ရခိုင်ဒေသက လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မြန်မာဒုသမ္မတ ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က စုံစမ်းစစ်ဆေးနေတဲ့အပေါ် အယုံအကြည်မရှိ ကြောင်းနဲ့ ရိုဟင်ဂျာမူဆလင်တွေပေါ် ဆန့်ကျင်တဲ့ ဘက်လိုက်မှု ရှိနေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောလိုက်ပါတယ်။
မတ် ၂၃၊ ၂၀၁၇ - သံလွင်မြစ်ဟာ တရုတ်ပြည်ထဲက မြန်မာပြည်ထဲ စီးဆင်းတဲ့ မြစ်ကြီးဖြစ်ပါတယ်။ ဒါပေမဲ့ သဘာဝ ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် တရုတ်ပိုင်သံလွင်မှာ ရေကာတာ မဆောက်ဖို့ တရုတ်အစိုးရက ဆုံးဖြတ်ထားပါတယ်။ မြန်မာသံလွင်မှာတော့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှာကို ဂရုမစိုက်ပဲ ရေကာတာတွေ တည်ဆောက်ဖို့ တရုတ်အစိုးရက စီမံက
ဖိလစ်ပိုင်နိုင်ငံသားတွေကို မြန်မာနိုင်ငံမှာ လုပ်ကိုင်စားသောက်ခွင့်ပေးထားတဲ့ မြန်မာအစိုးရကို ကျေးဇူးတင်ကြောင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က သူ့ရဲ့ချစ်ကြည်ရေးခရီးစဉ်အတွင်း ပြောကြားလိုက်ပါတယ်။
ချောင်းဆုံမှာ ကြားဖြတ်ရွေးကောက်ပွဲရှိတယ်လေ။ အဲဒီမှာ NLD ပါတီကလည်း ဝင်ပြိုင်ပါမယ်။ မွန်အမျိုးသားပါတီတွေဘက်ကလည်း ဝင်ပြိုင်ပါမယ်။ ပြည်ထောင်စု ကြံခိုင်ဖွံဖြိုးရေးပါတီဘက်ကလည်း ဝင်ပြိုင်ပါလိမ့်မယ်။”
" ... အမျိုးသားဇာတ်ဆောင်က မြင့်မြတ်၊ အမျိုးသား ဇာတ်ပို့က ထွန်းထွန်း၊ အမျိုးသမီးဇာတ်ဆောင်မှာဆို သက်မွန်မြင့်နဲ့ ဝတ်မှုန်ရွှေရည်၊ နောက် အမျိုးသမီးဇာတ်ပို့ဆု ဆိုလို့ရှိရင် အေးမြတ်သူ နာမည်ထွက် တယ်ပေါ့နော်။ .. "
မတ် ၁၆၊ ၂၀၁၇ - နှစ်ပေါင်း (၂၀) ကျော် တရုတ်အစိုးရဟာ ဗမာစစ်အစိုးရကို အကြိုက်ပေးနိုင်ခဲ့သလို ကိုယ်လိုချင်တာကိုလည်း ရအောင်ယူနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကြွေးမြီစုစုပေါင်းမှာ တရုတ်ကို ပြန်ဆပ်ရမယ့်အကြွေးက တဝက်နီးပါး ရှိနေပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင် က ဝေဖန်သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအော
ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တရုတ်မြန်မာနယ်စပ်နားက ရန်လုံကျိုင်းနဲ့ လောက်ကိုင်ဒေသတဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် မတ်လ ၁၄ ရက် အင်္ဂါနေ့ထိ စစ်ဘေးရှောင်ဒုက္ခသည်တွေ တရုတ်နိုင်ငံထဲ ပြေးဝင်ခိုလှုံနေဆဲပဲလို့ တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ် နမ့်စမ်မြို့ ဘုန်းကြီးကျောင်း ဆရာတော် ဦးကေသရက မိန့်ပါတယ်။
NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ငန်းအားလပ်မယ့်ကာလကို ထည့်သွင်းစဉ်းစားပြီး ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် မေလထဲ ကျင်းပသွားနိုင်ဖို့ လျာထားကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် တဦးဖြစ်တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က VOA ကိုပြောပါတယ်။
"ကိုးကန့်စစ်တပ်နဲ့ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်တာပေါ့နော်။ ရန်လုံကျိုင်း မြို့ ဝင်ပေါက်မှာ တနေရာ၊ နယ်စပ်မှတ်တိုင် ၁၂၃ မှာ တနေရာ၊ ၁၂၅ မှာ တနေရာ .. အဲဒီ သုံးနေရာမှာဖြစ်တာ။"
“ဒေါ်အောင်ဆန်းစုကြည်က ဘယ်လောက်ပဲပြောပြော တပ်ရဲ့သဘောထား မပါလို့ရှိရင်တော့ သူက ဘာမှ လုပ်လို့မရဘူး အဲ့လိုမျိုး သွားတွေ့ရတယ်။"
