ်းချမ်းရေးကို ထိခိုက်စေလိမ့်မယ်လို့ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က သုံးသပ်ပါတယ်။
ဒီဇင်ဘာ ၂၈၊ ၂၀၁၇ - ကမ္ဘာ့ဘဏ်နဲ့ စီမံကိန်း ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးတွဲလေ့လာ ဆန်းစစ်ပြီး လွန်ခဲ့တဲ့ သြဂုတ်လက ထုတ်ပြန်ခဲ့တဲ့ မြန်မာ့ဆင်းရဲမှုစစ်တမ်း အကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono လာမယ့် ဇန်နဝါရီလထဲ မြန်မာနိုင်ငံကိုသွားတဲ့အခါ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာကို လူ့အခွင့်အရေးပြဿနာအဖြစ် ရှုမြင်ပြီး၊ ချည်းကပ် ဆောင်ရွက်သင့်တယ်လို့ ဂျပန်နိုင်ငံသားတချို့က တိုက်တွန်းနေပါတယ်။
မြန်မာနိုင်ငံမှာ အဖမ်းခံထားရတဲ့ Reuters သတင်းထောက် ၂ ဦးဟာ ကုလသမဂ္ဂကို ဘာသတင်းအချက်အလက်မှ ပေးပို့ခဲ့တာမျိုး မရှိဘူးလို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ငြင်းဆိုလိုက်ပါတယ်။ ဒီသတင်းထောက် ၂ ဦးကို ဖမ်းရတာဟာ အရေးကြီး စာရွက် စာတမ်းတွေ ပြည်ပသတင်းဌာနကို ပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ တရားမဝင် သတင်းရယူ ခဲ့တယ်ဆိုတဲ့ အစိုးရရဲ့ အကြောင်းပြချက်ကိုလဲ ကုလသမဂ္ဂက ပယ်ချလိုက်ပါတယ်။
ဒီဇင်ဘာ ၂၁၊ ၂၀၁၇ - မြန်မာပြည်က လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို နိုင်ငံခြားက ကူညီထောက်ပံ့နေတာဟာ ကောင်းမွန်လာနိုင်သလို ဆိုးရွားသွား နိုင်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်