ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဟာ အာမခံပေးသင့်တဲ့ ပုဒ်မအဖြစ် ပြန်လည်ပြင်ဆင် သတ်မှတ် သင့်ကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်ကို AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ကြိုဆိုလိုက်ပြီး၊ ပုဒ်မ ၆၆(ဃ)မှာ ပြင်ဆင်စရာ အချက်တွေ ရှိနေသေးကြောင်း AHRC က ပြောပါတယ်။
မေ ၄၊ ၂၀၁၇ - စစ်အစိုးရခေတ်မှာ လျစ်လျူရှုခဲ့တဲ့ ကျန်းမာရေး နဲ့ ပညာရေးကို NLD အစိုးရက ပြန်လည်ဦးစားပေးပြီး မြှင့်တင်ဖို့ ကြိုးပမ်းကြောင်း ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ စီးပွားရေးတည်ငြိမ်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးဆိုင်ရာ လုပ်ငန်းတွေမှာ အသုံးပြုဖို့ အမေရိကန်ဒေါ်လာ သန်း (၂၀၀) ထုတ်ချေးပေးဖို့ ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့မှာ အတည်ပြုကြေညာခဲ့ပါတယ်။
ဧပြီ ၂၇၊ ၂၀၁၇ - NLD အစိုးရသက်တမ်း ၁နှစ်တာကာလက စီးပွားရေး အခြေအနေကို ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထား ပါတယ်။
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်က အလယ်တန်းနဲ့ အထက်တန်း ကျောင်းတွေမှာ မြန်မာစာကို ရွေးချယ်စရာ ဘာသာစကားတခုအနေနဲ့ သင်ကြားခွင့် ရလာပြီဆိုပေမဲ့ သင်ကြားပေးမယ့်ဆရာ အလုံအလောက်ရနိုင်ရေး အပါအဝင်၊ အခြားအခက်အခဲတွေ ရှိနေသေးတယ်လို့ အဲဒီဒေသမှာ မြန်မာစာ သင်ကြားခွင့်ရရေး ဦးဆောင်လှုပ်ရှားသူတဦးက ပြောပါတယ်။
"ဗမာပြည်ကလည်း စစ်ရေးစစ်ရာကိစ္စ လက်နက်ကိစ္စတွေဆိုရင် တရုတ်တို့ ရုရှားတို့နဲ့ပဲ အရင်တုန်းက သူတို့ဆက်ဆံနေရတယ် မဟုတ်လား။ အဲဒါကို ထွက်ပေါက်ရှာချင်တဲ့ သဘောရှိမယ်။ ဦးနေဝင်းခေတ်တုန်းကတော့ ဂျာမနီက Fritz Werner ကုမ္ပဏီက ဗမာပြည်ကိုသွားပြီးတော့ G3/G4 တွေ လက်နက်တွေ သွားထုတ်ပေးခဲ့တဲ့ အစဉ်အလာရှိတယ်လေ"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥပဒေအကြံပေးအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ ထွက်ပြေးလွတ်မြောက် နေဆဲ တရားခံတဦးဖြစ်တဲ့ အောင်ဝင်းခိုင်ကို ဖမ်းမိနိုင်ရေး အတွက် သူနောက်ဆုံးခြေရာဖျောက်သွားတဲ့ နေပြည်တော်မြို့တဝိုက်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ ဦးကိုနီရဲ့အမှုလိုက်ရှေ့နေက တောင်းဆိုလိုက်ပါတယ်။
ဧပြီ ၁၉၊ ၂၀၁၇ - NLD အစိုးရသစ် အာဏာရလာလို့ ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲတွေ ရှိလာပေမယ့် အစိုးရဗျူရိုကရေစီ ယန္တရားကတော့ အပြောင်းအလဲမရှိဘဲ၊ အရင်အတိုင်းဖြစ် နှောင့်နှေးကြန့်ကြာနေပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နှစ်ဆန်း ၁ ရက်နေ့ဆိုရင် မြန်မာတနိုင်ငံလုံးမှာ သင်္ကြန် ရေပက်ကစားတာတွေ အဆုံး သတ်သွားပြီဆိုပေမယ့် မွန်ပြည်နယ် မော်လမြိုင်မြို့တဝိုက်မှာတော့ “ရိုးဂိုး” သင်္ကြန်ဆိုပြီး သင်္ကြန်နောက်ဆုံးရက်အဖြစ် ရေပက်ကစား ကြပါတယ်။
မဟာသင်္ကြန်နောက်ဆုံးရက် ဒီကနေ့မှာတော့ မိုးရွာသွန်းတဲ့ကြားကပဲ ရန်ကုန်မြို့ နေရာတချို့မှာ လူတွေ ရေကစားကြသလို၊ မန္တလေးမြို့က လမ်းလျှောက်သင်္ကြန် မှာလည်း အတော်စည်းကားခဲ့ပါတယ်။
