"အဓိကအရေးကြီးတာက AA ရယ်၊ ကိုးကန့်ရယ်၊ ပလောင်တပ်ဖွဲ့တွေရယ်ကို ပါဝင်ခွင့်ပေးလိုက်လို့ရှိရင် အများကြီး အဆင်ပြေသွားနိုင်တယ်။ အဲဒါဆိုရင် ၂၁ ပင်လုံကို ကျနော်တို့က နိုင်ငံရေးမကျေနပ်မှုကို နိုင်ငံရေးနည်းအရ ဖြေရှင်းတဲ့ နေရာ ဖြစ်လာနိုင်တယ်လေ။"
လေးဘက်နာလို့ခေါ်ကြတဲ့ ရူမက်တစ် အဆစ်ရောင်ရောဂါ RA ဟာ မခံနိုင်လောက်အောင် အရိုးအဆစ်တွေ ကိုက်ခဲရောင်ရမ်းပြီး ခန္ဓာကိုယ်လှုပ်ရှားမှုကိုပါ ထိခိုက်စေတဲ့ရောဂါဖြစ်ပြီး ကြိုတင် စစ်ဆေးသိရှိမယ်ဆိုရင်တော့ ရောဂါအခြေအနေ ပိုဆိုးမသွားအောင် ကုသပေးနိုင်တဲ့အကြောင်း Kevin Enochs ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ NLD ဥပဒေအကြံပေး ရှေ့နေကြီး- ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရပြီး နောက်ပိုင်း ရန်ကုန်တိုင်း ခရိုင် ၄ခုမှာရှိတဲ့ လူစည်ကားတဲ့နေရာတွေနဲ့ အရေးပါတဲ့နေရာတွေကို အရင်ထက် လုံခြုံရေးတိုးမြှင့်ချထားကြောင်း တာဝန်ရှိရဲတပ်ဖွဲ့က ပြောပါတယ်။
NLD ပါတီ ဥပဒေအကြံပေးရှေ့နေဦးကိုနီကို သေနတ်ပစ်လုပ်ကြံခဲ့တဲ့အမှုမှာ သေနတ်သမား ဦးကြည်လင်း ဝန်ခံပြောဆိုခဲ့တယ်လို့ သတင်း ထွက်နေတဲ့ ဦးမြင့်ဆွေဆိုသူနဲ့ အခုနောက်ဆုံး အစိုးရက ဖမ်းမိထားတဲ့ အောင်ဝင်းဇော်ဆိုသူဟာသီးခြားစီဖြစ်တယ်လို့သမ္မတရုံးကရော ဒီအမှုကို လိုက်နေတဲ့ ပြည်တွင်းသတင်းထောက်တချို့ကပါ ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်မြောက်ဖက်ခြမ်း မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာမူဆလင်တွေကို ရိုက်နှက် သတ်ဖြတ်တာအပါအဝင် မူဆလင် အမျိုးသမီးတွေကိုလည်း အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံး OHCHR က သောကြာ ဒီကနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြလိုက်ပြီး၊ လူသားထုပေါ် ရာဇဝတ်မှု ကျူးလွန်သလို ဖြစ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်က အနားယူခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း အနေနဲ့ လာမယ့် တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲကို ဝင်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဗုဒ္ဓဟူး မနေ့တုန်းက ရုတ်တရက် ကြေညာလိုက် ပါတယ်။
ဒီ ကချင်ပြည်နယ်မှာကတော့ NLD အစိုးရသစ် တာဝန်ယူပြီး အုပ်ချုပ်လာတဲ့အချိန်မှာပေါ့နော် .. ဒီတပ်မတော်ကလည်း ထိုးစစ်တွေ ဆက်တိုက် ဆင်လာတယ်။ ဒီ IDP စစ်ပြေးဒုက္ခသည်တွေလည်း နေရာတကာ ပိုပြီးတော့ များလာတာတွေ့ရတယ်။ ပြည်သူတွေအနေနဲ့ အဲလို ခံစားရတယ် ဆိုတော့ ပြည်သူတွေမှာ ဘာမှ လွတ်လပ်တဲ့အရသာ ခံစားခွင့် မရှိဘူးလို့ ကျနော်တော့ အဲလိုမြင်တယ်။
NLD ပါတီရဲ့ ဥပဒေအကြံပေး၊ ရှေ့နေ့ကွန်ယက် ဦးဆောင်သူတဦးလည်းဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လူမြင်ကွင်းမှာ အနီးကပ်လုပ်ကြံ သတ်ဖြတ်သွားတဲ့ သေနတ်သမားကို ရဲတွေက ဖမ်းမိထားပြီဆိုပေမယ့် ဒီအမှုမှန် ပေါ်ပေါက်ရေးကို လုပ်ဆောင်ဖို့လိုတယ်လို့ NLD ပါတီကရော ၈၈ မျိုးဆက်ခေါင်းဆောင်တွေကပါ တောင်းဆိုလိုက်ကြပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလွယ်တကူဝင်ရောက်လာဖို့ဆိုရင်အခြေခံ အဆောက်အဦးတွေ ကောင်းမွန်လွယ်ကူအောင် ပြင်ဆင်ပေးဖို့လိုအပ်ပြီးလူဝင်မှုဥပဒေ အချက်တချို့ကိုပါ ပြင်ဆင်ပေးဖို့လိုတယ်လို့ JCCI က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုနဲ့ သစ်တောအဆင့်အတန်း ကျဆင်းမှုကနေ ကာကွယ်ဖို့ နော်ဝေနိုင်ငံ က အမေရိကန်ဒေါ်လာ ၅.