သတင်းစာဆရာ နိုင်ငံရေးသမား ဟံသာဝတီ ဦးဝင်းတင်ရဲ့ တန်းဖိုးရှိတဲ့ အကြောင်းတွေကို ဒီကနေ့လူငယ်တွေ ပိုပြီးသိလာစေဖို့ ရည်ရွယ်ပြီး “ဘယ်သူလဲဟဲ့ ဦးဝင်းတင်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဦးဝင်းတင် အမှတ်တရအစီအစဉ်တခုကို လမ်းမတော်မြို့နယ် Yangon Book Plaza မှာ မတ်လ ၁၂ ရက်နေ့ကျရင် ပြုလုပ်သွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
မတ် ၆၊ ၂၀၁၇ - မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နံှမှုနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်နိုင်ဖို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံတဲ့ ဝါရှင်တန်ဒီစီ ခရီးစဉ်အတွင်း ကိုဆာဂျီ က ပြောဆိုလိုက်တာပါ။ ကိုဆာဂျီ ကို VOA ရုံးချုပ်မှာ ကိုဉာဏ်ဝင်းအောင် က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေကိုသွားရောက် အလုပ်လုပ်ကြတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ အနေနဲ့ ရသင့်ရထိုက်တဲ့ လုပ်ခလစာကိုတောင် ပွင့်ပွင့်လင်းလင်း မတောင်းရဲပဲ ဖိနှိပ်ခံဘဝနဲ့ ခက်ခက်ခဲခဲ ပိုက်ဆံရှာဖွေရတဲ့ ဘဝသရုပ်မှန်ကို လူအများ သိရှိဖို့လို တယ်လို့ ရုပ်ရှင်ဒါရိုက်တာ တဦးဖြစ်သူ ကိုတင်ဝင်းနိုင်က ပြောလိုက်ပါတယ်။
တရားမဝင်ရောင်းချတဲ့ ကချင်မြေမှသယံဇာတ
"ဒုက္ခသည်စခန်း ၃ ခုပေါင်းကတော့ ၈ ထောင်နဲ့ ၁ သောင်းကြားရှိမယ်။ အဲဒီက လူတွေက ရာသီဥတုဒဏ်လည်း ခံစားရတယ်။ အခုအချိန်မှာဆိုရင် သူတို့က တကယ့်ကို ယာယီ ပလတ်စတစ် မိုးကာတဲလေးတွေနဲ့ နေနေရတယ်။"
မောင်တောခရိုင်အတွင်းက ဒေသခံမွတ်စလင်တွေကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့မညီဘဲ နိုင်ငံသားကတ်ပြားတွေ ထုတ်ပေးခဲ့တာကိုကန့်ကွက်ကြောင်းနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ပြန်လည်စိစစ်မှုတွေလုပ်ပေးဖို့ ရခိုင်အမျိုးသားပါတီ က တောင်းဆိုလိုက်ပါတယ်။
လုပ်ကြံခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အမှုအတွက် ဆက်စပ်တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ တာင်းဆိုလိုက်ပြီး အချိန်တွေကြာလာတာနဲ့အမျှ ဦးကိုနီကိုလုပ်ကြံကြတဲ့ နောက်ကွယ်က ဆက်စပ်တရားခံတွေ လွတ်မြောက် သွားမှာကို စိုးရိမ်မိတယ်လို့ NLD ပါတီနာယက ဦးတင်ဦးကလည်း ပြောပါတယ်။
“ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ ကျမတို့ရဲ့တိုင်းရင်းသား အစုအဖွဲ့တွေကို မေတ္တာရပ်ခံ ချင်ပါတယ်။ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စွာနဲ့ လက်မှတ်ထိုး လိုက်ပါ။ ကျမတို့ရဲ့ ၂၁ ရာစု ပင်လုံထဲမှာ ပါဝင်လိုက်ကြပါ”
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ သေနတ်ပစ် လုပ်ကြံခံရတဲ့ NLD ပါတီဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအမှုနဲ့ပတ်သက်လို့ အစိုးရနဲ့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့က ခုချိန်ထိ သတင်းထုတ်ပြန်မှု အားနည်းနေသေးတယ်လို့ သတင်းသမားတွေက ဝေဖန်လိုက်ကြ ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ထဲ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်း ထုတ်ပြန်ထားတဲ့ နေဝင်မီးငြိမ်း အမိန့်ကို အာဏာပိုင်တွေက လျှော့ပေးလိုက်ပြီး ဒါဟာ ဒေသမှာ အရင်ထက်စာရင် တည်ငြိမ်အေးချမ်းလာတဲ့အတွက် လျှော့ပေါ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ မောင်တောမြို့နယ် ရဲမှူးကဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်