အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့က အတည်ပြုလိုက်တဲ့ မူးယစ်ဆေးဝါးဥပဒေ ပြင်ဆင်ချက်ကြောင့် မြန်မာနိုင်ငံတွင်း မူးယစ် ဆေးဝါးသုံးစွဲသူဦးရေ ပိုများလာမှာကို စိုးရိမ်မိကြောင်း ဆရာဝန်တွေနဲ့ ဥပဒေပညာရှင်တွေက ပြောဆိုလိုက်ကြပါတယ်။
အဓိက ထိုင်းနဲ့တွေ့ဖို့ များမယ်ထင်တယ်။ အင်ဒိုနီးရှားက ထိုင်းကို သရေ ကစားထားတယ်။ ထိုင်းက ဗီယက်နမ်ကို နိုင်ခဲ့မှ အုပ်စုဗိုလ် ဖြစ်မှာလေ။ ဗီယက်နမ်က အုပ်စု B ဘက်မှာ ပထမဖြစ်နေတယ်။ ထိုင်းနဲ့တွေ့ရင်တော့ မကြေပွဲတွေပေါ့နော်။ သူက ခုထိတပွဲမှ မနိုင်ဘူးသေးဘူးလေ။
သြဂုတ် ၁၇၊ ၂၀၁၇ - ဒီတပတ်မှာ မြန်မာနဲ့ တောင်ကိုရီးယား ဆက်ဆံရေးအခြေအနေကို ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်တို့ရဲ့ ၂ရက်ကြာဆွေးနွေးပွဲကနေ အချက် ၄ချက် သဘောတူညီမှု ရလိုက်တယ်ဆိုပေမယ့် UNFC အနေနဲ့ NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ စိန်ခေါ်မှုတွေ ဆက်ရှိနေဦးမယ်လို့ တိုင်းရင်းသားအရေး သုံးသပ်သူတချို့က ဆိုပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့တွေမှာ ဒေသခံတွေရဲ့လုံခြုံရေးအတွက် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို နောက်ထပ် ၂ လ သက်တမ်း ထပ်တိုးတဲ့အပေါ် ဒေသခံ လွှတ်တော်အမတ်တွေက ကြိုဆိုလိုက်ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဒေသခံတွေ သတ်ဖြတ်ခံ ရတဲ့ စိုးရိမ်ဖွယ်အခြေအနေတွေကြောင့် ခုလို ထုတ်ပြန်လိုက်ရတာပါ။
သြဂုတ် ၁၁၊ ၂၀၁၇ - အထူးစီးပွားရေးဇုန် တည်ဆောက်တဲ့နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖျက်နေတာတွေကို တာဝန်ယူမယ့်သူ မရှိတဲ့အတွက် လုပ်ငန်းရပ်ဆိုင်းထားဖို့ ICJ အပြည်ပြည်ဆိုင်ရာ ဥပဒေအဖွဲ့က အစိုးရက တိုက်တွန်းထားပုံကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာ့ဂီတ စတီရီယို သီချင်းလောကမှာ နာမည်ကြီး နှစ်ခြိုက်ခဲ့ဲကြတဲ့ အဆိုတော် ခိုင်ထူး ဒီကနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဆိုတော် ခိုင်ထူးရဲ့ ခေတ်ပြိုင် အဆိုတော်တွေ ဂီတပညာရှင်တွေရဲ့ အမှတ်တရ ပြောစကားတွေကို စုစည်းတင်ပြထားပါတယ်။
အစိုးရအလိုမရှိကြောင်း သံဃာတော်နဲ့ အမျိုးသားရေး လှုပ်ရှားသူတချို့ဖွင့်လှစ်ထားတဲ့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က သပိတ်စခန်းကို အာဏာပိုင်တွေက စနေနေ့မနက် အရုဏ်တက်ချိန်မှာ ဝင်ရောက်ဖြိုခွင်း လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့အပစ်ရပ်ငြိမ်းချမ်းရေး ပြီးပြည့်စုံနိုင်ဖို့ဆိုရင် တရုတ်အစိုးရ ရဲ့ကြားဝင်ဆောင်ရွက်မှုက ပိုပြီး အရေးပါလာနေတယ်လို့ ပြည်ပရောက် တိုင်းရင်းသား ခေါင်းဆောင်တချို့က သုံးသပ်ပါတယ်။
သြဂုတ် ၀၃၊ ၂၀၁၇ - မြန်မာ့စီးပွားရေး အလားအလာအကြောင်း ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်းပေးဖို့ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာသမားတွေက တောင်းဆိုနေ ကြပေမယ့် ဒီပုဒ်မကို ဖျက်သိမ်းရေး အစား၊ ပြင်ဆင်ရေးကိုပဲလုပ်ဖို့ အမျိုးသားလွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။
