တပ်မတော်သားများ ခင်ဗျား ဗိုလ်ချုပ်အောင်ဆန်းရဲ့နမူနာကို လိုက်ကြပါ။ ဗိုလ်ချုပ် လုပ်ခဲ့တဲ့ အတိုင်း တိုင်းပြည်ကို ချစ်ပါ။ အဲဒီစစ်တပ်က မြန်မာအပါအဝင် နောက်ဆုံး ဗမာ အပါအဝင် လူတိုင်းလူတိုင်းကို လူကိုလူလို မြင်လို့ရှိရင် စသည်အားဖြင့်က အဲဒါမျိုးဟာ ဒါဖက်ဒရယ်ပဲ တကယ်တော့။
ဇူလိုင် ၁၃၊ ၂၀၁၇ - ကျေးလက်ဆင်းရဲမှု ကျဆင်းရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ် ပညာရှင်တစုရေးထားတဲ့ စာတမ်းကို ဦးအောင်ခင်က လေ့လာသုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဒီမိုကရေစီရဖို့ ကြိုးပမ်းနေတဲ့ ကာလပဲ ရှိပါသေးတယ်။ အရပ်သား အုပ်ချုပ်ရေး တက်လာပေမယ့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီစနစ်မှာ မရှိပါဘူး။ အရပ်သား အုပ်ချုပ်ရေး စနစ်ရဲ့ အောက်မှာပဲ စစ်ဘက်ဆိုတာ ရှိရမှာပါပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှုး Level ပဲဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားအလုပ်သမားတွေကို စီမံချက်နဲ့ ဆက်လက်ရှာဖွေ ဖမ်းဆီးနေရာမှာ မြန်မာနိုင်ငံသား နှစ်ရာနီးပါး အဖမ်းခံထားရတယ်လို့ အလုပ်သမားရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
၁၉ ရာစုခေတ် မြန်မာနိုင်ငံက အင်္ဂလိပ်မြန်မာ စစ်ပွဲတွေမှာ တာဝန်ကျခဲ့ဖူးတဲ့ အင်္ဂလိပ်စစ်ဗိုလ်တွေ အမှတ်တရ ယူသွားခဲ့တဲ့ ရှေးဟောင်း အဖိုးတန် ပစ္စည်းတွေကို လာမယ့်ရက်ပိုင်း အတွင်း မြန်မာနိုင်ငံကို ပြန်လည်အပ်နှံမှာ ဖြစ်ပါတယ်။
ဇူလိုင် ၆၊ ၂၀၁၇ - လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ထောက်ပံ့မှုရတဲ့ ကျေးရွာအချို့မှာ ပြောင်းလဲလာတဲ့ လူမှုစီးပွားရေးအခြေအနေ ပြောင်းလဲလာပုံကို အစီရင်ခံစာ ထုတ်ထားပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင် က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ရခိုင်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို လာခွင့်မပေးဘူးလို့ အစိုးရက လွှတ်တော် မှာ ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး၊ ပြည်တွင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်သံတွေ ပြင်းပြင်းထန်ထန် ကြားလာရပြီးနောက်အခုလို သမ္မတ အပါအဝင် စစ်ဖက်နဲ့ လုံခြုံရေး ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်တွေ ရခိုင်အရေးအတွက် ပထမဦးဆုံး တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂက ဖွဲ့စည်းလိုက်တဲ့ ရခိုင်ဒေသတွင်း လူ့အခွင့်အရေးချိုးဖေါက်မှု စုံစမ်းမယ့် အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့် ပြုမှာမဟုတ်ဘူးလို့ မြန်မာအစိုးရက ငြင်းဆိုလိုက်တာဟာ ပြဿနာကို ဖြေရှင်းတဲ့နည်းလမ်း မဟုတ်ပဲ အခြေအနေတွေကို ပိုဆိုး လာစေမှာဖြစ်တယ်လို့ A.I ခေါ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီးက တုန့်ပြန်လိုက်ပါတယ်။
ဇွန် ၂၉၊ ၂၀၁၇ - မြန်မာ့စွမ်းအင်ကဏ္ဍ ရင်ဆိုင်နေရတဲ့ ပြဿနာအခက်ခဲကို မကြာသေးမီက ထုတ်ပြန်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB စာတမ်းမှာ ဖေါ်ပြထားပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
သတင်းထောက်တွေပေါ် တပ်မတော်က စွဲဆိုထားတဲ့ ပုဒ်မ ၁၇/၁ ဟာ ကိုက်ညီမှု မရှိဘူးလို့ ဥပဒေအထောက် အကူပြုကွန်ရက် အဖွဲ့က ပြောကြားလိုက်ပါတယ်။
သမ္မတဟောင်းရဲ့ ကတော် Laura Bush ကလည်း ဒီခေါင်းဆောင်မှုသင်တန်းဟာ မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အထောက် အကူဖြစ်စေမယ်လို့ သူယုံကြည်ကြောင်း သင်တန်းဆင်းပွဲမှာ ပြောခဲ့ပါတယ်။
