မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee ကို မြန်မာနိုင်ငံဝင်ခွင့်ပေးဖို့ မြန်မာအစိုးရက ငြင်းဆန် လိုက်တာဟာ နိုင်ငံတကာ ဖိအားတွေနဲ့အတူ ပိုဆိုးရွားတဲ့အခြေအနေတွေ ပေါ်ပေါက်လာနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်လိုက် ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ၊ ပြင်းထန်တဲ့ ဆောင်းရာသီဥတုကို ကာကွယ်နိုင်ဖို့အတွက် ဒေါ်လာသန်းပေါင်များစွာကုန်ကျမယ့် အနွေးထည်ဝေငှပေးရေး အစီအစဉ်နဲ့ နေအိမ်တွေ အအေးဒဏ်ခံနိုင်အောင်လို့ ကုလသမဂ္ဂ ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအေဂျင်စီက စတင် လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဒါတွေဟာ လုံလောက်မှုမရှိဘူးလို့ ဒုက္ခသည်တချို့ကပြောပြီး သူတို့ကို မြန်မာနိုင်ငံပြန်ပို့မယ့် အစီအစဉ်မှာ အာမခံချက်တွေရှိဖို့ လိုတယ်လို့ပြောပါတယ်။
ဒီဇင်ဘာ ၁၈၊ ၂၀၁၇ - ဝါရှင်တန်ဒီစီ ဂျူးလူမျိုးတုန်း သတ်ဖြတ်မှုပြတိုက်က စီစဉ်ကျင်းပတဲ့ နိုင်ငံတကာ ညဉ်းပမ်းနှိပ်စက်ခံရသူများဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေချိန်မှာ အခုလိုပြောဆိုခဲ့ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဗွီအိုအေစတူဒီယိုမှာ ကိုဉာဏ်ဝင်းအောင် ေ
NLD အစိုးရတက်လာပြီး ဒီကနေ့အချိန်ထိ ကာလအတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်မှုအပိုင်းမှာ အားနည်းနေသေးသလို၊ တရား စီရင်ရေးစနစ် အခြေအနေတွေကလည်း တိုးတက်ကောင်းမွန်လာခြင်း မရှိသေးဘူးလို့ လူ့အခွင့်အရေး ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က ပြောကြား လိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
ဒီဇင်ဘာ ၁၄၊ ၂၀၁၇ - မြန်မာပြည်က လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင် နဲ့အတူ တင်ပြထားပါတယ်။
ဂျပန်နိုင်ငံကို အလုပ်သဘော ချစ်ကြည်ရေးခရီးအဖြစ် ရောက်လာတဲ့ မြန်မာသမ္မတ ဦးထင်ကျော်ကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုက ကြိုဆိုနှုတ်ဆက်ကြပြီး၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဂျပန်နိုင်ငံရဲ့ အကူအညီတွေ ပိုရ လာအောင် သမ္မတရဲ့ခရီးစဉ်အတွင်း ဆောင်ကျည်းပေးနိုင် လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာပဋိပက္ခနဲ့ပတ်သက်ပြီး မနေ့ကကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကုလအထူးကိုယ်စားလှယ် ၂ ဦးတင်ပြခဲ့တာကတော့ ဒုက္ခသည်တွေပြန်လက်ခံရေးမှာ ဒုက္ခသည်တွေ လုံခြုံစိတ်ချရတယ်လို့ ရွေးချယ်တဲ့နေရာတွေမှာ နေရာချထားပေး ဖို့နဲ့ ရိုဟင်ဂျာတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးဖို့၊ ပြီးတော့ ပြန်လာမယ့် ဒုက္ခသည်တွေ အထောက်အထားတွေ အစုံအလင် မတင်ပြ နိုင်ခဲ့ရင် လျှော့ပေါ့စဉ်းစားပေးဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။
ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားတွေရဲ့ နိုင်ငံရေးပါတီသစ် ဖွဲ့စည်းတဲ့အခါ ပြည်ပရောက် ရှစ်လေးလုံး မျိုးဆက်တွေရဲ့ ပံ့ပိုးမှုနဲ့ တရားဝင်ပါဝင်နိုင်ခွင့် လိုအပ်တယ်လို့ ဖွဲ့စည်းရေး အစောပိုင်းကတည်းက ထောက်ခံတိုက်တွန်းခဲ့သူ ကိုမောင်မောင်သိန်းက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင် တွေ့ဆုံမေးမြန်းထားပါတယ်။
သမ္မတ ဦးထင်ကျော် ရှေ့သီတင်းထဲသွားရောက်မယ့် ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရက ဆောင်ရွက်နေ တာတွေကို ထောက်ခံမှု ပိုရလာအောင် ဂျပန်အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနိုင်လိမ့်မယ်လို့ ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားသူ တွေက မျှော်လင့်နေကြပါတယ်။