နီပွန်ဖေါင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei Sasakawa ရဲ့ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့ တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ သြဂုတ်လ(၁)ရက်နေ့မှာ ဂျပန်နိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စေဖို့ အလွတ်သဘော ဆွေးနွေးပွဲတရပ်ကို ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ အပေါ် ပြည်ပရောက် တိုင်းရင်းသားအရေး လှုပ်ရှားသူတချို့က ကြိုဆိုလိုက်ပြီး၊ ဒီလို ဆွေးနွေးမှုတွေကနေ လက်တွေ့ အကောင်အထည်ဖေါ်တဲ့အပိုင်းမှာ တပ်မတော်ဖက်က ထိရောက်တဲ့ ဆောင်ရွက်မှုတွေ ရှိဖို့လိုကြောင်း သုံးသပ်ကြပါတယ်။
ရခိုင်အရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ကို မြန်မာနိုင်ငံလာရောက်ခွင့် ပေးခြင်းအားဖြင့် ကုလသမဂ္ဂရဲ့ထောက်ခံမှု ပိုရအောင် မြန်မာအစိုးရက ကြိုးစားသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က တိုက်တွန်းလိုက် ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ပြီးခဲ့ရက်ပိုင်းအတွင်း ခေါင်းဆောင်အပြောင်းအလဲ လုပ်လိုက်ပြီး နောက်ပိုင်း အခုလို ပြောဆိုလိုက်တာပါ။
ကျောက်ပန်းတောင်းမြို့မှာ ဗလီလို့ သံသယရှိတဲ့ ဆောက်လက်စ အဆောက်အဦးတခုကို လူထုရဲ့ဝိုင်းဝန်း တောင်းဆိုချက်အရ၊ အာဏာပိုင် တွေက ဖျက်ချလိုက်တာဟာ မဖြစ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ပြောဆို လိုက်ပါတယ်။
ဇူလိုင် ၂၇၊ ၂၀၁၇ - အရင်အစိုးရတွေ လက်ထက်က အခွင့်ထူးခံတွေကို ရင်းနှီးမြှုပ်နှံခွင့်ပေးခဲ့တာကို ဖ ျက်သိမ်းပြီး ပြည်သူ့အကျိုးအတွက် တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို NLD အစိုးရ ပြဌာန်းပုံအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ H1N1 ရာသီတုပ်ကွေး ကူးစက်ရောဂါကိုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး ဦးစီးဌာနက ချင်းပြည်နယ် အပါအဝင်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတွေကို အထူးစောင့်ကြပ် ကြည့်ရှုနေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
ပင်လယ်ပြင်တွင်း ကမ်းလွန်ရေနံတူးစင်တွေကို ပံ့ပိုးမယ့် ထောက်ပံ့ရေးအခြေစိုက် စခန်းတစ်ခုကို မွန်ပြည်နယ်မှာ တည်ဆောက်မယ့် အစီအစဉ်ကြောင့် အချေအတင် အငြင်းပွားစရာတွေ ထွက်ပေါ်နေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ သီပေါမြို့နယ်တွေမှာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်နေပြီး၊ သောကြာနေ့တုန်းက တအာင်းပလောင် TNLA တပ်ဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဇူလိုင် ၂၀၊ ၂၀၁၇ - ဆန်ဈေးနှုန်း မတည်ငြိမ်မှုနဲ့ ဆင်းရဲနွမ်းပါးမှု ဆက်စပ်နေပုံကို ဦးအောင်ခင်က လေ့လာသုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်