ရှမ်းပြည်နယ်မှာ မြန်မာ့တပ်မတော်က လတ်တလော ဖမ်းဆီးလိုက်တဲ့ သတင်းထောက် ၃ ဦးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ A.I ခေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ TNLA ပလောင်တပ်ဖွဲ့က မူးယစ်ဆေးဝါး ဖျက်ဆီးတဲ့ပွဲကို သွားရောက် သတင်းယူပြီး အပြန်လမ်းမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
အမေရိကန်အစိုးရက မြန်မာနိုင်ငံကို ကလေးစစ်သားအသုံးပြုတဲ့ နိုင်ငံများစာရင်းကနေ ပယ်ဖျက်ဖို့ စဉ်းစားနေတာဟာ အချိန်မတန်သေးတဲ့ လုပ်ရပ်ဖြစ်ကြောင်း HRW အဖွဲ့က ဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ တပ်မတော်နဲ့ ပတ်သက်တဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်ရာမှာ ဥပဒေနဲ့အညီ လုပ်သင့်လုပ်ထိုက်တာထက် တပ်မတော် အလိုကျ လုပ်ဆောင်နေတယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင် AHRC ကပြောကြားလိုက်ပါတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ထဲကနေ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တချို့ နုတ်ထွက်သွား တာကြောင့် မြန်မာနိုင်ငံရဲ့ အပစ်ရပ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ UNFC ရဲ့ရပ်တည်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုပြီလို့ UNFC ခေါင်းဆောင်ဟောင်းတဦးက ပြောလိုက်ပါတယ်။
ဇွန် ၂၂၊ ၂၀၁၇ - မြန်မာပြည်မှာ လျှပ်စစ်ဓါတ်အား မလုံလောက်တာဟာ မြန်မာ့သဘာဝဓါတ်ငွေ့ တရုတ်နဲ့ထိုင်းကို ရောင်းစားနေလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေ ကတော့ အန္တရာယ်များတဲ့ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို တည်ဆောက်ဖို့ စဉ်းစားနေကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Charlotte မြို့ဗဟို အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကရင်လူမျိုး ဒုက္ခသည် ကိုထွန်းလုံစိန်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
တရားခံထွန်းနိုင်ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတာကြောင့် ထွန်းနိုင်ပေါ် စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့နဲ့ ရာဇသတ်ပုဒ်မ ၃၂၅ အရ ထောင်ဒဏ်(၇)နှစ်ကျခံဖို့ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် တရားရုံးက ဇွန်လ ၂၀ ရက်နေ့မှာ သီးခြားစီ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
၂၀၁၆ အကြမ်းဖက်တိုက်ခိုက်မှုတွေကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ဖက်ခြမ်းဒေသမှာ စစ်တပ် အပါအဝင် လုံခြုံရေး တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းခဲ့တာဟာ အချိန်စောလွန်းကြောင်းနဲ့ မောင်တော၊ ရသေ့တောင် စတဲ့ နယ်စပ်ဒေသတွေမှာ ရာအိမ်မှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး စတဲ့သူတွေ အသတ်ခံနေရတာကိုကြည့်ရင် တရားဥပဒေ စိုးမိုးရေးအတွက် လုံခြုံရေးတပ်တွေ ဆက်ချထားဖို့ လိုမယ်လို့ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌကပြောပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့တဝိုက်ကနေ ထွက်ပြေးလာတဲ့၊ ထောင်ချီတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနနဲ့ ကချင်ပြည်နယ်အစိုးရက အကူအညီပေးမယ် ပြောထားပေမယ့် စစ်ဘေးရှောင်တွေအတွက် အခုချိန်ထိ နေရာထိုင်ခင်းနဲ့ အစား အသောက်တွေ မရရှိသေးဘူးလို့ ကချင်လူမှု အဖွဲ့အစည်းတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်