ဇွန် ၁၅၊ ၂၀၁၇ - အာဆီယံဒေသမှာ မြန်မာဟာ လေထုအညစ်ညမ်းဆုံး တိုင်းပြည်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်မယ်ဆိုရင် ပြည်သူ့ကျန်းမာရေးကို ထိခိုက်ပျက်စီးမယ့်အကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
“ မြန်မာနိုင်ငံက စာပေစိစစ်ရေး အဖွဲ့ကို ဖျက်သိမ်းခဲ့တာ၊ အပတ်စဉ် ဂျာနယ်တွေကိုရော နေ့စဉ်သတင်းစာတွေကိုပါ အရင်ထက်ပိုပြီး ထုတ်ဝေခွင့် ပေးခဲ့တာကိုကြည့်ရင် နိုင်ငံတကာမှာလိုပဲ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို အလေးထားတယ်ဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။”
ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်တွေရဲ့ ရာထူးတာဝန်တွေဟာ တနိုင်ငံမှာ ၃ နှစ်ကနေ ၅ နှစ် အထိ ပုံမှန်ရှိတတ်ပါတယ်။ တခါတလေ ဒါထက် လျော့မယ်။ တခါတလေလည်း ပိုနိုင်ပါတယ်။ Ms. Lok-Dessallien ဟာ မြန်မာနိုင်ငံမှာ တာဝန် ထမ်းဆောင်နေတာ ၄ နှစ်ခွဲ ရှိနေပါပြီ။ ဒါကြောင့် သူလည်း ပြောင်းမယ်ဆို ပြောင်းဖို့ အချိန်စေ့ နေပါပြီ။
တနင်္သာရီတိုင်း အတွင်း မြိတ်မြို့ကနေ ရန်ကုန်ကို ဦးတည်ပျံသန်းတဲ့ တပ်မတော်ပိုင် Y-8 လေယာဉ်တစင်း ပျက်ကျ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး အဲဒီ လေယာဉ်ပေါ်မှာ စစ်ဖက်အရာရှိတွေ လိုက်ပါခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၇၊ ၂၀၁၇ - မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ထိရောက်မှု မရှိသေးပေမယ့် စားသုံးသူကို ထောင်ဒဏ်ချမှတ်တဲ့ စနစ်ကို ပြောင်းလဲတော့မှာဖြစ်ကြောင်း ဦးအောင်ခင်က သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့ပြင်တဝိုက် ကျေးရွာတွေမှာ အစိုးရတပ်ရဲ့ထိုးစစ်တွေ ပြင်းထန်လာတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အပါအဝင် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ ရာနဲ့ချီ စစ်ဘေး တိမ်းရှောင်ခဲ့ရပြီး၊ သူတို့အတွက် အရေးပေါ် အကူအညီတွေ လို အပ်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မြန်မာ့တပ်မတော်ကို သရော်စာဆောင်းပါး ရေးသားမှုအတွက် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှ ကိုကိုမောင်တို့ကို ပုဒ်မ ၆၆-ဃနဲ့ အမှုဖွင့် ဖမ်းဆီးလိုက်တာဟာ သတင်းသမားတွေနဲ့ဆိုင်တဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို ဖေါက်ဖျက်ရာ ရောက်တယ်လို့ ပြင်သစ်အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအသင်းက ပြောပါတယ်။
တိုင်းရင်းသားတွေကို ပြည်ထောင်စုကြီးထဲက ခွဲမထွက် စေချင်ဘူးဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူခံစားခွင့် စတဲ့ အာမခံချက်တွေ ပါတဲ့ ဖယ်ဒရယ်အခြေခံတွေကို တည်ဆောက်ပေးဖို့လိုကြောင်း ပြည်ပအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်တဦးက ပြောဆိုလိုက်ပါတယ်။
ဇွန် ၁၊ ၂၀၁၇ - မြန်မာနဲ့ အာရှနိုင်ငံအချို့က အထည်ချုပ်လုပ်ငန်းတွေကို ဦးအောင်ခင် က နှိုင်းယှဉ်သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် အတွင်း မိုရာ ဆိုင်ကလုန်း မုန်တိုင်း ကျရောက်လာမှာကို အစိုးရက သတိပေး နှိုးဆော်တာမျိုး လုပ်ခဲ့ပေမယ့် ကူညီကယ်ဆယ်ရေး အစီအစဉ်အတွက် ကြိုတင်ပြင်ဆင် ထားတာမျိုး အားနည်းခဲ့ကြောင်း ဒေသခံတွေနဲ့ ပရဟိတရေး ဆောင်ရွက်နေသူတွေက ထောက်ပြ ပြောဆို ပါတယ်။
