အမေရိကန်သမ္မတရွေးကောက်ပွဲရလာဒ်ကို သြဇာလွှမ်းမိုးနိုင်အောင်ရည်ရွယ်ပြီး Hack လုပ်ခဲ့တယ်ဆိုပြီး ရုရှားနိုင်ငံအပေါ် သမ္မတအိုဘားမားက အရေးယူ ဒဏ်ခတ်လိုက်ပေမယ့် ရွေးကောက်ခံသမ္မတ Trump ကတော့ ရုရှားက လုပ်တယ်လို့ သူ မယုံတဲ့အကြောင်း ပြောပါတယ်။Steve Baragonaရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို တကယ်အကောင်အထည်ဖေါ်ချင်ရင် စစ်ရေးနည်းနဲ့ ထိုးစစ်ဆင်နေမယ့်အစား၊ တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို နားလည်ပြီး အစိုးရနဲ့ တပ်မတော်က သဘောထားကြီးကြီးနဲ့ ဆွေးနွေးဖို့ လိုမယ်လို့ ပြည်ပရောက် တိုင်းရင်းသားတွေက ပြောဆိုလိုက်ပါတယ်။
New Year နှစ်သစ်ကူးပွဲတော်ကာလမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက် ခံထားရတာကြောင့် ကမ္ဘာ့နိုင်ငံကြီးတွေမှာ လုံခြုံရေး တင်းကြပ်ထားတဲ့ကြားကပဲ Happy New Year ညကို ဆင်နွှဲခဲ့ကြပါတယ်။
UNFC ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီက ဦးစီးပြီး ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဒီဇင်ဘာ ၂၇ ကနေ ၂၉ ရက်နေ့ထိ အစည်း အဝေးတရပ် ကျင်းပနေပါတယ်။ ဒီလိုကျင်းပရတာဟာ လက်ရှိနိုင်ငံရေးအခြေအနေတွေပေါ် ပြန်လည်သုံးသပ်ဖို့နဲ့ တိုင်းရင်းသားတွေကြား ပိုပြီး စည်းလုံးညီညွတ်မှု ရှိအောင်လို့ ဆိုပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန် KBC ရဲ့ သင်းထောက်ဆရာ ၂ ဦး ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသမှာ ခရစ္စမတ်နေ့ မတိုင်ခင် ပျောက်ဆုံးသွားပြီး အခုအချိန်ထိ ပြန်ရှာမတွေ့သေးဘူးလို့ ကချင်လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရင်အစိုးရလက်ထက် မှာထက်စာရင် ဒီနှစ် ခရစ္စမတ်ကာလဟာ ပိုပြီး စိတ်လွတ်လပ်ပေါ့ပါး ပျော်ရွှင်စရာ ဖြစ်တယ်လို့ မြန်မာ ပြည်တွင်းက ခရစ်ယာန် ဘာသာဝင်တချို့ကပြောဆိုပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေနဲ့ တွေ့ဆုံလိုကြောင်း ဒီရက်ပိုင်းထဲ ထပ်မံကမ်းလှမ်းထားပေမယ့် တဖက်နဲ့တဖက် အလျှော့အတင်း လုပ်ဖို့ လိုနေပါတယ်။
ဒီဇင်ဘာ ၁၉၊ ၂၀၁၆ - ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ စစ်ရဲ့သားကောင်တွေ ဖြစ်နေကြတယ်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ ကချင်ပြည်နယ် အခြေစိုက် လူထုအလင်းရောင်အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်မေရီတွမ် က ပြောဆိုလိုက်ပါတယ်။
ရခိုင်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ပြစ်တင် ဝေဖန်မှုတွေကို ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၉ ရက်တနင်္လာ ဒီကနေ့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဖိတ်ကြားခေါ်ယူ ထားတာပါ။
ကူညီကယ်ဆယ်မှုလိုအပ်နေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များ