မြန်မာနိုင်ငံတဝန်း သင်္ကြန်ပွဲတော်တွေကျင်းပနေကြတာမှာ ရခိုင်ရိုးရာသင်္ကြန်ပွဲတွေကိုလည်း ရခိုင်ပြည်နယ်မှာသာမက ရန်ကုန်အပါအဝင် တခြားမြို့ကြီးတော်တော်များများမှာပါ ကျင်းပလာတာတေ့ွရပါတယ်။
ဧပြီ ၁၄၊ ၂၀၁၇ - မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ တရားရုံးစနစ်ကြောင့် တရားစီရင်ရေးမှာ အဂတိလိုက်စားမှု များနေရပုံကို ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
UWSA ဝပြည် သွေးစည်းညီညွတ်ရေးတပ်ရဲ့ လာရှိုး ဆက်ဆံရေးရုံးကို ဧပြီလ ၈ ရက်နေ့မှာ ဒေသခံရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ထောင်ချီတဲ့ စနက်တန်တွေအပါဝင် ကျည်ခဲယမ်းအချို့ကို သိမ်းဆည်းရမိတယ်လို့ မြန်မာသမ္မတရုံးက ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရဲ့ နှစ်ရက်ကြာ ထိပ်သီး အစည်းအဝေးကနေ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအတွက် အခြေခံမူတွေနဲ့ ပင်လုံလက်စွဲစာတမ်းကို အတည်ပြုနိုင်ခဲ့တယ်လို့ အဖွဲ့ ပြောခွင့်ရ CNF ချင်းအမျိုးသား တပ်ဦးခေါင်းဆောင် တဦးဖြစ်တဲ့ ဆလိုင်း ထလာဟေးက ဆွေးနွေးပွဲ အပြီးမှာ VOA ကိုပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ သန်းပေါင်းထောင်ချီ ထုတ်ချေးပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်လိုက်ပါတယ်။ နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်တရပ်ကိုလည်း စနေနေ့က ပထမဆုံးအကြိမ်အဖြစ် လက်မှတ်ရေးထိုး လိုက်ပါတယ်။
ဧပြီ ၇၊ ၂၀၁၇ - မြန်မာပြည်မှာ တရားစီရင်မှု ဖြောင့်မတ် မှန်ကန်အောင်လုပ်ဖို့ ကြိုးပမ်းရာမှာ အခက်အခဲမျိုးစုံ ရှိနေတာကို ဦးအောင်ခင်က ဝေဖန်သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မကွေးမြို့က ရွှေမြတ်မင်းသမီး KTV မီးလောင် လူသေဆုံးရမှုနဲ့ ပတ်သက်လို့ ဆိုင်ပိုင်ရှင် ဦးရဲညွန့်ကို ဖမ်းဆီးစစ်ဆေးနေပြီး ရာဇသတ်ကြီးပုဒ်မနဲ့ ရဲစခန်း ကအမှုဖွင့်ထားပြီး၊ ဒီအမှုမှန် ပေါ်ပေါက်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ်ကပြောပါတယ်။
မတ်လ ၃၁၊ အခုတလော အများဆုံး ဝေဖန်ခံနေရတဲ့ မြန်မာ့ရဲတပ်ဖွဲ့အကြောင်း ဦးအောင်ခင် က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရနဲ့ တပ်မတော်ဘက်က ခိုင်မာတဲ့ ကတိတွေ မပေးပဲနဲ့တော့ KIO/ KIA အဖွဲ့က NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ အလားအလာ မမြင်ကြောင်း၊ ပြည်ပရောက် ကချင်အဖွဲ့အစည်းတချို့ကပြောပါတယ်။
၇၂ နှစ်မြောက် တပ်မတော်နေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းက တပ်မတော်ဟာ မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍမှာ ဆက်ပြီး နေရာယူထားလို တဲ့ အာသီသရှိတာပြသကြောင်း ပြည်ပ အခြေစိုက် တိုင်းရင်းသားအရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေး လေ့လာသူတွေက ထောက်ပြကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်