ဂျပန်နိုင်ငံက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး အချုပ်စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းနေတာကြောင့် ဒါကို ကောင်းမွန် လာအောင် ပြုပြင်ပေးဖို့ဆိုပြီး မြန်မာနိုင်ငံသားတွေ အပါအဝင် အထိန်းသိမ်းခံ လူဆယ်ဂဏန်းလောက်ဟာ ဒီရက်ပိုင်းအတွင်း အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။
အမေရိကန်တဝှမ်းမှာ ၁၇၇၆ ခုနှစ် အမေရိကန်တော်လှန်ရေးကာလကနေ၊ ဒီဘက်ခေတ်၊ အာဖဂန်စစ်ပွဲ၊ အရှေ့အလယ်ပိုင်းဒေသစစ်ပွဲတွေအထိ ခေတ်အဆက်ဆက်ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက် အောက်မေ့ဘွယ် အထိမ်းအမှတ် ဗိမ္မာန်တွေ ဆောက်လုပ်ထားပါတယ်။ အမှတ်တရ ဗိမ္မာန်တွေအကြောင်း Faith Lapidus ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
မေ ၂၅၊ ၂၀၁၇ - မြန်မာ့အထည်ချုပ်လုပ်ငန်း ကြီးထွားလာလို့ ဝင်ငွေကောင်းလာပေမယ့် အလုပ်သမားတွေကတော့ သင့်လျှော်တဲ့ လုပ်ခရဖို့ အခက်အခဲရှိနေသေးကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မကြာခင်ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံကို NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ထဲက အစိုးရနဲ့တိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့၃ဖွဲ့ကို ဖိတ်ကြားခြင်းမရှိဘူးလို့သိရပါတယ်။
မေ ၁၈၊ ၂၀၁၇ - တရုတ်ပိုးလမ်းကြောင်း ကုန်သွယ်ရေး စီမံကိန်းမှာ ပါဝင်သူတွေအားလုံး အကျိုးခံစားရမယ်လို့ တရုတ်အစိုးရ ဆိုပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းဟာ မြန်မာနိုင်ငံအတွက် အကျိုးရလဒ်ကောင်းတွေ ရှိလာနိုင်တယ်လို မျှော်လင့်နေတဲ့ တချိန်ထဲမှာပဲ၊ နိုင်ငံရဲ့ အချုပ်အခြာ အာဏာအတွက် သတိထားရမယ့် အချက်တွေလည်း ရှိနေတယ်လို့ တရုတ်မြန်မာအရေး သုံးသပ်သူ တွေက ပြောဆိုလိုက်ပါတယ်။
၁၀ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ ပြည်နယ်နဲ့ တိုင်းတွေမှာ သီးခြား ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းနိုင်ခွင့်ကို မူအားဖြင့် လက်ခံသဘောတူလိုက်ကြပါတယ်။
မေ ၁၁၊ ၂၀၁၇ - တရုတ်အစိုးရရဲ့ ပိုးလမ်းမကြီး တည်ဆောက်ရေးစီမံကိန်းမှာ မြန်မာပြည်ဟာ အဓိက အချက်အခြာကျတဲ့ နေရာတခုဖြစ်ကြောင်း ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဒီကနေ့ မနက်ပိုင်း လန်ဒန်မြို့မှာတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးရေး ဆက်စပ်နေမှု၊ ၂၁ ရာစု ပင်လုံညီခံနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးပေါ် သဘောထား၊ အခြေခံပညာရေးစနစ် ပြုပြင် ပြောင်းလဲမှု အခြေအနေ တချို့ကို ရှင်းပြသွားခဲ့ပါတယ်။
လန်ဒန်မြို့မှာရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို Freedom of the City ဂုဏ်ထူးဆောင်ဆု ချီးမြှင့်တဲ့ ဒီကနေ့မှာပဲ ဒေါ်စုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြသလို၊ ထောက်ခံတဲ့ Online လှုပ်ရှားမှု တွေလည်းလုပ်ခဲ့ကြပြီး လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေကြားမှာ အကွဲကွဲအပြားပြားဖြစ်နေခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်