ရခိုင်ပြည်နယ် မောင်တောဒေသက အခြေနေမှန်တွေကို သိခွင့်ရဖို့အတွက် ပဋိပက္ခဖြစ်နေတဲ့ဒေသမှာ ရှေ့လာမယ့်အပတ်ထဲ သတင်း ယူနိုင်ဖို့ ပြည်တွင်း ပြည်ပ သတင်းဌာန(၁၃)ခုကို မြန်မာအစိုးရက သွားခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း လက်ရှိအစိုးရလက်ထက် ဘာသာရေးလွတ်လပ်ခွင့်ဟာ အရင်ကထက်တိုးတက်မှု ရှိမရှိဆိုတဲ့အပေါ်မတူတဲ့ အမြင်သဘောထားတွေရှိနေပါတယ်။ အစိရင်ခံစာနဲ့ပတ်သက်လို့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ တိုင်းရင်းသားတချို့ကို ကိုဉာဏ်ဝင်းအောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ လူနည်းစု ခရစ်ယာန် ဘာသာဝင်တွေနဲ့ အခြားလူနည်းစု ရိုဟင်ဂျာ မူဆလင်တွေပေါ် ဖိနှိပ်ခွဲခြား ဆက်ဆံမှုတွေ လုပ်နေတယ်-ဆိုပြီး အမေရိကန် ရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ် ခွင့်ကော်မရှင်က ဒီဇင်ဘာ ၁၃ အင်္ဂါနေ့မှာ အစီရင်ခံစာ၂စောင်ကို တပြိုင်နက်ထုတ်ပြန် လိုက်ပါတယ်။
NCA ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်သွားတဲ့ တပြိုင်နက်ထဲမှာပဲ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေဒီဖြစ်စဉ်တွေမှာ ပါဝင်နိုင်အောင် အစိုးရအနေနဲ့ အမြန်ဆုံး ကြိုးပမ်းသင့်တယ်လို့ နိုင်ငံရေးခေါင်းဆောင်တချို့က တိုက်တွန်းလိုက်ပါတယ်။
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ အာဏာရှစ်စနစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး ရရှိဖို့ တက္ကသိုလ်ကျောင်းသားတွေ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ 10 D လှုပ်ရှားမှု- ငွေရတုအခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ကြပါတယ်။
ဒီဇင်ဘာ ၈၊ ၂၀၁၆ - စီမံကိန်းသက်တမ်း (၈) နှစ် ရှိလာပြီဖြစ်ပေမယ့် အခုမှ ပထမအဆင့်ကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေရတဲ့ ထားဝယ် အထူးစီးပွားရေးဇုန်အကြောင်း ဦးအောင်ခင် က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
"ဒီလိုမျိုး လမ်းပေါ်တက် ဆန္ဒပြတဲ့ ပွဲမှာ ပါဝင်ရုံသာမက ကျနော်တို့နိုင်ငံ ကျနော်တို့ ခေါင်းဆောင်အပေါ် ဝေဖန်ပြစ်တင် ရှုတ်ချတဲ့ဟာအတွက်တော့ ပြောရရင် အာဆီယံ ပေါင်းစည်းမှုအတွက် စိုးရိမ်စရာကောင်းတယ်။"
ရခိုင်ပြည်နယ်တွင်းက လူနည်းစုမူဆလင်တွေ အဖိနှိပ်ခံနေရတယ်ဆိုပြီး မလေးရှားနိုင်ငံဝန်ကြီးချုပ် Najib Razak ကိုယ်တိုင် ဦးဆောင်ဆန္ဒပြခဲ့တာဟာ ဝန်ကြီးချုပ်တယောက်အနေနဲ့ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သုံးသပ်သူတွေရှိနေပါတယ်။
ရခိုင်ပြည်နယ်ကပဋိပက္ခဟာ နှစ်ပေါင်းများစွာ အခြေတည်လာ တဲ့ ပြသနာဖြစ်တဲ့အတွက် အစိုးရက ရခိုင်ပြည်နယ် အရေးကိုဦးစားပေး ဖြေရှင်းနေချိန်မှာ နိုင်ငံတကာအနေနဲ့လည်း စိတ်ရှည် သည်းခံပြီး အကောင်းမြင်တဲ့ ရပ်တည်ချက်နဲ့ မြန်မာအစိုးရကို ပူးပေါင်းကူညီ ပေးဖို့လိုကြောင်း သမ္မတရုံးပြောခွင့် ရသူက ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်