၅ သန်း အကူအညီပေးဖို့ ကတိပြုလိုက်ပြီး အခုပေးတဲ့ အကူအညီဟာ ကုလသမဂ္ဂ UN-REED plus အစီအစဉ် ဖြစ်တဲ့ သစ်တောပြုန်းတီးမှု၊ သစ်တော အဆင့်အတန်း ကျဆင်းမှုနဲ့ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး အမျိုးသားအဆင့် ကာကွယ်တဲ့ အစီအစဉ် ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အပေါ် ထိုးစစ်ဆင်နေတာတွေ ရပ်ဆိုင်းပေးဖို့ NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့ တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ဦးဆောင်အဖွဲ့ PPST က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နဲ့ တွေ့ဆုံစဉ် တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ဒေသအတွက် ဗြိတိန်နိုင်ငံက အကူအညီပေးသွားဖို့ရှိပြီး၊ ရခိုင်ပြည်နယ်အရေး မြန်မာအစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက် ချက်တွေကို အပြုသဘောဆောင် အားပေးသွားမယ့်အကြောင်း မြန်မာနိုင်ငံကို သုံးရက်ကြာ အလည်အပတ်ရောက်ခဲ့တဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဘောရစ်ဂျွန်ဆင်က ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း ပြောသွားပါတယ်။ တည်ငြိမ်အေးချမ်းရေးအတွက်ရော၊ ဖွံဖြိုးတိုးတက်ရေးအတွက်ရော ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်။ လုပ်စရာတွေလည်း အများကြီးရှိတယ်လို့လည်း ပြောသွားတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနဲ့ပတ်သက်လို့ တိုင်တန်းစာတွေအရ NLD ဗဟိုကနေ စုံစမ်းစစ်ဆေးရာမှာ အပြစ်ရှိကြောင်းတွေ့ရှိရပြီး၊ မွန်ဝန်ကြီးချုပ်ကို မကြာခင် အရေးယူဖို့ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
တောင်တရုတ်ပင်လယ်ပြင်ထဲ တရုတ်နိုင်ငံရဲ့သဘောထားတင်းမာတဲ့ လုပ်ဆောင်မှုတွေကြောင့် အမေရိကန်သမ္မတသစ် Donald Trump ကတရုတ်တို့ကိုတုန့်ပြန်မှုတွေပေါ်မူတည်ပြီး ၂၀၁၇ ခုနှစ်ထဲ တင်းမာမှုတွေ ပိုကြီးထွားလာနိုင်ခြေရှိနေပါတယ်။ VOA သတင်းထောက်Nike Ching သတင်းပေးပို့ထားတာကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ရန်ကုန်မြို့ခံပြည်သူတွေ မနှစ်မြို့တဲ့ မထသ ဘတ်စကားစနစ်ကို ဖျက်သိမ်းပြီး အခုအသစ်ပြေးဆွဲတဲ့ YBS စနစ်ဟာ စမ်းသပ်စနစ်သစ်တခု ဖြစ်ပါတယ်။
"“လောလောဆယ် မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီဒုက္ခသည်စခန်းတွေကို ထောက်ပံ့ရေးပေးဖို့အတွက် အစိုးရကရော၊ ပြီးလို့ရှိရင် တခြား အလှူရှင်တွေကိုပါ ခွင့်ပြုပြီးတော့ တောင်းဆိုပေးဖို့အတွက် အင်မတန်မှ လိုအပ်နေတာဖြစ်ပါတယ်။"
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၅ ဦး သေဆုံးခဲ့ရတဲ့အထိ အမည်မသိသူတွေရဲ့တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက် မလေးရှားရဲတွေက အပူတပြင်း လုပ်ဆောင်နေသလို ကွာလာလမ်ပူ မြန်မာသံရုံးကလည်း ပူးပေါင်းဆောင်ရွက် နေတယ်လို့ မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားများ နားရေးကူညီမှုအသင်းက ပြောပါတယ်။
လောက်ကိုင်မြို့မှာ သောကြာ မနေ့ညက ကားဗုံးထောင် ပေါက်ကွဲမှုတခုဖြစ်ခဲ့ တာကြောင့် အနည်းဆုံးလူ ၁ ဦး ဒဏ်ရာရသွားပြီး ဒေသခံတွေ စိုးရိမ်ထိန့်လန့်နေ ကြသလို၊ လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"စစ်မှန်တဲ့ လွတ်လပ်ရေး အသီးအပွင့်တွေ ခံစားချင်ရင် စစ်တပ်က ကိုယ့်နေရာကိုယ်ပြန်နေ၊ ပြည်သူ့အုပ်ချုပ်ရေးအောက်မှာရှိ၊ NLD အုပ်ချုပ်ရေးအောက်မှာရှိနေရင်တော့ လွတ်လပ်ရေးအသီးအပွင့်တွေ ပြည်သူတွေ ခံစားခွင့်ရှိတယ်။"
နောက်ထပ်ကြည့်ရှုရန်