ဒီဇင်ဘာ ၇၊ ၂၀၁၇ - မဘသ (ခေါ်) အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဟာ နိုင်ငံခြားမီဒီယာတွေ ရေးသလို နိုင်ငံရေးအဖွဲ့ မဟုတ်ဘဲ ပြည်သူ့အကျိုးဆောင်အဖွဲ့သာဖြစ်ကြောင်း သုံးသပ်တဲ့ အစီရင်ခံစာအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေဟာ ပြဿနာကို ဖြေရှင်းရာမရောက်ပဲ အခြေအနေတွေကို ပိုမိုရှုတ်ထွေး လာစေ နိုင်တာကြောင့် အဲဒီဆုံးဖြတ်ချက်တွေကို လက်မခံနိုင်ဘူးလို့ မြန်မာအစိုးရက တုံ့ပြန်ပြောဆို လိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တရပ် မနေ့က ထွက်ပေါ်ခဲ့ပြီးနောက်၊ ဒီလို နိုင်ငံတကာဖိအားတွေဟာ မြန်မာနိုင်ငံ ဖွံဖြိုးရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး မြန်မာအစိုးရက သတိပေး ပြောဆိုတာပါ။
မြန်မာနိုင်ငံမှာ အရင်နှစ်တွေကထက်စာရင် HIV/AIDS ရောဂါဝေဒနာသည် အရေအတွက် လျော့ကျလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ အစည်းကရော၊ HIV ဝေဒနာသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေကပါ ဒီကနေ့ကျရောက်တဲ့ World AIDS Day နေ့မှာ ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၃၀၊ ၂၀၁၇ - မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍကို ပြုပြင်ပြောင်းလဲပြီး ခေတ်မီအောင် လုပ်နေပေမယ့် တိုင်းသူပြည်သားကတော့ အယုံအကြည် သိပ်မရှိကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင် နဲ့အတူ တင်ပြထားပါတယ်။
ဒီကနေ့ စတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယအကြိမ်မြောက် တရုတ်နိုင်ငံခရီးစဉ်ဟာ NLD အစိုးရ တက်လာပြီးနောက်ပိုင်း NLD အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ တရုတ် နိုင်ငံရဲ့အရေးပါမှုကို ဦးစားပေး ပြသလိုက်တာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ကချင်ပြည်နယ်မှာ စစ်ဘေးတိမ်းရှောင်သွားတဲ့ ကချင်ဒေသခံတွေ စွန့်ခွာသွားတဲ့ စိုက်ခင်းနဲ့ ခြံမြေ အဆောက်အဦ နေရာတွေကို မူလပိုင်ရှင် တွေထံ ပြန်လည်ပေးအပ်နိုင်ရေး အတွက် ကချင်ပြည်နယ် အစိုးရက စီမံဆောင်ရွက်နေတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်လာကြသူ တွေထဲက၊ မိမိတို့မူလနိုင်ငံမှာ ညင်းပန်းနှိပ်စက် ခံခဲ့ရတာမျိုး ဒါမှမဟုတ် ကိုယ့်နိုင်ငံကိုပြန် သွားလို့ ညင်းပန်းနှိပ်စက် ခံရမှာကို စိုးရိမ်နေတာမျိုး ရှိခဲ့ရင်၊ သူတို့ရဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ အခြေအနေတွေကို ထည့်မတွက်ပဲ အမေရိကန် နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထား နိုင်ပါတယ်။
နိုဝင်ဘာ ၂၃၊ ၂၀၁၇ - မြန်မာပြည်မှာ ပုဂ္ဂလိကဘဏ် အနည်းငယ်ရှိတဲ့အနက် ခရိုနီခေါင်းဆောင်တဲ့ ဘဏ်အချို့ဟာ အချမ်းသာဆုံး ဖြစ်ပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မနေ့က သွားရောက်တဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဟာ ရခိုင်အရေးနဲ့ ပတ်သက်လို့ တရုတ်ရဲ့ထောက်ခံအားပေးမှုကို ရယူဖို့ ဖြစ်တယ်လို့ စစ်ရေးနိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။
နိုဝင်ဘာ ၁၆၊ ၂၀၁၇ - မြန်မာ့ဈေးကွက် စီးပွားရေးမှာ မူယစ်ဆေးနဲ့ မှောင်ခိုလုပ်ငန်းကရတဲ့ ငွေမဲတွေ ကြီးစိုးပုံကို ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ I.T နည်းပညာကို တလွဲ သုံးစွဲနေမှုအပေါ် စောင့်ကြည့်ထိန်းကြောင်းပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော် မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစိုးရဘက်က စောင့်ကြည့်ဖို့ ပြင်ဆင်နေကြောင်း ပု့ိဆောင်ဆက်သွယ်ရေးဝန်ကြီးက လွှတ်တော်မှာ ပြောဆိုသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်